» မေ(၃၀)ရက်နေ့ညပိုင်းတွင် CDMA ဖုန်းများ မိနစ်၂ဝခန့်လိုင်းဖြတ်တောက်မည်: CDMA450MHz နှင့် CDMA800MHz   စနစ်သုံး ... http://t.co/PJcJOddq 2012-05-30 11:01 » ဒေါ်အောင်ဆန်းစုကြည် ဗန်ကောက်သို့ရောက်ရှိ: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သည်  ရန်က... http://t.co/N4chpLRr 2012-05-30 03:19 » အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြည်ပ ခရီးစဉ် အဖြစ်ထိုင်းနိုင်ငံသို့ထွက်ခွာ: အမျိုးသား ... http://t.co/YRSQTNTi 2012-05-29 09:12 » မြန်မာနိုင်ငံရှိကျေးရွာပေါင်း (၄၀)တွင် ကျန်းမာရေးဆိုင်ရာ စီမံချက်ကြီးတစ်ရပ် ဆောင်ရွက်မည်: မြန်မာနိုင်ငံကျန်းမာ... http://t.co/uhLy7Qx2 2012-05-29 04:48 » ရုပ်ရှင်နှင့် ဗီဒီယို ဌားရမ်းလုပ်ငန်းရှင်များ သပိတ်မှောက်နေ: ရုပ်ရှင်နှင့် ဗီဒီယိုဖြန့်ချီရေး လုပ်ငန်းရှင်မှ  ... http://t.co/KfvuuSEN 2012-05-29 03:15



ကျားဖြူပါတီ လေးနေရာပြိုင်မည် လားရှိုးတွင် ကျိန်းသေပေါက် အနိုင်ရမည် ဟု ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကဆို

(ကျားဖြူ)ပါတီ သည် ကြားဖြတ်ရွေးကောက်ပွဲတွင် လေး နေရာဝင်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ ၏ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြား သည်။

''ကျွန်တော်တို့လားရှိုးမှာ သေချာပေါက် နိုင်မှာပါ။ အဲဒီမှာ ပါတီဝင်အင် အားက တစ်သိန်းကျော်ရှိတယ်လေ'' ဟု ဦးစိုင်းအိုက်ပေါင်းက ဖလားဝါးနယူးစ်သို့ ပြောကြားသည်။ ဇန်နဝါရီ ၂၈ရက်တွင် ရှမ်းပြည် နယ် တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ငြိမ်း ချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ညစာစားပွဲသို့ တက်ရောက်လာစဉ် ဦးစိုင်း အိုက်ပေါင်းက ဖလားဝါးနယူးစ်၏မေးမြန်း ချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းပါတီသည် စစ်ကိုင်းတိုင်း ဒေသကြီး တွင် ဦးမာကျင်း(မဲဆန္ဒနယ် အမှတ်-၇၊ အမျိုးသားလွှတ်တော်)၊ ကချင် ပြည်နယ် တွင် ဦးသန်းတင်အောင် (မိုး ကောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်)၊ ရှမ်း ပြည်နယ်(တောင်ပိုင်း) တွင် ဦးမြဝင်း (ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော်)၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) တွင် ဦးစိုင်းစံမင်း (လားရှိုး၊ မဲဆန္ဒနယ်အမှတ်- ၃၊ အမျိုးသား လွှတ်တော်)တို့ဖြစ်သည်။

ယင်းပါတီသည် ၂၀၁ဝရွေးကောက်ပွဲတွင် ၁၅ရဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ၁၈နေရာ၊ အမျိုးသားလွှတ်တော် ၃နေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၃၆ နေရာ အနိုင်ရရှိခဲ့သည်။