Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » ရိုးရာဓလေ့၊ ရိုးရာအလှနှင့် တင့်တယ်လှပ ထားဝယ်ရိုးရာအက . . . (၂)

 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 


ရိုးရာဓလေ့၊ ရိုးရာအလှနှင့် တင့်တယ်လှပ ထားဝယ်ရိုးရာအက . . . (၂)

 



ထားဝယ်သားတစ်ဦးမဟုတ်ပေမယ့် ထားဝယ်တိုင်းရင်းသားတွေအပေါ်နဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေ
အပေါ်မှာ သံယောဇဉ်ရှိခဲ့တယ်။ ထားဝယ်တိုင်းရင်းသားရိုးရာဓလေ့တွေ အများကြီး ထဲက ထားဝယ်ရိုးရာအကကို လွန်ခဲ့တဲ့ဆယ်စုနှစ်
နှစ်စုနီးပါးကတည်းက နိုင်ငံ့လုပ်ငန်းတာဝန်တွေ ထမ်းဆောင် ရင်း၊ လုပ်ငန်းကိစ္စနဲ့ပတ်သက်ဆက်စပ်ခဲ့တဲ့အချိန်ကတည်းက
ရင်းနှီးကျွမ်းဝင်ခဲ့တာဟာ ထားဝယ်သားတစ်ယောက် ဖြစ်မသွားရုံတမယ်ပါဘဲ။
ထားဝယ်ရိုးရာအကကို တန်ဖိုးထားစိတ်ဝင်စားမိရင်းက ထားဝယ်ရိုးရာအကအကြောင်းတွေကို လေ့လာ မိတယ်။ စူးစမ်းမိတယ်၊
မေးမြန်းတီးခေါက်ကြည့်မိတယ်၊ မြန်မာပြည်မြေလတ်ပိုင်းနဲ့ အထက်ပိုင်းကသူတွေ အလှမ်း ဝေးနေတဲ့ မြန်မာပြည်အောက်ပိုင်းက
ထားဝယ်ရိုးရာယဉ်ကျေးမှုအကြောင်းအရာတွေကို အဲဒီဒေသကသူတွေ သိစေချင်တဲ့ဆန္ဒနဲ့ လေ့လာမေးမြန်းမိသမျှတွေထဲက
ထားဝယ်ရိုးရာအကဖြစ်တဲ့ သရက်ချောင်းမြို့က ရေအိုးရွက် အကကို အရင်တစ်ပတ်က တင်ပြခဲ့ပြီးဖြစ်ပါတယ်။
အခုတစ်ပတ်မှာလည်း စိတ်ဝင်စားပြီး ထူးခြားဖွယ်ရာကောင်း တဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုအကြောင်းအရာများစွာထဲက စိတ်
ဝင်စားဖွယ်ရာကောင်းတဲ့ ထားဝယ်ရိုးရာအကအကြောင်းလေးတွေ ကို ထပ်မံပြီးတော့တင်ပြဖို့ စဉ်းစားမိရင်း ဒုတိယအကြိမ်အနေနဲ့
ထားဝယ်ရိုးရာအကအကြောင်းအရာတွေကို ဆက်ပြီး ရေးသားဖြစ်ခဲ့ ရတယ်။
၁၁၃ခုနှစ် သာဂရမြို့တည် သမန္တရာဇာမင်းလက်ထက်မှ စပြီး ကောဇာသက္ကရာဇ် ၁၁၁၆ခုနှစ်မှာ မင်းနဲလှမင်းဟာ ထားဝယ် မြို့ကို
တည်ထောင်ပြီး ထားဝယ်ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ပွဲတော်တွေ၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုတွေ၊ ဓလေ့ထုံးစံအသုံးအနှုန်း တွေ၊
