Beta


 

Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Most Popular Articles » လူငယ်များနှင့်စကားပြောခြင်း

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

လူငယ်များနှင့်စကားပြောခြင်း

ဟေ့ကောင် ... မင်းဘာကောင်လဲ
ယနေ့ခေတ်လူငယ်များနှင့် ကျွန်တော် မကြာခဏ စကားဝိုင်းဖွဲ့ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် လူငယ်ဘ၀ကိုဖြတ်သန်းလာပြီး လူငယ်ဘ၀ကို မြတ်နိုးသူဖြစ်သည်။ ထို့ကြောင့် လူငယ်တွေကို ကျွန်တော် စိတ်ဝင်စားသည်။ လူငယ်တွေကို ကျွန်တော်ချစ်သည်။ လူငယ်တွေကို တန်ဖိုးထားသည်။ လူငယ်တွေတိုးတက်တာကို မြင်ချင်သည်။ လူငယ်တွေအကြောင်းကို သိချင်သည်။ ကျွန်တော်သိ တာတွေကို လူငယ်တွေကို ပြောပြချင်သည်။ သို့နှင့် လူငယ်များနှင့် မကြာခဏစကားပြောဖြစ်သည်။ လူငယ်များနှင့်စကားပြောတိုင်း သူတို့မျက်နှာကို စေ့စေ့ကြည့်ကာ ကျွန်တော်သိပ်မေးချင်သည့်စကားတစ်ခွန်းရှိသည်။ ဟေ့ကောင် ... မင်းဘာကောင်လဲ

ကျွန်တော့်မေးခွန်းက ရိုင်းနေသလား... ဟုတ်ကဲ့၊ သည်မေးခွန်းမျိုးအမေးခံရလျှင် နားရွက်တွေ ထူပူသွားမည်။ မျက်လုံးတွေ ပြာဝေ သွားမည်။ အသားတွေ ဆတ်ဆတ်တုန်သွားမည်။ လူငယ်တိုင်း သည်အမေးကိုကြားလျှင် ဒေါသနှင့်ဆူဝေသွားမည်မှာ သေချာသည်။ ဟေ့ကောင်ဆိုသည်မှာ  ရန်စနှိုးဆွခြင်း။ မင်းဘာကောင်လဲဆိုသည်မှာ စိန်ခေါ်ခြင်း။ ကျွန်တော်တို့ငယ်ငယ်လူငယ်ဘ၀က ဟေ့ ကောင်...မင်း ဘာကောင်လဲ..}ဟုမေးလာလျှင် အေး. ငါဘာကောင်လဲဆိုတာ မင်းသိချင်လား... ကဲသိပြီလား..} ဟု

လက်သီးနှင့်တုံပြန်မှာ သေချာသည်။ သည်အမေးက လူငယ်များ၏ သတ္တိနှင့်စွမ်းရည်ကို စိန်ခေါ်သည့်အမေးဖြစ်သည်။ သည်အမေး မျိုးမေးလာလျှင် မေးခွန်းမဆုံးခင် လက်သီးစွမ်းပြနိုင်မှ လူငယ်ပီသမည်။ လူငယ်တိုင်း သတ္တိရှိသည်။ စွမ်းရည်ရှိသည် မဟုတ်ပါလား။ ယခု ၂၀၀၈ခနု စှ ၌် ကျွန်တော်အသက် (၆၀) ပြည့်သည်။ လူငယ်တစ်ဦးမဟုတ်တော့။ လူကြီးတစ်ဦးဖြစ်နေပြီ။ ကျွန်တော့်လို ၅၀ကျော် ၆၀တန်းလူကြီးတစ်ဦးအား ဟေ့ကောင် ...မင်း ဘာကောင်လဲ... ဟုမေးလာလျှင် ကျွန်တော်၏သတ္တိနှင့်စွမ်းရည်ကို လက်သီး နှင့် တုံ့ပြန် ရမည့် အရွယ်မဟုတ်တော့။ အေးဆေးညင်သာစွာ စကားနှင့်သာ မိမိ၏သတ္တိနှင့်စွမ်းရည်ကို တုံ့ပြန်ရတော့မည်ဖြစ်သည်။ ကျွန်တော် တို့ လူကြီးများကို ..

