HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော အပေါ့စား ကားငယ်များ ထုတ်လုပ်မည်

အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော အပေါ့စား ကားငယ်များ ထုတ်လုပ်မည်

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၃

ဂျပန်နှင့် ဥရောပသမဂ္ဂတို့ဦး ဆောင်သော နိုင်ငံပေါင်း ၄ဝ တို့သည် အပေါ့စားကားများကို ထုတ် လုပ်ရာတွင် အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော ကားများကို နောက်နှစ်မှစတင်ကာ ထုတ် လုပ်တော့မည်ဟု ဖေဖော်ဝါရီ ၁၃ ရက် သတင်းများအရ သိရှိရသည်။

ယင်းနိုင်ငံ ၄ဝ တို့တွင် အမေ ရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ မပါဝင်ဟု သိရှိရသည်။ ယင်းစနစ်အရ ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ချင်း အလိုအလျောက် ဘရိတ်ဖမ်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။ သို့သော်ယာဉ်သည် တစ်နာရီကီလိုမီတာ ၆ဝ (၄၂)မိုင်ထက် မကျော်သော အရှိန်ရှိနေရမည်ဖြစ်သည်။ ဈေးကွက်ထဲ၌ လုံးဝမရောင်းချရသေး သော ယာဉ်သစ်ဖြစ်ရမည်။ ယင်း ကားသစ်များကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ ထုတ်လုပ်ရန် ကုလသမဂ္ဂက ညှိနှိုင်းထားပြီးဖြစ်သည်ဟု မော်တော် ယာဉ်များ အန္တရာယ်ကင်းရှင်းရေး အဖွဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဂျက်ဆန်လီဗိန်းက ထုတ်ဖော် ပြောဆိုလိုက်သည်။

Ref:AP

#democracytoday

Rate this item
(0 votes)
back to top