စကားအပြောအဆိုတွေ၊ အဆို၊ အက၊ အရေး၊ အတီးတွေကို မပျက်စီးအောင် မျိုးစေ့ချပျိုးထောင်ပေးခဲ့တာဟာ ယနေ့ခေတ်ထိတိုင်
အောင် မပျောက်မပျက်စီးဘဲတည်ရှိနေတာဟာ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
ရိုးရာယဉ်ကျေးမှုပွဲတော်ကို သူ့ရက်နဲ့သူ့လ အလိုက် နှစ်စဉ်မပြတ်၊ ရိုးရာမပျက် ကျင်းပလေ့ရှိကြ တယ်။
ထားဝယ်တိုင်းရင်းသားတို့ရဲ့ ၀တ်စားဆင်ယင် ထုံးဖွဲ့မှု၊ စကားအသုံးအနှုန်းအဆို၊ အကများ၊ တူရိယာ အတီးအမှုတ်တွေဟာ
ထားဝယ်ရိုးရာအက သုံးမျိုးဖြစ် တဲ့ အယိုင်အက၊ ယမ်းအက၊ အိုးစည်အကတွေဟာ ထားဝယ်ဒိန်းသံနဲ့အတူ အခမ်းအနားပုံစံကို
လိုက်ပြီး ကပြ၊ သီဆို၊ တီးမှုတ်၊ ၀တ်ဆင်သုံးနှုန်းပြီး တင်ဆက် ကပြရတဲ့အခြေခံကျတဲ့ အကတွေဖြစ်တယ်။ အယိုင် အကကို
ရှေးဘုရင်မင်းတွေလက်ထက် မင်းခမ်းမင်း နားတွေမှာ ဒိန်းသံစဉ်တွေနဲ့အတူ ရောနှောလို့ နွဲ့နှောင်း ယိမ်းယိုင် ကပြရတဲ့အက
ဖြစ်တယ်။ ယမ်းအကကတော့ လက်ဖ၀ါးကို အပြားလိုက်ချပြီး ဘယ်ညာယမ်းကရတဲ့ အကမျိုးဖြစ်တယ်လို့ လေ့လာသိရှိရတဲ့အပြင်
အိုးစည် အကဟာလည်း ကောက်စိုက်ပြိုင်ပွဲ၊ အောင်ပွဲရအခမ်း အနား၊ ကြိုဆိုပွဲနဲ့ လူထုအခမ်းအနားတွေမှာ ကပြဖျော် ဖြေကြတယ်
ဆိုတာကို ကြည့်ရင် ထားဝယ်ရိုးရာ အက တွေဟာ သူ့နေရာနဲ့သူ ခွဲခြားကပြရတဲ့ ထူးခြားတဲ့ ရိုးရာအကတွေပါပဲ။ ...
ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကတွေဟာ ဒိန်းသံစဉ်တွေနဲ့အတူ ဇာတ်လမ်းဆန်ဆန် ဒဏ္ဍာရီ ဆန်ဆန်၊ ပုံပြင်ဆန်ဆန်
ရှေးအစဉ်အဆက် ယုံကြည် ကိုးကွယ်မှုဖြစ်စဉ်တွေကို အခြေခံပြီး ထားဝယ်သံ ၀ဲဝဲ လေးနဲ့ မြေလတ်နဲ့တောင်ပေါ်သားတွေ
နားလည်ရ ခက်ခဲအောင် သီဆိုကပြဖျော်ဖြေတတ်ကြတဲ့ သူတို့ရဲ့ အကနဲ့အလှအပြုံးတို့ ရောစပ်ထားတဲ့ ရိုးရာတေးသီချင်း
သံစဉ်တွေဟာ စိတ်ဝင်စားမှုကောင်းပြီး ဆွဲဆောင်မှု အပြည့်ရှိတယ်ဆိုတာ ကြည့်ဘူးမြင်ဖူးသူတိုင်းသိမှာပါ။
စိတ်ဝင်စားဖွယ်ရာကောင်းပြီး ဆွဲဆောင်မှု အပြည့်ရှိလှတဲ့ ဒိန်းသံစဉ်နဲ့ ထားဝယ်ရိုးရာတေးသီချင်း တွေကို ရှေးအစဉ်အဆက်ကစပြီး
ဒီကနေ့ခေတ်ထိ တိုင်အောင် အဆင့်ဆင့် လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့ပုံမှာလည်း စိတ်ဝင်စားဖွယ်ရာ တစ်ရပ်ဖြစ်လို့