ဟေ့ကောင် မင်း ဘာကောင်လဲ ဟုမေးလာလျှင် ငါစာရေးဆရာကွ ငါ ရုပ်ရှင်ဒါရိုက်တာကွငါ တရားရုံးချုပ်ရှေ့နေကွငါ ကျောင်းဆရာ ကွငါ ဆရာဝန်ကွငါ အင်ဂျင်နီယာကွ ငါ ကုမ္ပဏီက MD ကွ ငါ လုပ်ငန်းပိုင်ရှင်ကွဟု ခပ်ထည်ထည်ဖြေကြမည်။ ကျွန်တော်တို့အရွယ် တွင် ကျွန်တော်တို့၏သတ္တိနှင့်စွမ်းရည်ကို ကျွန်တော်တို့ဂုဏ်ပုဒ်ဖြင့် တုံ့ပြန်ကြရမည်ဖြစ်သည်။ ကျွန်တော်တို့ ဂုဏ်ပုဒ်ဆိုသည်မှာ ကျွန်တော်တို့၏ အလုပ်ပင်ဖြစ်သည်။ သည်အသက် သည်အရွယ်မှာ ဟေ့ကောင် မင်းဘာကောင်လဲဟူသော အမေးကို အဖြေရှိဖို့လို သည်။ ကိုယ့်ကိုယ်ကို ဘာကောင်မှန်းမသိဘဲ အချိန်ကုန်၍ အဖြေမရှိသောဘ၀နှင့်နိဂုံးချုပ်ရလျှင် ဘ၀သည် တန်ဖိုးမဲ့ချေမည်။ဟိုဟာ လုပ်သလိုလို ဒီဟာလုပ်သလိုနဲ့ အချိန်တွေကုန်ခဲ့ဖူးသည်။ ဟိုယောင်ယောင် သည်ယောင်ယောင်ယောင်နဲ့လည်း အချိန်တွေ ကုန်ခဲ့ဖူးသည်။ ဟိုဟာလုပ်သလိုလို သည်ဟာလုပ်သလိုလိုနှင့် အချိန်တွေကုန်ခဲ့ဖူးသည်။ ယခုပြန်တွေးပြီး ကုန်ခဲ့သည့်အချိန်တွေ နှမြောနေသော်လည်းပြန်မရတော့။ ကျွန်တော့်လူငယ် ဘ၀ကို ခုမှပြန်ပြင်၍မရတော့။ လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က ကျွန်တော့် အသက် ၄၀အရယွ ၊် ပြောရလျှင် လငူ ယဘ် ၀ကနု ၍် လလူ တပ် ငိုး ရောကေ် နပြ။ီ ထစို ဥက်ကျွန်တော့်စိတ်တွေ ထွေပြားနေသည်။ အနုပညာသမားလိုလို၊ ရှေ့နေလိုလို၊ နိုင်ငံရေးသမားလိုလို။ ကျွန်တော်လျှောက်ချင်သည့်လမ်းတွေက ထွေပြားနေသည်။ ထိုအချိန် ထိုကာလတွင် ကျွန် တော်အသိတရားတစ်ခုရခဲ့သည်။ ကျွန်တော့်ဘ၀အတွက် လမ်းတစ်ခုခုကို အတိအကျရွေးရမည်။

