(ကျားဖြူ)ပါတီ သည် ကြားဖြတ်ရွေးကောက်ပွဲတွင် လေး နေရာဝင်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ ၏ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြား သည်။
''ကျွန်တော်တို့လားရှိုးမှာ သေချာပေါက် နိုင်မှာပါ။ အဲဒီမှာ ပါတီဝင်အင် အားက တစ်သိန်းကျော်ရှိတယ်လေ'' ဟု ဦးစိုင်းအိုက်ပေါင်းက ဖလားဝါးနယူးစ်သို့ ပြောကြားသည်။ ဇန်နဝါရီ ၂၈ရက်တွင် ရှမ်းပြည် နယ် တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ငြိမ်း ချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ညစာစားပွဲသို့ တက်ရောက်လာစဉ် ဦးစိုင်း အိုက်ပေါင်းက ဖလားဝါးနယူးစ်၏မေးမြန်း ချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယင်းပါတီသည် စစ်ကိုင်းတိုင်း ဒေသကြီး တွင် ဦးမာကျင်း(မဲဆန္ဒနယ် အမှတ်-၇၊ အမျိုးသားလွှတ်တော်)၊ ကချင် ပြည်နယ် တွင် ဦးသန်းတင်အောင် (မိုး ကောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်)၊ ရှမ်း ပြည်နယ်(တောင်ပိုင်း) တွင် ဦးမြဝင်း (ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော်)၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) တွင် ဦးစိုင်းစံမင်း (လားရှိုး၊ မဲဆန္ဒနယ်အမှတ်- ၃၊ အမျိုးသား လွှတ်တော်)တို့ဖြစ်သည်။
ယင်းပါတီသည် ၂၀၁ဝရွေးကောက်ပွဲတွင် ၁၅ရဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ၁၈နေရာ၊ အမျိုးသားလွှတ်တော် ၃နေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၃၆ နေရာ အနိုင်ရရှိခဲ့သည်။

