» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



တပ်မတော်သားကိုယ် စားလှယ်များမပါတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် သူရဦးရွှေမန်းတို့ တွေ့ဆုံမည်ဖြစ်၍ လွှတ်တော်အစည်းအဝေးရပ်နား

တပ်မတော်သား ကိုယ်စားလှယ်များမပါ ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်  များနှင့်ပြည်သူ့လွှတ်တော်   ဥက္ကဌတို့ ဖေဖော်ဝါရီ(၂၂)ရက်နေ့ တွင်တွေ့ဆုံမည် ဖြစ်သောကြောင့်  တိုင်းဒေသကြီးလွှတ်တော်  အစည်းအဝေး ကို(၅) ရက်သာ  ကျင်းပပြီးရပ် နားခဲ့ ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးရပ်နားရခြင်းမှာ-ပြည်သူ့ လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နှင့်ပြည်သူ့လွှတ်တော်  တရားစီရင် ရေးနှင့် ဥပဒေရေး ရာကော်မတီ မှတာဝန်ရှိသူများနှင့်ရန်ကုန်တိုင်း ဒေသကြီးရှိ တိုင်းဒေသကြီးလွှတ် တော် ကိုယ်စား လှယ် အသီးသီး နှင့် တွေ့ ဆုံရန် ဖြစ်ကြောင်း သိရသည်။အဆိုပါတွေ့ဆုံမှုမှာ ဖေဖော်ဝါရီ (၂၂)ရက်နေ့တွင်နံနက်(၉)နာရီ တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ရုံးတွင် တွေ့ဆုံသွား ကြောင်းသိရသည်။ ယခင်ကရန်ကုန်တိုင်း ဒေသကြီး ပထမ အကြိမ် တတိယ လွှတ်တော် အစည်းအဝေးအား ယခင်ကဖေဖော်ဝါရီ(၁၄)ရက်မှ (၂၁)ရက်နေ့  အထိကျင်းပ ရန်စီ စဉ်ထားသောလည်း ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးကိုရပ် နားခဲ့ပြီး ဖေဖော်ဝါရီ  (၂၁)ရက် နေ့တွင် မေးမြန်းကြမည့်  အဆိုများ၊ မေးခွန်းများနှင့်ဥပဒေကြမ်း အ တည်ပြုခြင်း များကို ဖေဖော်ဝါ ရီ (၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။

''အဆိုတွေ၊မေးခွန်းတွေကိုတော့ စာနဲ့ပြန်ဖြေခဲ့တယ်။ ကျန်တဲ့ဥပဒေကြမ်း  ကိုတော့ဒီနေ့ပဲ အတည်ပြုခဲ့တယ်။ကျွန်တော့် မေးခွန်းတွေ ကိုစာနဲ့ပြန်ဖြေ ထားတယ်။သူရဦးရွှေမန်းနဲ့သူရဦး အောင်ကိုတို့ (၂၂) ရက် နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အားလုံးနဲ့တွေ့မယ် လို့ပြောတယ်။ အဲ့ဒီမှာ တပ်မတော်သား  ကိုယ်စား လှယ် တွေမပါဘူးလို့သိရတယ်'' ဟု  ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ နယ်မဲဆန္ဒနယ် အမှတ်(၂)  မှ ဦးဝင်းထိန် ကဆိုသည်။