သို့နှင့်ပင် ကျွန်တော့်ကိုယ်ကျွန်တော်မေးကြည့်သည်။ဟေ့ကောင် မင်းဘာကောင်လဲ ကျွန်တော်တုန်လှုပ်သွားသည်။ ကျွန်တော့်မှာ တတိ ကျိကျအဖြေမရ။ှိ စာရေးဆရာဆလို ည်း ဟတု သ် လိုလို၊ ရှေ့နေဆိုလည်း ဟုတ် သလိုလို၊ ရုပ်ရှင်သမားဆိုလျှင်လည်း ဟုတ်သလိုလို။ နောက်ဆုံးတော့ ရုပ်ရှင်လမ်းကို ကျွန်တော်ရွေးခဲ့သည်။ ရုပ်ရှင်လမ်းကိုသာ ဖြောင့်တန်း

စူးနစ်စွာလျှောက်ခဲ့သည်။ သို့နှင့် တစ်ခုသောပန်းတိုင်ကိုရောက်ခဲ့သည်။ အလင်္ကာရုပ်ရှင်ထုတ်လုပ်ရေးကို ကိုယ်ပိုင်ထူထောင်၍ နော်ရင်မွှေး ဆေးရောင်စုံရုပ်ရှင်ကားကြီးကို ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးကာ မင်းသမီး စိုးမြတ်သူဇာအတွက် ပထမဆုံးရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ရေစွှ ငရ် ပု တ် ကို ဆတွ ခ်ူး ပေးနငို ခ် သဲ့ ည။် ကျွနေ် တာအ့်ား ]မင်း ဘာကောငလ်  ဟေု မးလျှင်ရုပ်ရှင်ဒါရိုက်တာ ဟု အဖြေပေးခွင့်ရခဲ့သည်။ကျွန်တော့်ဆရာသခင်များက ကျွန်တော့် မနောစိတ်ကို အမြဲဆန်းစစ်ကာ ]ဟေေ့ ကာင် မင်းဘာကောငလ် ဟေ့ ကာင်မင်းဘာ ကောင်လဲဟေ့ကောင် မင်းဘာကောင်လဲ}အမေးများကို ယနေ့တိုင်မေးနေဆဲ ဖြစ်သည်။ ထိုအဖြေကို သတ္တိရှိရှိစွမ်းရည်ပြည့်ပြည့်ဖြေဆိုနိုင်ရန် ယနေ့အချိန်အထိ ကြိုးစားနေရဆဲလည်းဖြစ်သည်။

လူ့ဘ၀ရှင်သန်ခြင်းမှာ လောကဓံ၏စိန်ခေါ်မှုကို ကြံ့ကြံ့ခံနိုင်ဖို့ဖြစ်သည်။ လောကကြီး၏စိန်ခေါ်မှုကို သတ္တိစွမ်းရည်အပြည့်နှင့် တုံ့ပြန် အနိုင်ယူရန်ဖြစ်သည်။ လောကဓံကြိုးဝိုင်းအတွင်း၌ ကျွန်တော်အကြိမ်ကြိမ်နဖူးကွဲဒူးပြဲ အလူးအလဲရှုံးနိမ့်ခဲ့ဖူးသည်။ ထိုရှုံးနိမ့်ချိန်တိုင်း မိမိကိုယ်မိမိ ဟေ့ကောင် မင်းဘာကောင်လဲ မေးပြီး သတ္တိမွေးကာ လောကကြီးကို အံခဲတုံ့ပြန်ခဲ့ရသည်။ ကျွန်တော်ချစ်သည့်လူငယ်တွေကို ကျွန်တော်မေးခွန်းတွေမေးချင်သည်။ လူငယ်တွေရင်ထဲမှာ အဖြေတွေရှိစေချင်သည်။ လူငယ် အချင်းချင်းလည်း မေးကြည့်စေချင်သည်။ ကိုယ့်ကိုယ်ကိုလဲမေးပြီး အဖြေထုတ်ကြည့်စေချင်သည်။ ဟေ့ကောင် မင်းဘာကောင်လဲ။

 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits:

Powered By: CREATIVE Web Studio