HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Harry Potter ရုပ်ရှင်များကို အသစ်ပြန်လည်ရိုက်ကူးမှု ရှိလာနိုင်ကြောင်း မင်းသား ဒန်နီယယ်ရက်ကလစ်ဖ် ပြောဆို

Harry Potter ရုပ်ရှင်များကို  အသစ်ပြန်လည်ရိုက်ကူးမှု ရှိလာနိုင်ကြောင်း မင်းသား  ဒန်နီယယ်ရက်ကလစ်ဖ် ပြောဆို

လန်ဒန်၊ ဖေဖော်ဝါရီ ၁၃

မင်းသား ဒန်နီယယ်ရက်က လစ်ဖ်က ''Harry Potter'' ရုပ်ရှင်များကို ပြန်လည်ရိုက်ကူးမည့် အစီအစဉ်အကြောင်း ပြောကြားခဲ့သည်။ မင်းသားက ''Harry Potter and the Cursed Child'' အမည်ရှိ ပြဇာတ်အထိ ပြောင်းလဲနိုင်ခဲ့သော ရုပ်ရှင်များတွင် ပါဝင်ခဲ့သည့်အကြောင်းကို IGN မီဒီယာထံ ပြောဆိုခဲ့သည်။

မင်းသား ရက်ကလစ်ဖ်က ''အဲဒီလိုမျိုး နောက်ထပ်ဗားရှင်းရှိလာမှာပါ။ ကျွန်တော့်ရဲ့ ဘဝသက်တမ်းမှာ ကျွန်တော်ဟာ နောက်ဆုံးဟယ်ရီ ပေါ်တာမဟုတ်ပါဘူး။ နောက်ထပ် ရုပ်ရှင်နည်းနည်းတော့ ရှိလာဦးမှာပါ။ ဒီ ရုပ်ရှင်တွေဟာ ဘယ်အချိန်အထိ ရှိနေနိုင်ဦး မယ်ဆိုတာကို စောင့်ကြည့်ဖို့ဆိုတာ စိတ်ဝင်စား ဖို့ကောင်းပါတယ်။ အဲဒီ့ရုပ်ရှင်တွေကို Roboot သဘောမျိုးနဲ့ အစကနေအဆုံး ပြန်ရိုက်မယ်ဆိုရင်၊ ရုပ်ရှင် ဒါမှမဟုတ် စီးရီးဖန်တီးမယ်ဆိုရင် ကျွန် တော်က စောင့်ကြည့် ဦးမှာပါ''ဟု ပြောဆိုခဲ့သည်။


ထို့ပြင် နောက်ထပ် နောက်ဆက်တွဲရုပ်ရှင်တွင် ပါဝင်မည့်အကြောင်းနှင့် ပတ်သက်၍လည်း ပြောဆိုခဲ့သည်။ မင်းသားက ''ဇာတ်ညွှန်း ကောင်းမယ့် ဘယ်ဇာတ်လမ်းမှာမဆို ကျွန်တော် ပါဝင်မှာပါပဲ။ နောက်ထပ်အဆက်ဇာတ်လမ်းမှာ ပါဝင်ဖို့ ကျွန်တော့်မှာ အတွေ့အကြုံ လုံလုံ လောက်လောက် ရှိနေတာကိုတောင် တချို့ဒါရိုက်တာတွေက ကျွန်တော့်ကိုသုံးဖို့ ဘာလို့ ချီတုံချတုံဖြစ်နေရသလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ တကယ်လို့ ပါဝင်ရမယ်ဆိုရင် ပျော်ရွှင်မိမှာပါ''ဟု ပြောဆိုခဲ့သည်။


Cursed Child  ပြဇာတ်ကို ကြည့်ဖြစ်မည် မဟုတ်ကြောင်း အမေရိကန်ဟာသသရုပ်ဆောင် ဆက်မေယာကိုပြောဆိုခဲ့ပြီးနောက် မင်းသားရက် ကလစ်ဖ်၏ ယင်း အင်တာဗျူး ထွက်ပေါ်လာခြင်း ဖြစ်သည်။ မင်းသားက ''ကျွန်တော့်ကို တော် တော်လေးမေးကြတယ်။ ပျင်းဖို့ကောင်းတဲ့ မေးခွန်း ပဲ အမေးခံရတယ်။ ကျွန်တော်ကတော့ကြည့်မှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာကြည့်ဖို့ အစီအစဉ် လည်း မရှိပါဘူး။ ပြီးတော့ ညနေခင်းမှာ ပြဇာတ် ကို အပန်းဖြေကြည့်တဲ့ ပုံမျိုးလည်းပေါက်မှာ မဟုတ်ပါဘူး''ဟု ပြောဆိုခဲ့ဖူးသည်။ 

Ref: Etcanada

#democracytoday

Rate this item
(0 votes)
back to top