|
ကျွန်တော်ကြော်ငြာသမား (မြတ်ဆွေ)
စာနယ်ဇင်းလောကတွင် ကြော်ငြာသည်
အရေးပါသောအခန်းမှပါဝင်ခဲ့သည်။လွတ်လပ်ရေးရပြီးခေတ်ကာလတွင်
သတင်းစာအများအပြားထွက်ရှိခဲ့သည်။ သတင်းစာများစွာတို့သည်
ကြော်ငြာကို အားကိုးကြရသည်။ ကြော်ငြာမရှိသော သတင်းစာများ
သက်တမ်းမရှည်ကြပေ။အမှန်အားဖြင့် ကြော်ငြာသည် သတင်းဖြစ်၍
သတင်းသည် ကြော်ငြာဖြစ်ခဲ့ရာ ကြော်ငြာကိစ္စမှာ
စိတ်ဝင်စားစရာဘာသာရပ်ဟုဆိုနိုင်သည်။ရှေးအကျဆုံးဟုဆိုနိုင်သောကြော်ငြာတစ်ခုကို
ဖတ်ရှုခဲ့ရဖူးသည်။ ၁၈၅၃ ခုနှစ်က ရန်ကုန်တွင် ပထမဆုံးထုတ်ဝေသော
ရန်ကုန်ခရော်နီကယ်သတင်းစာပါ ကြော်ငြာတစ်ပုဒ်ဖြစ်သည်။
ယင်းကြော်ငြာမှာ “နိုင်ငံခြားသင်္ဘောရောက်ရှိလာပြီး
သင်္ဘောပေါ်၌ပင်ရောင်းချသော နိုင်ငံခြားအရက်၊
စည်သွတ်စားသောက်ကုန်များ၊ ရေမွှေး၊ ကျွန်းသားလှေ၊
ခြောက်လုံးပြူးအစရှိသောပစ္စည်းများကို ငွေလက်ငင်းပေးချေ၍
ကပ္ပတိန်စကော့ထံမှ ၀ယ်ယူနိုင်ကြောင်း” ကြော်ငြာဖြစ်သည်။
အဆိုပါသတင်းစာမှာ တစ်ပတ်နှစ်ကြိမ်၊
ဗုဒ္ဓဟူးနှင့်စနေနေ့များတွင်ထုတ်ဝေသည်။ သတင်းစာကြည့်ခနှုန်းမှာ
တစ်လလျှင်သုံးကျပ်။ကြော်ငြာခမှာ တစ်ကော်လံစာတစ်ကြောင်းလျှင်
လေးပဲဟုဆိုသည်။ သတင်းစာပါအဆိုပါ ကြော်ငြာကိုကြည့်လျှင်
ထိုခေတ်ကာလအခြေအနေကိုသိနိုင်သည်။
နိုင်ငံခြားသင်္ဘောကြီးများဆိုက်ကပ်လျှင်
နိုင်ငံခြားပစ္စည်းများကို ၀ယ်နိုင်သည်။သင်္ဘောပေါ်တက်ဝယ်ရသည်။
ခြောက်လုံးပြူးသေနတ်ကို လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း သိရသည်။
ကြော်ငြာကပြောပြသော သတင်းတစ်ပုဒ်ပင်ဖြစ်သည်။ ဤသို့ဖြင့်
ကြော်ငြာသည် သတင်းအသွင်ကိုဆောင်ခဲ့သည်။ ထို့ကြောင့်ပင်
ရှေးခေတ်ကသတင်းစာများကအစ ကြော်ငြာသည်
သတင်းစာအသက်ဖြစ်ခဲ့သည်။သတင်းစာတွင် သတင်း များ၊ ဆောင်း
ပါးများအပြင် ကြော်ငာကို စိတ်ဝင်စားကြသည။်
ကုန်ပစ္စည်းကြော်ငြာအပြင် လူမှုရေါ် ကြော်ငာများပါလာသည်။
လက်ထပ်ခြင်း၊ ကွယ်လွန်ခြင်း၊ လူပျောက်ကြော်ငြာစသည်တို့
နေရာယူလာကြသည်။ သတင်းစာများတွင် နာရေးကြော်ငြာများထည့်သွင်းမှု
ခေတ်စားလာရာ မည်သူမည်ဝါကွယ်လွန်ခြင်းသိလိုသဖြင့် သတင်းစာကို
စောင့်ဖတ်ကြရသည်။ ထင်ရှားသောပုဂ္ဂိုလ်များ ကွယ်လွန်ခြင်း
ကြော်ငြာသည် စိတ်ဝင်စားဖွယ်ရာ သတင်းပင်ဖြစ်တော့သည်။
ယခင်ကကြော်ငြာထည့်လိုသူများ သတင်းစာတိုက်သို့သွားရောက်ကာ
ကြော်ငာထညြ့်က ရသည။် စစ်ပြီးစလွတ်လပ်ရေးခေတ်တွင်
ကြော်ငာကိုယ်စားလှယ်များ၊ ကြော်ငြာဌာနများပေါ်ပေါက်လာရာ
