» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



မြန်မာနိုင်ငံတွင် အရေးကြီးပြုပြင်ရမည့် ကိစ္စရပ်များကို ပြည်သူအားဒေါ်အောင်ဆန်းစုကြည် အသိပေး

မြန်မာနိုင်ငံတွင်လတ်တလော ဖြေရှင်းရမည့်အရေးကြီးကိစ္စရပ်များ ကိုအမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့နေ  ပြည်သူလူထုအား  အသိပေး ပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးရေး၊ပြည်တွင်း ငြိမ်းချမ်းရေးနှင့်  ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေးသည်  မြန်မာနိုင်ငံတွင်  လတ်တလော ပြောင်းလဲရန်လို အပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

ပြည်သူများနှင့်  တိုက်ရိုက် သက်ဆိုင်သည့်အပြင်ပြည်သူများ နေ့တဓူဝကြုံတွေ့နေရသည့်ကိစ္စရပ်များသည် တရားဥပဒေစိုးမိုးရေးကိစ္စနှင့်သက်ဆိုင်နေ သည်ကိုပြည်သူများသိ ရှိရန်လိုအပ်ကြောင်း ယင်းကြောင့်အမျိုးသား  ဒီမိုကရေစီ အဖွဲ့ချုပ် အနေ နှင့် ဦးစီးဦးဆောင်လုပ် ဆောင် နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကရှင်းပြ သည်။

''ဒုတိယအချက်ကပြည်ထောင်စုကြီး တိုးတက်ဖို့၊ဖွံဖြိုးတိုးတက်ဖို့ကပြည်တွင်း ငြိမ်းချမ်းရေးလိုပါတယ်နောက်တစ်ချက် ကတော့ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးပါ။ ဒီကိစ္စကဥပဒေစိုးမိုးရေး နဲ့ဆက်နွယ် နေပါတယ်။ အဲဒါကြောင့် မို့ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ  ပြည်သူ လူထုကို အကျိုးပြု တဲ့  ဖွဲ့စည်းပုံ  အခြေ ခံဖြစ်ဖို့လိုပါတယ်'' ဟုယင်းကဆိုသည်။

မြန်မာနိုင်ငံတွင်နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများကိုလုပ်ဆောင်နေခြင်းသာ မကဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ပြည် သူ့ကျန်းမာရေး ဝန်ဆောင်မှုကို အဆင့် မြှင့်တင်ရေးနှင့်  အလုပ်လက်မဲ့ပြသနာ ဖြေရှင်းရေးနှင့်ပညာရေး   အဆင့်တိုးမြှင့်ရေး တို့ကိုလည်းလုပ်ဆောင် ရန်လိုအပ် ကြောင်းကိုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတိကျ သေချာစွာသိရှိကြောင်းယင်းကဆက် လက်ပြောကြားသည်။ အန်အယ်ဒီ အနေဖြင့်ပြည်သူလူ ထုကိုအထောက် အကူပြုစေမည့်စာ သင်ကျောင်းများ၊ ဥပဒေအထောက် အကူပြုကွန်ရက် များကို ဖွဲ့စည်းထား ကြောင်းသိရသည်။

''ကျွန်မတို့လက်တွေ့အမြန်ဆုံးဖြေ ရှင်းရမှာကအလုပ်လက်မဲ့ပြသနာပါ။ ရေတိုမှာတတ်နိုင်သမျှဖြေရှင်းရမယ့်ပြသနာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည် ကမရမ်းကုန်းမြို့နယ်  အမျိုးသားဒီမို ကရေစီ  အဖွဲ့ချုပ်ရုံး ခန်းဖွင့်ပွဲ အခမ်းအနား တွင်ပြောကြားသည်။ လက်ရှိအခြေအနေတွင် ပင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံတွင်ဆင်းရဲနွမ်းပါးမှုလျော့ ချရေး အတွက် မြန်မာနိုင်ငံအား ကူညီလိုစိတ်ရှိသည့် နိုင်ငံများ  နှင့်ပူးပေါင်း၍လုပ် ဆောင်နေခြင်း  များရှိကြောင်း ယင်း ပါတီမှပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ် ဝင်းက  ရန်ကုန်တိုင်းမ်  ဂျာနယ်သို့ ပြောကြားသည်။

''ဒီကိစ္စကိုထိထိ ရောက်ရောက်ဖြေ ရှင်းဖို့ကအချိန်လဲလိုတယ် ရွေးကောက် ပွဲမှာလည်း နိုင်ဖို့လိုတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြုပြင် ရန်လိုကြောင်း ထုတ်ဖော်ပြောကြား သော်လည်း ၂၀၁ဝရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်သည့်  ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှုးဦးဌေးဦးက ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချိန်ယူကာ ရေးဆွဲထား သည့်  ဥပဒေဖြစ်သဖြင့် ပြင်ဆင်ရန်  မလိုကြောင်း  မီဒီယာများ အား ဖြေကြားထားသည်။

''အမေစုကအလုပ်လက်မဲ့ပြသနာကို ဖြေရှင်းဖို့ကြိုးစားပေးမယ်ဆိုတော့ တော်တော်ဝမ်းသာမိတယ်။အခုအချိန်မှာ လူငယ်တွေက အလုပ် မရှိတော့ စိတ်လေပြီး၊  လက်ဘက်ရည်ဆိုင်တွေမှာ၊ဘိလိယက်ခုံတွေမှာ  အချိန်ဖြုန်း နေကြတော့ ကျွန်တော်တို့မြန်မာ လူငယ်တွေရဲ့ တက်လမ်းက ပျောက်နေတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်၏လှည်းကူး မြို့နယ်တွင်ပြောကြားသည့်   မိန့်ခွန်းကို နားထောင်အပြီး ပြန်လာသည့်   လှည်းကူး  ဒေသခံ တစ်ဦး ကဆိုသည်။