စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမဆုံး ဘားကမ့်(Barcamp)ကို မုံရွာမြို့တွင် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ “အွန်လိုင်းပေါ်မှာ Testing လုပ်ထားတယ်။ စိတ်ဝင်စားမှုဘယ်လောက်ရှိသလဲပေါ့။ မုံရွာ ဘားကမ့်အတွက် လိုဂိုပြိုင်ပွဲမှာ Barcamp မှုရင်းလိုဂိုနဲ့ စားသားကို မထိခိုက်စေရပါဘူး။ ကျန်တာ ကိုယ်ကြိုက်သလို ဒီဇိုင်း ထည့်သွင်းနိုင်ပါတယ်။ ပွဲလုပ်မယ့်နေရာနဲ့ ပါဝင်မယ့် အစီအစဉ်တွေကတော့ အစည်းအဝေး ထိုင်ပြီးမှ အသေးစိတ် အတည်ပြုနိုင်မှာပါ။ ပွဲလုပ်ဖြစ် ရင်တော့ ဇွန်၊ ဇူလိုင်လထဲမှာ ဖြစ်မှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကွန်ပျူတာပညာရှင်များ အသင်းမှ စီစဉ်ဆောင်ရွက်နေသော မုံရွာဘားကမ့် အတွက် စိတ်ပါဝင်စားသူများမှာ အလွန်များပြား နေပြီဖြစ်ကြောင်း မုံရွာမှ အိုင်တီနည်းပညာကို စိတ်ဝင်စားသော လူငယ်များက ဆိုသည်။
မုံရွာ ဘားကမ့် လိုဂိုကို mcpasagaing@gmail.com သို့ အီးမေးလ်ဆင့်ပေးပို့ပြီး ယှဉ်ပြိုင်နိုင်ပြီး ဘားကမ့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များ၏ ရုံးခန်းအသစ်ဖြစ်သော မြသလ္လာဈေး အပေါ်ထပ် တွင် စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။
- ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး
- နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
- ကျပ်နှစ်သိန်းတန်ဂျီအက်(စ်) အမ်ဖုန်းများကိုရန်ကုန်မြို့နယ် ၆ မြို့နယ်တွင် မေ ၁၈ စရောင်းမည်
- Dr Mrs Marilyn Waring က ကုန်သည်စက်မှုအသင်းချုပ်အတွက် မေ ၁၉ တွင်ဟောပြောပွဲကျင်းပမည်
- ရန်ကုန်မြို့တော် ရေးပေးဝေရေးစနစ် ဂျပန်မစ်ဆူဘီရှီ အကူညီဖြင့်ဆောင်ရွက်မည်

