တာမွေ(ယာယီ)ဈေး ပြောင်းရွှေ့ဖွင့်လှစ်ခြင်းကို ကန့်ကွက်ကြောင်း ဈေးသူဈေးသား(၈၀၀) ကျော်ကလက်မှတ်ရေးထိုးကန့်ကွက် ထားသဖြင့် ပြောင်းရွှေ့ဆောက်လုပ် မည်ဆိုပါက အခြေခံဥပဒ နှင့်တည်ဆဲ ဥပဒေများ နှင့်အညီ ဆောင်ရွက် ခြင်းရှိ၊ မရှိကို ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ် အ မှတ်(၂)မှ လွှတ်တော် အစည်းအဝေးတွင် မေးခွန်းအဖြစ် မေးမြန်း ထားကြောင်း သိရသည်။
အဆိုပါ မေးခွန်းကို ရန်ကုန်တိုင်း ဒေသကြီးတတိယလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဖေဖော်ဝါရီ(၂၁)ရက်နေ့ တွင်မေးမြန်းသွား မည်ဖြစ်ကြောင်း သိရသည်။'ဈေးသူဈေးသား အများစုက မပြောင်းရွှေ့ချင်ဘူး။ မူလ နေရာ မှာပဲ ဆောက် စေချင်တယ်။ စည်ပင်ကတော့ ကျိုက်က္က ဆံလမ်းနဲ့မာလာနွယ် လမ်း ထောင့် မှာနှစ်ထပ်ဈေးဆောက်မယ်လို့ ကြေညာထားတယ်။ နောက်ဈေး သူဈေးသားတွေကို စည်ပင်ကတာ ဝန်ရှိသူက အခု ပေးတဲ့ အချိန်မှာ ယူရင်ယူ၊မယူရင် မရတော့ဘူး လို့ပြောသွားတယ်လို့ဈေးသူဈေးသားတွေ ကအပြန်ပြောကြတယ်။ဈေးသူ ဈေးသားတွေ ကတော့ ဒီနေရာမှာ ပဲဆောက်စေချင်တယ်။နောက် ပြီး မြေညီထပ် မှာပဲ ဈေးဆိုင် ခန်းတွေ ပြန်ရချင်ကြတယ်။ ကျွန်တော်လည်း စနေနေ့(၁၈ရက်နေ့) ကဈေး သူဈေးသားတွေနဲ့တွေ့တော့သူတို့ ပြောပြကြတယ်။ကျွန်တော်ကစပြီး ဈေးရွှေ့ရမယ်လို့ဂျာနယ်မှာ ပါက တည်းက လွှတ်တော်မှာ မေးခွန်း မေးဖို့စီစဉ်ခဲ့တယ်။ ကျွန်တော်မေးခွန်းက(၂၁)ရက်နေ့မှာ မေးရမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီးတာ မွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းထိန် က ဆို သည်။
အဆိုပါမေးခွန်း မှာ-တာမွေမြို့နယ်၏ယာယီဈေးအား အသစ်ဆောက် လုပ်မည်ဆိုပါက ရန်ကုန်မြို့တော်စည်းပင်သာယာရေး ကော်မတီအနေဖြင့်ဈေးသူဈေးသား များနှင့်မည်ကဲ့သို့ ညှိုနှိုင်းမှုမျိုး လုပ်ဆောင်ခဲ့သလဲ၊ဈေးအားပြောင်းရွှေ့ ဖွင့်လှစ်မည်ဆိုပါက လက်ရှိဈေး သူဈေးသားများနှင့် စားသုံးသူပြည် သူများအရောင်း အဝယ်မပျက်စေ ရန်မည်သို့စီမံဆောင်ရွက်ထားပါသလဲ၊ အဆိုပါဈေး အား အသစ်ဆောက် လုပ်ရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် မည်သို့စီစဉ် ဆောင်ရွက်ထား ပါသလဲ စသည့် မေးခွန်းများ ကိုမေးမြန်း ထားကြောင်း သိရသည်။
