» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဒီမိုကရေစီအစိုးရကြောင့် ရွေးကောက်ပွဲဝင်ခွင့်ရဟု ​KIO ဒုဥက္ကဌဟောင်း ဒေါက်တာ တူးဂျာပြောကြား

ဧပြီ၁ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ရန်ခွင့်ပြုခဲ့ခြင်းသည်အစိုးရ မတူခြင်းကြောင့် ဖြစ်ကြောင်း ကချင်ပြည်နယ်၊  မိုးကောင်းမြို့နယ်မှဝင်ရောက် ယှဉ်ပြိုင်မည့်ကချင်လွတ်မြောက်ရေး အဖွဲ့၏-ဒုဥက္ကဌ ဟောင်း ဒေါက်တာ တူးဂျာက ဆိုသည်။

၂၀၁၁ မတ်လတွင်နိုင်ငံ့တာဝန်စတင်ယူခဲ့သည့် အစိုးရသစ်အနေဖြင့် ဒီမိုကရေစီအစိုးရ ဖြစ်သည်နှင့်အားလျော်စွာ  အခြားသောနိုင်ငံရေး  အင်အားစုများကို ရွေးကောက်ပွဲဖြစ်စဉ် တွင်ပါဝင်ခွင့်ပေးသည့်အတွက်ကြားဖြတ် ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင် ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာတူးဂျာ  ကထပ်လောင်းဆိုသည်။ ''အစိုးရသစ်ကနိုင်ငံ့ကောင်းကျိုး အတွက်လုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေ ကိုလမ်းဖွင့်ပေးတာလို့ကျွန်တော်မြင် တယ်'' ဟု ယင်းက ဆိုသည်။

ဒေါက်တာ တူးဂျာဝင်ရောက်ယှဉ် ပြိုင်မည့်ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် သည် အင်အားကြီးပါတီများ ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ တို့က ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထား သည့်နေ ရာဖြစ်သည်။''ကျွန်တော်ကတော့ရွေးကောက် ပွဲကော်မရှင်ကခွင့်ပြုတဲ့အတိုင်းမဲဆွယ် စည်းရုံးရေးတွေလုပ်မယ်။လက်ကမ်း စာစောင်တွေဝေမယ်။ ဒီလိုတစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြ တဲ့အခါဘယ်သူ နိုင်မယ်ဆိုတာ ဘုရားကပဲသိမှာပါ'' ဟုယင်းက ဆက်လက်ပြောကြားသည်။

ဒေသတွင်း ငြိမ်းချမ်းရေးရရှိခြင်း မရှိသည့်ကချင်ပြည်နယ်တွင်ဖွံဖြိုးရေး လုပ်ငန်းများလုပ်ဆောင်လိုသည့်အ တွက်ပြည်တွင်း ငြိမ်းချမ်းရေးကိုအာရုံစိုက်လုပ် ဆောင်သွားမည်ဖြစ်သည့် အပြင်ဒေသခံလူထု၏  နစ်နာမှုများကို လည်းဖွင့်ဟ ဖော်ထုတ်ရန်  အစီအစဉ် ရှိကြောင်း ဒေါက်တာတူးဂျာက ဆက် လက်ပြောကြားသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် ရှမ်းတိုင်းရင်းသားများ  ဒီမိုကရက်တစ် ပါတီဝင် ရောက်ယှဉ် ပြိုင်မည့်လစ်လပ် မဲဆန္ဒနယ်လေး နေရာတွင်အနိုင်ရမည် ဟုကြားဖြတ်ရွေးကောက်ပွဲကြိုကာ လတွင် ခန့်မှန်း ထားသည့် နေရာတစ်ခု ဖြစ်ကြောင်း ယင်းပါတီမှ  ဘဏ္ဍာရေး မှုးဦးစောသန်းမြင့်ကဆိုသည်။