» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စိုးရိမ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်အလွန်စိုးရိမ်ပူပန် နေပါကြောင်း ယင်းပါတီမှ အတွင်းရေး မှုးဦးဉာဏ်ဝင်းကရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။

 မြန်မာနိုင်ငံ၏ အနာဂတ်ရေးအတွက်  အလွန်အရေးကြီးသည့်  ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်ပုဂ္ဂလိ ကလုံခြုံရေး ဝန်ထမ်းသုံးဦး အားခန့် ထားလျှက်ရှိပြီး ယင်းတို့၏စီမံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိုစီစဉ် ဆောင်ရွက် ထားကြောင်း ယင်း ကဆက်လက် ပြောကြားသည်။

''ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ ရေးက တိုင်းပြည်နှင့်လူမျိုးအတွက် အလွန်အရေးကြီးပါတယ်'' ဟု ဦးဉာဏ် ဝင်းကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်အန်င်အယ်ဒီလူငယ်များမှ ထပ်ဆင့်ရွေးချယ်ထား သည့်လူငယ် ပါတီဝင်များ နှင့် အားဖြည့်ထား သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မေတ္တာရပ်ခံ၍ အကူအညီတောင်းခံပါက ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကို ဝိုင်ဝန်း ဆောင်ရွက်ပေး ကြောင်း သိရသည်။

''ပဲခူး ခရီးစဉ်လိုမျိုး တွေမှာလမ်းရှင်း ပေးတာတွေ၊လမ်းကြောင်းလုံခြုံရေးယူတာတွေမှာ ဒေသဆိုင်ရာ  အာဏာပိုင်တွေက ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးပါတယ်။သူတို့တွေက ကျွန်တော်တို့ မေတ္တာရပ်ခံရင် ကူညီပေး တာတွေ ရှိပါတယ်'' ဟု ဦးဉာဏ်ဝင်း ကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည်ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလများ တွင်မြန်မာနိုင်ငံရှိလစ်လပ်မဲဆန္ဒနယ် များသို့နိုင်ငံရေး ခရီးစဉ်များ သွားရောက် မည်ဖြစ်ကာ၊ ယင်းခရီးစဉ်များ တွင်လူထုနှင့်ရင်းရင်း နှီးနှီးထိတွေ့ နိုင်ရန်ပြင်  ဆင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ယင်းသည်နိုင်ငံသားတစ်ဦးဖြစ် သည့်အတွက်သူမ၏လုံခြုံရေးနှင့် ပက်သက်၍ အစိုးရအဖွဲ့အစည်းများတွင် တာဝန်အပြည့်ရှိကြောင်း  သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆို ထားသည်။