ကြော်ငြာထည့်သွင်း လိုသူအဆင်ပြေလာသည်။ ကြော်ငြာအားကိုးဖြင့်
သတင်းစာများမှာ ထွက်ရှိနိုင်ခဲ့သည်။
ထို့နောက် တော်လှန်ရေးကောင်စီတက်လာသောအခါ သတင်းစာများ
ပြည်သူပိုင်သိမ်း၊ ကြော်ငြာကိုယ်စားလှယ်များ
ဖျက်သိမ်းခြင်းဖြင့်
ကြော်ငြာလုပ်ငန်းမှေးမှိန်ခဲ့ရသည်။ထို့အတူကြော်ငြာအားကိုးရသော
သတင်းစာများစွာ ရပ်ဆိုင်းကုန်သည်။
ထိုအချိန်က ကျွန်တော်သည် မြန်မာနိုင်ငံ
ပန်းရိုးရာကောင်စီမှထုတ်ဝေသော ပန်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့တွင်
လုပ်ကိုင်နေသည်။မဂ္ဂဇင်းတို့သည်လည်း
ကြော်ငြာအားကိုးရသည်။ကြော်ငြာမှရသောစက္ကူဖိုး၊
ပုံနှိပ်ခစုမိသည်။မဂ္ဂဇင်းအနေဖြင့်ရှုံးသည့်တိုင်အောင်ခံနိုင်ရည်ရှိသည်။
ရုတ်တရက် ရပ်မသွားပေ။
သို့ဖြစ်ရာ မဂ္ဂဇင်းရပ်တည်ရေးအတွက်
ကြော်ငြာရပေါက်ရလမ်းရှာကြံရလေသည်။ ကျွန်တော်သည် သတင်းစာကြီး
တစ်စောင်တွင်စာပေနှင့်ယဉ်ကျေးမှုသတင်းထောက်အဖြစ်
တာဝန်ယူခဲ့ဖူးရာ အပေါင်းအသင်းများသည်။ ရုပ်ရှင်၊ ဂီတ၊
ပန်းချီလောကမှပုဂ္ဂိုလ်များနှင့် နီးစပ်သည်။သို့ဖြင့်
ရုပ်ရှင်ကြော်ငြာအချို့၊ ဂီတနှင့်ပတ်သက်၍ တေးသံသွင်း
ကြော်ငြာအချို့ရလေသည်။ တစ်နည်းအားဖြင့်တော့ ရုပ်ရှင်၊ ဂီတ၊
စာအုပ်ကြော်ငြာများသည်လည်း စာဖတ်သူတို့ စိတ်ဝင်စားသော
အကြောင်းအရာပင်ဖြစ်ရာ ကြော်ငြာမရသောသတင်းစာများက
ရုပ်ရှင်သတင်းကို များများ ထည့်ပေးကြရသည်။တစ်ခါက
ဂျေအင်ဂျေကုမ္ပဏီက ကမကထပြု၍ ကာတွန်းပြပွဲတစ်ခုလုပ်သည်။
ထိုပြပွဲကို ကျွန်တော် သတင်းရေးပေးရင်း
ကုမ္ပဏီမှပုဂ္ဂိုလ်များနှင့် ခင်မင်ရင်းနှီးရာ
သူတို့ထံမှကြော်ငြာရလေသည်။ အလားတူစွာပင် စုစုအေးအောင်
ဦးဝင်းကြည်၊ လူပျံတော်ပတ္တမြား ဦးအောင်မြင့်တို့ထံမှ
ကြော်ငြာများရခဲ့သည်။စစ်ကြိုခေတ်ကပင် ကာတွန်းဆရာကြီး
ဦးဟိန်စွန်းသည် ကြော်ငြာအချို့ကို မြန့်မာအလင်းသတင်းစာအတွက်
ယူဆောင်ပေးရင်း ကြော်ငြာကိုယ်စားလှယ်ဖြစ်လာသည်။
ဆေးကြော်ငြာစာအုပ်ကြော်ငြာများကို သူက ကာတွန်းရေးဆွဲပေးရာ
သူ့အား ခင်မင်မှု၊ အားနာမှုများဖြင့် ကြော်ငြာရှင်တို့က
ကြော်ငြာထည့်ကြလေသည်။
ကျွန်တော်သည်လည်း ဆရာဦးဟိန်စွန်းလိုပင်
ကြော်ငြာကိုယ်စားလှယ်ဖြစ်မှန်းမသိဖြစ်လာသည်။
ကြော်ငြာရှင်တို့ထံမှ ကော်မရှင်အချို့ရရာ
တစ်ဖက်တစ်လမ်းဝင်ငွေကလေးရလာသည်။ နည်းပါးသော အယ်ဒီတာလစာကို
စုမိလာ၏။ သို့သော် ၁၉၈၈ခုနှစ် အရေးအခင်းပေါ်ပေါက်လာသောအခါ
ကြော်ငြာခများ တောင်းမရတော့ဘဲ ကျွန်တော့်အိတ်ထဲက
စိုက်ပေးရသောအဖြစ်နှင့် ကြုံခဲ့ရဖူးလေသည်။
|