Beta


 

Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Most Popular Articles » တိုးတိုးလေးလောက်နှင့် စကြရအောင်

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

တိုးတိုးလေးလောက်နှင့် စကြရအောင်

အစပိုင်း အယ်ဒီတာ့ဒိုင်ယာရီတစ်ပုဒ်မှာ ခင်မောင်ရင်၊ ကျော်ဆွေ၊ ဇော်ဝမ်း၊ ပြီးတော့ ရာဇာနေ၀င်း ဟူသည့် ခေါင်းစဉ်ဖြင့် မျိုးဆက်တစ် ဆက်နှင့်တစ်ဆက်အကြား နားလည်မှု တည် ဆောက်ခြင်းကို ကျွန်တော် ရေးခဲ့သည်။ ထိုသို့ ရေးပြီးနောက်ပိုင်းမှာ ကျွန်တော်ကိုယ် တိုင်ရော လိုက်နာမှု ဘယ်လောက်များရှိခဲ့ပါသနည်း ပြန်ဆန်းစစ်မိသည်။ ထိုစာရေးသည့်အချိန်ကို ပြန် တွက်ကြည့်လျှင် သုံးလေးနှစ်မ ကပြီ။ ရှက်ရှက်နှင့်ဝန်ခံရလျှင် ခေါင်းခါမိမည် သေချာသည်။ အဲသည်တုန်းက ရုပ်ရှင်တွေအကြောင်း တွေးမိခြင်းဖြစ်သည်။ ယခုတွေးမိ သည်မှာ ဂီတနှင့်ပတ် သက်နေလေသည်။

            ကျွန်တော်က ဂီတကိုနှစ်သက်သည်။ သီချင်းတွေကို ကြိုက်သည်။ အဆိုတော်တစ် ယောက် မဖြစ်ချင်သော်လည်း သီချင်းဆိုရ သည်ကိုမူ အလွန်ဝါသနာပါသည်။ သို့သော် ခက် သည်က ကျွန်တော်ဆိုသည့်သီချင်းတွေမှာ ဟိုခေတ်က ကာလပေါ်ဟုသိကြသည့် အနှစ်(၂၀) ထက်မက ဟောင်းနေသော တေးအိုများသာဖြစ်နေသည်။ ကိုမြကြီး၏ ‘မိုး’ကဲ့သို့သော သီချင်း မျိုး၊ ၀င်းဦး၏ ‘ရွှေအင်းဝ’လို သီချင်းမျိုးကအစ စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွတ်၊ စန္ဒရားထွန်း ညွန့်တို့၏ တေးများအလယ် လွှမ်းမိုးတို့၊ အောင်ရင်တို့အဆုံး သီချင်းအေးအေးများကို ကျွန် တော်က သဘောကျသည်။ ထိုမြန်မာသံတေးများသည်သာ ရသပါသည်၊ ခံစားချက်ကို ထိထိ မိမိ ဖွဲ့နိုင် စွမ်းသည်ဟု ယုံကြည်ထားသည်။ ထိုသီချင်းများသည် ကဗျာဆန်သည်၊ ဂီတဆန် သည်ဟု ထင်ထားသည်။ ထိုသီချင်းများသည် အနုပညာမြောက်သည်ဟု အစွဲထားသည်။

            လူစုံ၍ သီချင်းဆိုကြသည့်အခါတိုင်း ကျွန်တော်က အဲဒီသီချင်းတွေကိုသာ ရွေးဖွင့်ဆို ဖြစ်ရာ ကျန်သူများ ပြုံးစိစိဖြစ်ကြသည်။ ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော်က ခေတ်ပေါ်ဟစ် ဟော့သီချင်းမျိုးကို ဘယ်လိုမှခံစားမရ။ ကျွန်တော်နှင့်ရွယ်တူတချို့ ဟစ်ဟော့တွေ ထဟစ် သည့်အခါ ကျွန်တော်က အံ့အားသင့်ရသည်။ သူတို့ ဒီလိုသီချင်းမျိုးကို ခံစားသီဆိုနိုင်သည်ကို ကျွန်တော့်စိတ်နှင့် ဘယ်လိုမှ စဉ်းစားကြည့်လို့မရဖြစ်ရသည်။