''ကျွန်တော်ကတော့ ဒီဈေးကိုပြောင်းရွှေ့တဲ့ အခါမှာ အခြေခံဥပဒေနဲ့ အညီခေတ်မီဖွံ့ဖြိုး တဲ့နိုင်ငံတော် တည်ဆောက်ဖို့ဆို တာကို ရည်မှန်း တယ်ဆိုတာသိ ပါတယ်။ ရန်ကုန်မြို့ကိုမဟာမြို့ပြစီမံကိန်း အဖြစ်လည်း ကြိုဆိုပါတယ်။ ဒီလိုဆောင်ရွက် တဲ့အခါမှာပြည် သူ့ဆန္ဒ၊ ပြည်သူ့အသံတွေ ကိုတော့ ဂရုပြုလေးစား လိုက်နာဖို့လိုပါ တယ်။လက်ရှိအစိုးရ ဟာလည်း ပြည်သူ့အစိုးရပါ။တည်ဆဲဥပဒေ မှာပါတဲ့ ရန်ကုန်မြို့တော် စီမံဖွံ့ ဖြိုး မှုအက်ဥပဒေကလည်းယနေ့အထိ ကျင့်သုံး နေတဲ့ ဥပဒေပါ။အဲ့ဒီဥပ ဒေမှာပါတဲ့အတိုင်းပဲ စည်ပင်က လုပ်ငန်းတွေ၊ စီမံကိန်း တွေဆောင် ရွက်မယ်ဆိုရင် ပြည်သူတွေကိုတစ် လကြိုပြီးကြေညာရသလို၊အဲ့ဒီကြေ ညာတဲ့အပေါ်မှာလည်းပြည်သူ တွေက မိမိတို့ရဲ့ဆန္ဒ သဘော ထားတွေကို တင်ပြ တောင်းခံနိုင်တယ်၊ ကန့်ကွက်နိုင်တယ်။ကန့်ကွက်တဲ့ အခါမှာလည်း စုံစမ်းစစ်ဆေးပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရပါ တယ်။အဲ့ဒီဆုံးဖြတ်ချက်ကို မ ပြေ လည်ရင် အစိုးရကဆုံးဖြတ်ပေးရ မယ်လို့ ပါပါတယ်။ ဒါကြောင့် စည်ပင် သာယာ အနေနဲ့တည်ဆဲ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့လား၊ဈေးသူဈေးသားတွေရဲ့ ဆန္ဒကိုရော ကောက်ခံခဲ့လားဆိုတာကို မေးထားပါတယ်'' ဟုတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းထိန် (တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါတီ) ကဆိုသည်။
''ကျွန်တော်တို့ဈေးသူ ဈေးသားတွေကတော့ အရင်တုန်း ကလည်းတာမွေဈေးကို(ယခုတာ မွေပလာဇာနေရာ)အသစ်ဆောက် ပေးပြီး နေရာပြန်ပေး မယ်ဆိုပြီးအ သစ်ဆောက်ခဲ့တယ်။အဲ့ဒါကြောင့် အခုယာယီ ဈေးကိုပြောင်း လာရ တယ်။နောက်တော့ဆောက်ပြီးတဲ့ အခါမှာ မူလဈေးဧရိယာရဲ့လေးပုံ တစ်ပုံလောက်ပဲပြန်ပေးတယ်။ ဈေးသည်တွေအားလုံးရဲ့တစ်ဝတ် လောက်တောင်နေရာပြန်မရဘူး။ ကျန်တဲ့သူ တွေက ယာယီဈေး မှာပဲ နေခဲ့ရတယ်။အဲ့ဒီလိုရွှေ့ရတာ ၁၉ ၉၃လောက်ကပါ။အဲ့ဒီတုန်းက လည်း နာခဲ့ရပြီးပြီ။ဘာမှလည်းပြန် မလုပ်ပေးဘူး။ နောက်အဲ့ဒီနေရာ ပြောင်းရတဲ့ဈေးသည်တွေလည်း ရောင်း မကောင်း တာနဲ့ဒီဘက်ပြန်ရွှေ့ လာကြတယ်။ကျွန်တော်တို့ဈေး သည်တွေ ဒီယာယီဈေးမှာရောင်း လာတာ(၁၉၉၄)ကတည်းကရောင်း လာတာအခြေကျနေပါပြီ။ကျွန်တော်တို့ပြောင်းရမဲ့နေရာ ကရွှေထွက်တယ် ဆိုရင်တောင် ဒီနေရာမှာပဲနေမယ်။ကျွန်တော်တို့ ကသုံးခါတောင်နာထားရတာဘယ် သူ့မှမယုံတော့ဘူး။ကျွန်တော်တို့ လက်ရှိနေရာမှာပဲ ဆောက်ပေးပြီး မြေညီထပ်မှာပဲ ပြန်လိုချင်တယ်။ လက်ရှိ မြေနေရာ အတိုင်းဆိုအခု ဈေးဆိုင်ခန်းတွေအတိုင်းဆိုလောက် ပါတယ်။ အဲ့ဒီအတွက်လည်း သမ္မ တကြီးဆီရော၊ဒုတိယ သမ္မတတွေဆီ ရော၊ရန်ကုန်တိုင်းအစိုးရရော၊လူ့ အခွင့်အရေးကော်မရှင်ဆီပါ စာ တွေ တင်သွားမယ်'' ဟုတာမွေ(ယာ ယီ)ဈေးမှ ဆိုင်ရှင်ဦးဇော်ဝင်းထွန်း ကဆိုသည်။
တာမွေဈေး(ယခုတာ မွေပလာဇာ)သည်၁၉၅၄ခုနှစ်က တည်းကတည်ရှိခဲ့သောဈေးဖြစ်ပြီး တာမွေ(ယာယီ)ဈေးသို့ ဈေးသစ် ဆောင်လုပ်ရန် (၁၉၉၃)ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ရကြောင်း၊ထိုအချိန်မှစ တင်ကာ တာမွေ(ယာယီ)ဈေးတွင် ယနေ့အချိန်ထိ(၂၉)နှစ်တိုင်အခြေ ချရောင်း ဝယ်ခဲ့ကြကြောင်းသိရ သည်။ယခုတာမွေ(ယာယီ)ဈေးတွင်-၅ပေ*၅ပေမှတ်ပုံတင်ဆိုင်ခန်း (၄ ၄၂)ခန်း၊တာမွေပလာဇာမှပြောင်း ရွှေ့ဖွင့်လှစ် ထား သည့်ဆိုင်ခန်း (၁၄ ၇)ခန်းနှင့် အမိုးအကာ ပျံကျ ဆိုင်ခန်း(၅၆၉)ခန်း၊ အမိုးအကာမဲ့ ပျံကျဆိုင်ခန်း(၂၃၇)ခန်းနှင့်ရောင်း ဝယ်ဖောက် ကား မှုများပြုလုပ်လျှက် ရှိကြောင်းသိရသည်။
အဆိုပါဈေးသို့ ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် တိုင်း ရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ မှတာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်ဦးဝင်းထိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ နှင့်(၁၉)ရက်နေ့တွင် အမျိုးသားဒီ မိုကရေစီပါတီသစ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် တို့ဈေးသူဈေးသားများနှင့်တွေ့ဆုံ ခဲ့ကြ ကြောင်း သိရသည်။
- ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး
- နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
- ကျပ်နှစ်သိန်းတန်ဂျီအက်(စ်) အမ်ဖုန်းများကိုရန်ကုန်မြို့နယ် ၆ မြို့နယ်တွင် မေ ၁၈ စရောင်းမည်
- Dr Mrs Marilyn Waring က ကုန်သည်စက်မှုအသင်းချုပ်အတွက် မေ ၁၉ တွင်ဟောပြောပွဲကျင်းပမည်
- ရန်ကုန်မြို့တော် ရေးပေးဝေရေးစနစ် ဂျပန်မစ်ဆူဘီရှီ အကူညီဖြင့်ဆောင်ရွက်မည်

