HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဗီယက်နမ် မင်းသမီး ပါဝင် သရုပ်ဆောင်ထားသည့် 'တိမ်တိုက်တံတား' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မည်

ဗီယက်နမ် မင်းသမီး ပါဝင် သရုပ်ဆောင်ထားသည့် 'တိမ်တိုက်တံတား' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မည်

ဗီယက်နမ်မင်းသမီး ပါဝင်သရုပ်ဆောင်ထားသည့် 'တိမ်တိုက်တံတား' ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၁၃ ရက်တွင် စတင်ပြသသွား တော့မည်ဖြစ်ကြောင်းသိရသည်။

ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေက ''မြန်မာနိုင်ငံမှာတစ်ခါမှ သရုပ် ဆောင်မလုပ်ဖူးပါဘူး။ ဒီဇာတ်ကားမှာ သရုပ် ဆောင်ရတာလဲ အခက်အခဲအများကြီးမရှိပါဘူး။ သရုပ်ဆောင် ကိုနေတိုးရော ဇာတ်ကားမှာ ပါဝင်တဲ့ အခြားသရုပ်ဆောင်တွေကလဲ အများကြီးအကူအညီပေးကြပါတယ်။ ဇာတ်ကားမရိုက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့ ဇာတ်ကားတွေ အများကြီး ကြည့်ပြီး လေ့လာခဲ့ပါတယ်။ မှန်ရှေ့မှာ ကိုယ်တစ်ယောက်တည်း သရုပ်ဆောင်လေ့ကျင့်ခဲ့ပါတယ်။ ငိုတာတွေ၊ ရယ်တာတွေကိုလဲ မှန် ရှေ့မှာပဲ လေ့ကျင့်ခဲ့ပါတယ်''ဟု ပြောသည်။ 'တိမ်တိုက်တံတား' ရုပ်ရှင်ဇာတ်ကား ကြီးသည် မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် ဗီယက်နမ်မင်းသမီးတို့ ပူးပေါင်းရိုက်ကူးထား သော ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်သည်။


'တိမ်တိုက်တံတား' ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာသြရသမှ ရိုက်ကူးပုံဖော် ထားပြီး သရုပ်ဆောင် နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ၊ ငုယင်ထရန်ဟုရန်မေတို့ အဓိက ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။ ''ဒီဇာတ်ကားလေးမှာ ထူးခြားချက်က နေရာရှုခင်းတွေ၊ နောက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တကယ်ကျရောက်နေတဲ့ ရာသီဥတု သဘာဝဘေးအန္တရာယ်တွေကို ထည့်သွင်းပြသထားပါတယ်။ မိုးသီးကြွေတာတွေ၊ ငလျင်လှုပ်တာတွေကို ထည့်သွင်းထားပါတယ်။ ပရိသတ် တွေအနေနဲ့ သရုပ်ဆောင်တွေကို ကြည့်ရတာ သဘာဝတော်တော်ကျမယ်လို့ထင်ပါတယ်''ဟု သရုပ်ဆောင်နေတိုးက ပြောသည်။ ယင်းဇာတ်ကားကို 7 SENSE Productionမှ စီစဉ်ထုတ်လုပ်ခြင်းဖြစ်သည်။

NN

#theyangontimes

Rate this item
(0 votes)
back to top