နေပြန်တယ်။ သက္ကရာဇ် ၁၂၀၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆရာကြီးဦးဒိုက်ဟာ အခြားဇာတ်ပွဲတွေနဲ့အပြိုင် ဒိန်း ပွဲတွေကို
ကျင်းပလာခဲ့ရာမှာ ဦးဒိုက်ရဲ့ ဒိန်းသီချင်းတွေ ဟာ လူကြိုက်များလာခဲ့ရတယ်၊ ဦးဒိုက်ကို မသမာသူ လူတစ်စုက မျက်နှာကို
တုတ်နဲ့အသေရိုက်ရာ ကံ ကောင်းလို့ အသက်မသေခဲ့သော်လည်း မျက်လုံးနှစ် လုံး အလင်းကွယ်ခဲ့ရရှာတယ်။ မျက်လုံးမမြင်ခဲ့သော်
လည်း သူဟာ ဇွဲမလျှော့ဘဲ ကြားသမျှ၊ တွေးမိသမျှ တွေကို ဒိန်းသီချင်း စပ်ဆိုခဲ့ပြန်တယ်။ ဒိန်းသီချင်းဆို တာ အသံလေးလေးနဲ့
ရှေးကျကျသီဆို ကြရတယ်။ ဦးဒိုက်ကွယ်လွန်သွားပြီး နောက်မှာတော့ ကျောင်းဆရာ ကြီးတစ်ဦးဖြစ်သူ ဦးရွှေဝယ်ဧကလည်း
ထားဝယ် ဒေသရဲ့ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ ''ဒန်းကျွတ်ဘိ မျှောပွဲ''၊ ''ဒေါန်း မန်းရာဇာ''၊ ''ရှင်ဇောရှင်ဇံ''၊ ''ကောန် ထောန်ပွဲ''၊
''မိုး ခေါ်ပွဲ''၊ ''ဖားထီး ဖားမပွဲ'' ဆိုတဲ့ ထား ၀ယ်ဒိန်းသီချင်းတွေကို ထပ်မံစပ်ဆိုခဲ့ပြန်တယ်။ အဲဒီ နောက်မှာတော့
မီးပုံးပျံဦးကျော်ရင်ရဲ့သား ဆရာဦး ကျော်မင်းကလည်း ရှေးထားဝယ်အဆက်ဆက်က မိုး ခေါ်ပွဲ ကျင်းပပုံ၊ ခေါင်းမသားရေမြှူပွဲ
ကျင်းပပုံ၊ ထား ၀ယ်မုန့်ပဲသရေစာတွေရဲ့ အခေါ်အဝေါ်တွေ၊ ကိုး ကွယ်မှုဓလေ့ ထုံးစံတွေနဲ့ ထားဝယ်ဒိန်းသီချင်းတွေကို
ပြန်ပြီးဖော်ထုတ် ရေးသားလာခဲ့တာဟာ ယနေ့တိုင် မပျောက်ပျက်သွားစေပါဘူး။
ခေတ်အဆက်ဆက်က ဆရာ့ဆရာကြီးတွေ စပ်ဆိုရေးသားခဲ့တဲ့ ရိုးရာဒိန်းသီချင်းတွေကို အခြေခံလို့ ထားဝယ်ရိုးရာယဉ်ကျေးမှု
တေးသီချင်းတွေကို မပျောက် ပျက် မတိမ်ကောသွားစေဖို့နဲ့ အစဉ်အမြဲရှင်သန်စေဖို့ အတွက် ၁၉၄၀ ပြည့်ခုနှစ်မှာ မွေးဖွားလာတဲ့
ထားဝယ် အ.ထ. က(၁)မှ အလယ်တန်းပြ ကျောင်းဆရာ တစ်ဦးဖြစ်တဲ့ ဆရာဦးကိုကိုကြီးကလည်း ၁၉၅၆ ခုနှစ် ကစတင်ပြီး
ရှေးဆရာကြီးတွေရဲ့ ဒိန်းသီချင်းတွေကို မူလရိုးရာအခြေခံသံစဉ်နဲ့ ယဉ်ကျေးမှုအကတွေကို ရှေးမူမပျက် ထိန်းသိမ်းကာ
