HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ပိုင်နက် ကျူးလွန်မှုဖြင့် ဖမ်းဆီးထားသော အိန္ဒိယ တံငါသည် ၆၈ ဦးကို ပါကစ္စတန် ပြန်လွှတ်ပေး

ကရာချိ၊ အောက်တိုဘာ ၂၉

ရေပိုင်နက်ကျူးကျော်မှုဖြင့် ဖမ်းဆီးထားသော အိန္ဒိယတံငါသည် ၆၈ ဦးကို ပါကစ္စတန်အစိုးရက အောက်တိုဘာ ၂၉ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း အာဏာပိုင်များကပြောကြားသည်။ အာရေဘီယန်ပင်လယ် နယ်စပ်မျဉ်းသည် တိတိကျကျ သတ်မှတ်မထားသည့်အပြင် လှေသင်္ဘောအများအပြားမှာလည်း ခေတ်မီတည်နေရာပြ နည်းပညာများမရှိသဖြင့် အိန္ဒိယနှင့်ပါကစ္စ တန်တံငါသည်များသည် တရားမဝင် ငါးခိုးဖမ်းမှုဖြင့် မကြာခဏ ထိန်းသိမ်းခံရသည်။


''ကရာချိမြို့ ဖလိန်ထောင်က နေ အဲဒီတံငါသည်တွေကို ပြန် လွှတ်လိုက်ပါပြီ''ဟု အဆိုပါထောင်မှ ထိပ်တန်းအာဏာပိုင်တစ်ဦးက AFP ကိုပြောသည်။ ပါကစ္စတန်တွင် အကျဉ်းကျနေသော အိန္ဒိယတံငါသည် ၃၈ဝ ကျော်ရှိနေဆဲ ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေးညံ့ဖျင်းပြီး အုပ်ချုပ်ရေးလိုအပ်ချက်များရှိသဖြင့် တံငါသည်များ ပြစ်ဒဏ်စေ့လျင်သော်မှ ထောင်ထဲတွင် မကြာခဏဆက်နေရလေ့ရှိသည်။ ပိုင်ဆိုင်မှု အငြင်းပွားနေ သော ကက်ရှ်မီးယားဒေသတွင် ယခင်နှစ်က အိန္ဒိယစစ်စခန်းတစ်ခု တိုက်ခိုက်ခံရသည့်အချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားနေသည်။ ကက်ရှ်မီးယားဒေသ စစ် သွေးကြွများကို ပါကစ္စတန်က အားပေးအားမြှောက်ပြုနေသည်ဟု အိန္ဒိယကစွပ်စွဲသည်။ ကက်ရှ် မီးယားဒေသ နှစ်နိုင်ငံနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေရသည်။

 

Ref: AFP

Rate this item
(0 votes)
back to top