            အလုပ်မှ မောမောနှင့် အိမ်ပြန်ရောက်သည့်အခါ အိမ်ထဲစ၀င်သည်နှင့် ကြားရသည်က ခေတ်လူငယ်လေးတွေသီဆိုသည့် ဟစ်ဟော့သီချင်းသံများသာဖြစ်သည်။ သမီးက ထိုသီချင်း တွေကို လိုက်အော်ဆိုတတ်သည်။ “နားညည်းတယ်ကွာ၊ ပိတ်ထားလိုက်”ဟု ကျွန်တော်က ခပ်မာမာပြောမိသည်။ သမီးက မကျေမနပ်ဖြင့် ကက်ဆက်ကိုပိတ်သည်။ ကျွန်တော် မကြိုက် သဖြင့် ကျွန်တော်က ပိတ်ပင်လိုက်ခြင်းသာ ဖြစ်သည်။ ရုံးမှာဆိုလည်း ထိုနည်းနှင်နှင်ပင်၊ တပည့်တွေက ထိုသီချင်းတွေကို စွဲစွဲလမ်းလမ်း ဖွင့်တတ်သည်။ အကျယ်ကြီးဖွင့်တတ်သည်။ “ပိတ်ပေးကြပါကွာ”ဟု ကျွန်တော်က တားယူရသည်။ ကျွန်တော့်ကို ကြောက်လို့သာ သူတို့က သီချင်းတွေပိတ်လိုက်မည်။ စိတ်ထဲက ကျေနပ်ကြမည်မဟုတ်ဟု ကျွန်တော် သိနေသည်။ တချို့ဆိုလျှင် ဒိတ်အောက်နေတဲ့လူကြီးဟုပင် တီးတိုးပြောချင်ပြောကြမည်။ ကိစ္စမရှိ၊ ကျွန် တော် မကြားချင်သည်ကို မကြားရရင်ပြီးရော ကျွန်တော်သဘောထားခဲ့သည်။

            ထို့ကြောင့်ပင် သီချင်းများနှင့်ပတ်သက်လာလျှင် အိမ်မှာရောရုံးမှာပါ ကျွန်တော်နှင့် သမီးအကြား၊ ကျွန်တော်နှင့် တပည့်များအကြားမှာ မကျေမလည်အမြဲဖြစ်ရသည်။ တစ်ခါ တစ်ခါ ပဋိပက္ခအသွင်ပင် ဆောင်ချင်ဆောင်သွားနိုင်သည်။

             အဲသည်အချိန်မှာ ကျွန်တော်က ကိုယ်တိုင်ရေးခဲ့သည့် ခင်မောင်ရင်၊ ကျော်ဆွေ၊ ဇော် ၀မ်း၊ ပြီးတော့ ရာဇာနေ၀င်း ဟူသည့် စာတိုတစ်စကို ပြန်သတိရလာသည်။ မျိုးဆက်တွေကို နားလည်ဖို့ ကျွန်တော်ရေးခဲ့ခြင်းဖြစ်သည်။ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး နည်းနည်းပါးပါး အသိဝင် လာသည်။ တကယ့်ကို နည်းနည်းပါးပါးသာဖြစ်ပါသည်။ ကျွန်တော် သူတို့ကိုနားလည်ပေးဖို့ အတော်လိုသေးပါလားဟု ကိုယ့်ကိုယ်ကို ပြန်သတိပေးမိလာသည်။

ကျွန်တော်တို့က လောကကြီးမှာ ကိုယ်ဖြစ်ချင်တာတွေပဲ ဖြစ်ချင်နေကြသည်။ ကိုယ် ကြားချင်တာတွေပဲ နားထောင်ချင်ကြသည်။ ကိုယ်မြင်ချင်တာတွေပဲ ရှုစားလိုနေကြသည်။ ကိုယ်မဖြစ်ချင်တာတွေ မဖြစ်စေရ၊ ကိုယ်မကြားချင်တာတွေ မဆိုမပြောရ၊ ကိုယ်မမြင်ချင်တာ တွေ မြင်ကွင်းမှာ မရှိစေရဟူသည့် ကိုယ့်အတ္တနှင့်ကိုယ်ယှဉ်ပြီး ရချင်၊ ဖြစ်ချင်နေကြပါလားဟု အသိတရား နည်းနည်းပါးပါးရလာခြင်းသာဖြစ်ပါသည်။

            အိမ်ပြန်ရောက်သည့်အခါ သမီးဖွင့်သည့်သီချင်းတွေကို ကျွန်တော် နားထောင်နိုင် အောင် ကြိုးစားရဦးမည်။ ရုံးရောက်လျှင် တပည့်တွေနှင့်အတူ လိုက်ပြီး ဟစ်ဟော့နိုင်ဖို့ ကျွန် တော် ပြင်ဆင်ရဦးမည်။

            လောလောဆယ်တော့ အဲသည်အဆင့်ထိ ကျွန်တော် မရောက်နိုင်သေးသည်ကို ကိုယ့် ကိုယ်ကို ဝေဖန်ရပါမည်။ ခေတ်ကာလသီချင်းတွေကို ကျွန်တော် မကြိုက်သည့်တိုင်၊ ခံစားလို့ မရသည့်တိုင် ထိုသီချင်းသံတွေကြားသည့်အခါ အရင်ကလို ပိတ်ပစ်လိုက်ပါကွာဟုတော့ ကျွန် တော် မပြောတော့ပါ။

            “ခပ်တိုးတိုးလေးဖွင့်ပါကွာ”ဟုတော့ ကျွန်တော် တစ်ထစ်လျှော့လာနိုင်ပါပြီ။

ကိုကို(စက်မှုတက္ကသိုလ်)
 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits:

Powered By: CREATIVE Web Studio