» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



မြန်မာနိုင်ငံ၏တိုးတက်မှုအခြေအနေနှင့် ယခု လာရောက်ခဲ့သော ယခုခရီးစဉ်သည် အလွန် အားရကျေနပ်မိကြောင်း မစ္စတာ ဗီဂျေနမ်ဘီးယားက ထုတ်ဖော်ပြောကြား

မြန်မာနိုင်ငံ၏တိုးတက်မှုအခြေအနေနှင့် ယခု  လာရောက်ခဲ့သော ယခုခရီးစဉ်သည် အလွန် အားရကျေနပ်မိကြောင်း မစ္စတာ ဗီဂျေနမ်ဘီးယားက ထုတ်ဖော်ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး၏ အထူးအကြံပေးပုဂ္ဂိုလ် ဒုတိယအတွင်းရေးမှုးချုပ် မစ္စတာ ဗီဂျေနမ်ဘီးယား သည် ဖေဖော်ဝါရီလ ၁၇ -ရက် နံနက် ၉နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မထွက်ခွာမီ FLOWER NEWS ၏ ​မေးမြန်းချက်ကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲခြင်းဖြစ်သည်။

mr_vijay_nambair_2.jpg

မစ္စတာ ဗီဂျေနမ်ဘီးယားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အထူးခန်းမဆောင်တွင် တွေ့ဆုံမေးမြန်းစဉ်

“ကျွန်တော် အလွန်အမင်းကို အားရကျေနပ်မှုဖြစ်မိပါတယ်။ အဲဒီအတွက်လည်း ဝမ်းသာပါတယ်။ ဘာကြောင့် အားရကျေနပ်ရတာကိုတော့ နောင်သတင်းထုတ်ပြန်ချက်မှာ အသေးစိတ် ကျွန်တော် ပြောပြပါမယ်” ဟု မစ္စတာ ဗီဂျေနမ်ဘီးယား က လေဆိပ် အထူးခန်းမဆောင်တွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ဂျာနယ် နှစ်စောင်မှ အယ်ဒီတာ နှစ်ဦး နှင့် အစိုးရ သတင်းဌာန ဖြစ်သည့်  မြန်မာ့ရုပ်မြင်သံကြား သတင်းစဉ် တို့သာ တက်ရောက်ခဲ့သည်။