» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



မဲရုံတစ်ရုံလျှင်မဲဆန္ဒရှင်အနည်း ဆုံး ၅၀ဝမှအများဆုံး၂၀၀ဝကျော်အထိ သတ်မှတ်ထားရှိ

ရန်ကုန်တိုင်းဒေသကြီး လစ်လပ်မဲဆန္ဒနယ်များတွင်မဲရုံတစ် ရုံလျှင်မဲဆန္ဒရှင်အနည်းဆုံး၅၀ဝမှ အများဆုံး၂၀၀ဝကျော် အထိသတ် မှတ်ထားရှိပြီး မဲရုံပေါင်းစုစုပေါင်း (၆၃၅)ရုံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။


''မဲရုံကိုတော့ လက်ရှိ ကောက်ခံရရှိထားတဲ့ မဲပေးပိုင်ခွင့်ရှိ သူအနည်းဆုံး၅၀ဝကနေအများ ဆုံး ၂၀၀ဝကျော် အတွင်းရုံတစ်ရုံသက် မှတ်ပြီးမဲရုံတွေ  လုပ်ထားတယ်။တချို့မြို့နယ်တွေမှာဆို မဲရုံတစ်ရုံကို မဲဆန္ဒရှင်၆၀၀၊ ၇၀ဝ  လောက်ရှိတယ်။ ဒီကြားဖြတ်မှာ လွှတ်တော်တစ်ရပ်ကို ပဲမဲထည့်ရမှာဖြစ်လို့ အချိန်လည်း နည်းသွားမှာ ဖြစ်တာကြောင့်မဲရုံတွေ ကိုလျှော့ချ လိုက်ပြီးမဲဆန္ဒရှင်တွေတိုး လိုက်တဲ့သဘောပါ'' ဟုရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးကိုကိုကဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး ၏ကြားဖြတ်ရွေးကောက်ပွဲကျင်းပ ရန်ပြည်သူ့လွှတ်တော်၏ လစ်လပ် နေရာများဖြစ်သောမင်္ဂလာတောင် ညွှန့်မြို့နယ် တွင် မဲရုံ(၆၇)ရုံ၊ဒဂုံဆိပ် ကမ်းမြို့နယ်တွင်မဲရုံ(၆၈)ရုံ၊မရမ်း ကုန်းမြို့နယ်တွင်မဲရုံ(၁၁၇)ရုံ၊သုံးခွမြို့ နယ်တွင် မဲရုံ(၁၃၅)ရုံ၊ ကော့မှူးမြို့နယ် တွင်မဲရုံ(၁၂၉) ရုံနှင့် လှည်းကူး မြို့နယ်တွင်မဲရုံ(၁၁၉)ရုံတို့သတ်မှတ်ထား ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး တွင်မဲရုံစုစုပေါင်း (၆၃၅)ရုံထား ရှိမည် ဖြစ်ကြောင်းသိရသည်။

''ပြီးခဲ့တဲ့တစ်ခေါက်က လှိုင်သာယာမှာဆိုမဲရုံက၆၀ဝကျော် လောက်ရှိတယ်။အဲ့ဒီအတွက် ကိုယ်စားလှယ်လောင်း တွေကမဲရုံကိုယ်စားလှယ်တွေ ကိုမဲရုံတိုင်းမှာ မထားနိုင်ခဲ့ဘူး။ချမ်းသာတဲ့ပါတီတွေပဲထားနိုင် တယ်။ ၉ဝရွေးကောက်ပွဲတုန်းကဆို ရင်လူ၅၀၀ဝ မှမဲရုံတစ်ရုံသတ်မှတ်တာ။ အဲ့ဒီတုန်းကတောင်လူဦးရေ ဒီလောက်မများဘူး။ အခုခေတ်မှာ လူဦးရေကလည်း များလာတော့ မဲရုံ တစ်ရုံမှာ လူ၅၀၀ဝ လောက်ပေးနိုင် ရင်ပိုပြီး သက်သာတာပေါ့။ပြိုင်မယ့် ကိုယ်စားလှယ် တွေလည်းသူတို့ ကိုယ်စားလှယ်တွေထားနိုင်တာပေါ့။ မဲရုံတွေမှာ ကိုယ်စားလှယ်တွေအပြည့် မထားနိုင်လည်း  ပါတီအချင်းချင်း ပြည်သူတွေ  အမှန်တကယ်မဲပေးနိုင် ဖို့ညှိုနှိုင်း ဆောင်ရွက်ပြီး ဆောင်ရွက်ဖို့တော့လိုတယ်။ ပြည်သူတွေ မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့ပါတီတွေ  အားလုံးမှာတာဝန် ရှိပါတယ်'' ဟု အမျိုး သား ဒီမိုကရေစီအင်အားစုပါတီ၏ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး တွင်ကြားဖြတ်ရွေးကောက်ပွဲကျင်းပ ရန် လစ်လပ်မဲဆန္ဒနယ်(၆)ခုရှိပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ကိုးသောင်းခွဲဝန်းကျင် ၊ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူခုနစ် သောင်းခန့်၊ ကော့မှူး မြို့နယ်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ရှစ်သောင်းခုနစ်ထောင်ကျော်၊ မရမ်းကုန်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းတစ်သောင်းကျော် ၊ သုံးခွမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတစ်သိန်းကျော် နှင့်လှည်းကူး မြို့ နယ်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ တစ် သိန်းခွဲခန့်ရှိကြောင်း(ဒီဇင်ဘာလ ကုန် အထိကောက်ခံရရှိထား သောမဲ ပေးပိုင်ခွင့်ရှိသူများ)သိရသည်။

ပြီးခဲ့သည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်ပြည်သူ့လွှတ် တော်၊အမျိုးသား လွှတ်တော်၊ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားရေးရာ လွှတ်တော်စသည့်ကိုယ်စားလှယ်များ အ တွက်အသက်(၁၈)နှစ်ပြည့်သူ ပြည် သူများမှ ဆန္ဒမဲထည့်ခဲ့ ရသည်။ ယခု ၂၀၁၂ခုနှစ်ဧပြီ(၁)ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်(သို့မဟုတ်)အ မျိုးသား လွှတ်တော်(သို့မဟုတ်)တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် များအတွက် လွှတ်တော် တစ်နေရာ သာမဲထည့်ရမည်ဖြစ်သည်။