ခေတ်နှင့်အညီ ဖန်တီး သင်ကြားတီထွင်ကာ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအမွေ ကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ရာမှာတော့
ယနေ့အချိန်အခါမှာ ထားဝယ်ရိုးရာအကဟာ နိုင်ငံ တော်အဆင့်ကျင်းပခဲ့သည့် နေ့ထူးနေ့ရက်ကြီးများ အခမ်းအနား၊ ပွဲ
လမ်းသဘင်များအထိ တက်လှမ်းလာ ခဲ့သည်မှာ ထားဝယ်ရိုးရာအကရဲ့ အောင်လံတံခွန် လွှင့်ထူနိုင်ခြင်းပဲဖြစ်တယ်ဆိုတာ...
ထားဝယ်ရိုးရာ ယဉ်ကျေးမှု ဒိန်းသီချင်း အကများစွာထဲကမှ ရှေးအစဉ်အဆက် ယုံကြည် ကိုးကွယ်မှုနဲ့အတူ ထားဝယ်ဒေသမှာ
မိုးခေါင်တဲ့ အခါနဲ့ ဆန်ရေစပါးပေါများနိုင်ရေးအတွက် အစဉ် အလာအရ ကျင်းပလေ့ရှိတဲ့ ထူးခြားပြီး ထင်ရှားတဲ့ မိုးခေါ်သီချင်း
ဖြစ်သော ဖားထီး ဖားမ မိုးခေါ်ပွဲ သီချင်းအကြောင်းကို ထားဝယ်ရိုးရာ ယဉ်ကျေးမှု အကနှင့် သီချင်းတွေကို ဆက်လက်ဖော်
ထုတ်ခဲ့သည့် အတွက် ၁၉၉၃ခုနှစ်မှာ နိုင်ငံတော်က စီမံထူးချွန်ဆု (တတိယဆင့်)ကို ချီးမြှင့်ခံခဲ့ရတဲ့ ဆရာ ဦးကိုကိုကြီးက
ပြောပြရာမှာတော့ ''အဲဒီမိုးခေါ်ပွဲအကကို ကတဲ့ အခါမှာ ဆန်းချီရပ်ကွက်မှ ဆွေစဉ်မျိုးဆက် ဦးကြီး တစ်ယောက်က ဖားထီးလုပ်ရပြီး၊
ကျောက်မော်ရပ် ကွက်မှ ရိုးရာမျိုးနွယ်ရှိသူ အဒေါ်ကြီးတစ်ယောက်က ဖားမလုပ်ဖို့ တာဝန်ယူရသည်။
ဆန်းချီရပ်ကွက်မှ ရပ် သူရပ်သားများသည် အိုးစည်ဝိုင်းတော်သားများနှင့် ကခုန်ကာ ဖားထီးလုပ်သူအား ရှေ့ဆုံးမှတင်၍ ဘုရား
ကန်တော့ပွဲများ၊ နတ်ကန်တော့ပွဲများပေးပြီး ကွမ်း တောင်ကိုင်၊ ပန်းတောင်ကိုင်၊ ပရိတ်ရေအိုး၊ ရေဖလား ကိုင်များ ခြံရံလျက်
ဖားမရှိရာသို့ လာကြရတယ်။ အဲဒီ အချိန်မှာ အိုးစည်ဝိုင်းအကနဲ့ အကအခုန်အဖွဲ့တွေက ရပ်သူရပ်သားများနှင့်အတူ အသင့်
စောင့်ဆိုင်းနေတဲ့ ကျောက်မော်ရပ်ကွက်က ဖားမလုပ်တဲ့ အဒေါ်ကြီးကို သွားကြိုဆိုပြီး ထားဝယ်မြို့မှ နှစ်မိုင် လေးဖာလုံဝေးတဲ့
ဇလွန်းရွာရှိ ငါးရံ့မင်းကျင်လည်ရာကန်ကို မိုးခေါ် သီချင်းတွေသီဆိုပြီး သွားကြရတယ်။ ကန်ကိုရောက် ရင် ဖားထီးဖားမ လုပ်တဲ့
သူတွေဟာ ငါးပါးသီလခံယူရ ပြီး ငါးရံ့မင်းပရိတ်ကိုရွတ်ကာ ကန်ပေါင်ပတ်လည်ကို ဆင်းလို့ ပါးစပ်ကနေ အုံ အင်း အုံ အင်း
