» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



RFA သတင်းဌာနနှင့် ရန်ကုန်မီဒီယာ သတင်းအဖွဲ့တွေ့ဆုံ

RFA သတင်းဌာနနှင့် FLOWER NEWS (ရန်ကုန်မီဒီယာ) သတင်းအဖွဲ့တို့သည် ယနေ့ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel  ၌ တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်လည်ပတ်ခဲ့သော RFA သတင်းဌာနမှ Executive producer , Mrs.SuSan Lavery မြန်မာပိုင်းဌာနမှုး ဒေါ်ငြိမ်းရွှေ ၊ သတင်းထောက် ကိုကျော်ကျော်အောင် နှင့် ကိုနေသံမောင် တို့ နှင့်  FLOWER NEWS  သတင်းအဖွဲ့တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

rfa_view3.jpg

RFA သတင်းဌာနနှင့် FLOWER NEWS သတင်းအဖွဲ့

“ ဒီခရီးစဉ်က short visit ဖြစ်ပါတယ်။ ကျေနပ်အားရမှုရှိခဲ့ပါတယ်” ဟု ဒေါ်ငြိမ်းရွှေက ပြောသည်။ “ လုံး၀ကို ကျေနပ်အားရမှုဖြစ်ခဲ့ပါတယ်” ဟု Mrs.SuSan Lavery က မှတ်ချက်ပေးသည်။ RFA သတင်းဌာနသည် ဖေဖော်ဝါရီ ၁၈ ရက် ကမြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နှင့် လွှတ်တော်မှ တာဝန်ရှိသူများ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး  ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း တို့နှင့် တွေ့ဆုံခဲ့သည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

rfa_view1.jpg

RFA သတင်းဌာနမှ ဒေါ်ငြိမ်းရွှေအား မေးမြန်းစဉ်


“ကျွန်တော်တို့ ခရီးစဉ်က ၅ ရက်ပဲ ရပါတယ်။ ရက်တိုးတော့ ထပ်တောင်းထားပါတယ်။ မရရင်တော့ ဒီညနေပြန်မှာပါ” ဟု ကိုကျော်ကျော်အောင်က ပြောသည်။  RFA သတင်းဌာနမှ Executive producer , Mrs.SuSan Lavery မြန်မာပိုင်းဌာနမှုး ဒေါ်ငြိမ်းရွှေ ၊ သတင်းထောက် ကိုကျော်ကျော်အောင် တို့နှင့် အင်တာဗျူး အပြည့်အစုံကို ဖေဖော်ဝါရီ ၂၆ ရက်တွင်ထွက်ရှိမည့်   FLOWER NEWS ဂျာနယ် တွင် ဖော်ပြပေးမည်ဖြစ်ပြီး ရန်ကုန် မီဒီယာ ဝက်(ဘ်)ဆိုဒ်မှ လည်း မကြာမှီရက်ပိုင်း အတွင်း ဖော်ပြပေးသွား မည် ဖြစ်ပါသည်။