» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံမည့် ကော့မှုးမြို့နယ် ကိုရှောင်၍ NDF ပါတီ ၁၃ နေရာ ဝင်ပြိုင်မည်

အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ် အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံ မည့် ကော့မှူးမြို့နယ် ကိုရှောင်၍ ၁၃ နေ ရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိ ရသည်။
အမျိုးသား ဒီမိုကရေစီအင်အား စုပါတီသည် မဟာမိတ်ဖွဲ့ထားသော  ဒီမို ကရေစီမိတ်ဆွေပါတီများ မဲဆန္ဒနယ်များ တွင် ကိုယ်စားလှယ်များမထပ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ၁၃ နေရာသည် ပြည်ထောင်စုလွှတ်တော်  နေရာများဖြစ်သည်။

(NDF)ပါတီသည် ကချင်ပြည် နယ်တွင် ဒေါ်ဘောက်ဂျာ(ဖားကန့်မြို့ နယ်)၊ ဦးမြတ်မိုးမြင့်(မိုးကောင်းမြို့နယ်)၊ မန္တလေးတိုင်း ဒေသကြီးတွင် ဦးလှကို (မဟာ အောင်မြေမြို့နယ်)၊ ဦးနန်းထိုက်ဇော် (တံ တားဦးမြို့နယ်)၊ မကွေးတိုင်းဒေသကြီးတွင် ဦးကျော်စိန်ဟန်(မကွေးမြို့နယ်)၊ ပဲခူးတိုင်းဒေသကြီးတွင် ဦးဝင်းထွန်း (တောင်ငူမြို့ နယ်)၊ ဒေါ်နန်းကြူကြူသန်းဝင်း(လက်ပံ တန်းမြို့နယ်)၊  ရန်ကုန်တိုင်းဒေသကြီးတွင် ဦးကြည်သန်း(သုံးခွမြို့နယ်)၊ ဦးကြီးမြင့် (ဒဂုံ ဆိပ်ကမ်းမြို့နယ်)၊ ဒေါ်ခင်ဖြူဖြူငြိမ်း (မရမ်းကုန်းမြို့နယ်)၊ ဧရာဝတီတိုင်းဒေသ ကြီး တွင် ဦးတင်ဝင်း(ပုသိမ်မြို့နယ်)၊ ဦး အောင်မျိုးလှိုင်(မြောင်းမြမြို့နယ်)၊ ဒေါ်ခင် စုစုအောင်(မအူပင်မြို့နယ်) တို့ဖြစ်သည်။

ယင်းပါတီသည် ၂၀၁ဝရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသည် ၂၀၁ဝရွေးကောက်ပွဲ တွင် လွှတ်တော်နေရာ ၁၀ဝကျော်ဝင်ပြိုင် ခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ၈ နေရာ၊ အမျိုးသား  လွှတ်တော်တွင် ၄နေရာ၊ ပြည် နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်တွင် ၄ နေရာ အနိုင်ရရှိခဲ့သည်။

ယင်းပါတီ၏ခေါင်းဆောင်မှာ ဦးခင်မောင်ဆွေဖြစ်ပြီး ဥက္ကဋ္ဌဒေါက်တာ သန်းငြိမ်း၊ အတွင်းရေးမှူး ဒေါက်တာဝင်း နိုင်တို့ဖြစ်သည်။ ပါတီမှတ်ပုံတင်ခွင့်ရသည့်နေ့ မှာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ရက်ဖြစ် ပြီး ပါတီမှတ်ပုံတင်အမှတ်မှာ ၃၈ဖြစ်သည်။