အော်ရပြီး ခုန်ဆွ ခုန်ဆွနဲ့ ရေကန်ငယ်ကို သုံးပတ်ပတ်ရတယ်။ အဲဒီနောက်မှာတော့ ဖားမိတ်လိုက်တဲ့ဟန်နဲ့ ဖားမပခုံး ကို ဖားထီးက
နောက်မှ လက်နှစ်ဖက်နှင့် ခဏတင် လိုက်ရတယ်။ အဲဒီ့နောက်မှာတော့ ဖားထီးက ရေ အိုင်ငယ်ထဲကို ခုန်ဆင်းပြီး ရေမြူးကစားကာ
ပရိသတ် တွေကို ရေအိုင်ထဲကရေနဲ့ ပက်ဖျန်းကစားရတယ်။ အဲဒီအချိန်မှာ ဖားမက ရေအိုင်ထဲကို မဆင်းရဘူး။ ဒီအခမ်းအနားကို
ရပ်ကွက်အသီးသီးက လှပျိုဖြူတွေ ဟာ အဆစ်ပြန်ကြခတ်ဝါးကျည်တောက်တွေနဲ့ ငါးရံ့ မင်းကန်မှ ရေကိုယူပြီး ပက်ဖျန်းကြရတယ်။
ဒီ့နောက် မှာတော့ ရေစိမ်ထားတဲ့ ပင်စိမ်းစေ့တွေကို ဖားဥတွေ ဥပြီလို့ အော်ပြီး ကြဲပက်ပေးကြရတယ်။ ဒီအချိန်မှာ ဘယ်သူမှ
ဖိနပ်မစီးရ၊ ထီးမဆောင်းရဘူး။ အဲဒီနောက် မှာတော့ ရေကန်က ရေတွေကို သယ်ယူကြပြီး ဇလွန်း တောင်ဘုရားနဲ့
သြရဂဋ္ဌုံဘုရားတွေမှာ ရေသွန်းလောင်း ကြရတယ်။ အဲဒါကတော့ ထားဝယ်ဒေသရဲ့ရှေးအစဉ် အဆက်က ယုံယုံကြည်ကြည်နဲ့
လုပ်လာခဲ့ကြတဲ့ စိတ် ၀င်စားဖွယ်ရာ ကောင်းတဲ့ရိုးရာ ဓလေ့တစ်ခုဖြစ်တယ်။ အဲဒီလို ကျင်းပလာခဲ့တဲ့အခါတွေမှာလည်း မိုးရွာသွန်း
ခဲ့တဲ့ အထောက်အထားတွေ အများကြီးရှိခဲ့တယ်လို့ စိတ်ရှည်လက်ရှည် ရှင်းပြသည်ကို နားထောင်ရသည် မှာ အလွန်စိတ်ဝင်
စားဖွယ်ရာ ကောင်းလှသည်။
ထူးခြားပြီး စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုတွေနဲ့အတူ သာယာလှပတဲ့ မောင်းမကန်ဆိုတဲ့ ပင်လယ်ကမ်းခြေ
တစ်ခုကို ပိုင်ဆိုင် ထားပြီး ရှင်ကိုးရှင်တန်ခိုးကြီးဘုရားတွေကို ဖူးမြော်နိုင် မယ့် အေးချမ်းလှတဲ့ ထားဝယ်ဒေသလေးမှာ ထားဝယ်
သမီးပျိုလေးတွေက ဣနြေ္ဒရရနဲ့ သိက္ခာကိုထိန်းပြီး ယောက်ျားလေးတွေက ခေါ်ယူပြောဆိုတာကို အား နာတဲ့အနေနဲ့
ယဉ်ယဉ်ကျေးကျေးလိမ်လိမ်မာမာနဲ့ ငြင်းပယ်တတ်တဲ့ စကားလေးကို အခြေခံပြီး ရေးသား စပ်ဆိုထားတဲ့ ရဟယ်ရှင်-
ရဟယ်ရှင်ဆိုတဲ့ တေးသီချင်း နဲ့အကကို ကြည့်ခဲ့ရပြီး ဌာနေကို ပြန်ရတဲ့အချိန်မှာ တော့ ရင်ထဲမှာ တသသနှင့်...ဟိုးအဝေးမှာ...။








 

 

 

 

 

 

သာ ဥာဏ် ( ရန် ကင်း )





 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio