» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဗွီအိုအေ၊ မြန်မာပိုင်းဌာန မှ အကြီးအကဲ ဦးသန်းလွင်ထွန်း နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် Media Development in a Democratic Society အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ နိုင်ငံ စာပေနှင့်စာနယ်ဇင်းဖွဲ့နှင့် Asian Media Information and Communication Center (AMIC) တို့က ကမကထ ပြုလုပ်ပြီး ဇန်ဝါရီ ၃ဝရက် နှင့် ၃၁ရက် တို့တွင် ပြုလုပ် သွားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ပြည်တွင်းပြည်ပမှ သတင်းမီဒီယာများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ယင်းဆွေးနွေးပွဲသို့(Voice Of America-VOA) မြန်မာပိုင်းအစီအစဉ်မှ အကြီးအကဲ ဦးသန်းလွင်ထွန်း တက်ရောက်ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် အချိန်ရခိုက် လေးတွင် ဦးသန်း လွင်ထွန်းနှင့် တွေ့ဆုံခွင့်ရခဲ့ပါသည်။

မေး- ဦးသန်းလွင်ထွန်း ခင်ဗျာ။ အမေရိကားကနေ မြန်မာပြည်ကို တကူးတကလာပြီး ဆွေးနွေးပွဲ တက် ရောက်ဖြစ်တဲ့ အကြောင်းရင်းလေးကို အရင်ဆုံး ပြောပြပေးပါလား။

ဖြေ-ကျွန်တော် ဒီလာတာက အချက်နှစ်ချက် ရှိပါတယ်။တစ်ခုက မြန်မာစာနယ်ဇင်းနဲ့ စာရေးဆရာ များ အသင်းရဲ့ညီလာခံပေါ့။ မြန်မာ့မီဒီယာဖွံ့ဖြိုးရေး နဲ့ ဒီမိုကရက်တစ် ဆိုဆိုက်တီးမှာ မြန်မာ့မီဒီယာအခန်း ကဏ္ဍရဲ့ အစည်းအဝေး လာတက်တာပါ။ နောက် တစ်ခုကတော့ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တုန်းက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဗွီအိုအေတို့ ပူးပေါင်းဆောင်ရွက်မှုကိစ္စလေးတွေ ညှိနှိုင်းထားတာရှိ တယ်။ နောက်ဆက်တွဲ ဆက်လက်ညှိနှိုင်းဖို့လာခြင်း ဖြစ်ပါတယ်။

မေး- ပြင်ပမီဒီယာတွေအနေနဲ့ ပြည်တွင်းကမီဒီယာ တွေအပေါ် လွန်ခဲ့တဲ့နှစ်တွေကမြင်ခဲ့တဲ့အမြင်နဲ့ လက်ရှိအချိန်မှာ မြင်ရတဲ့အမြင်တွေက ဘာတွေများ ကွဲပြားသွားပါသလဲ။

ဖြေ-ပြီးခဲ့တဲ့နှစ် အောက်တိုဘာလောက်ထိကတော့ ပြည်တွင်းကမီဒီယာတွေ ထိန်းချုပ်ခံ ထားရ တယ်။ ဂျာနယ်တွေတော်တော်များများ ရှိပေမယ့် ဂျာနယ်တွေက ကိုယ့်စည်းကိုယ်ထိန်းပြီးတော့ ကိုယ့် ဟာကိုယ် ဆင်ဆာလုပ်နေရတဲ့ အနေအထားမှာ ရှိနေတယ်။ တစ်ဖက်က ဆင်ဆာဘုတ်အဖွဲ့က တင်းကျပ်တာတစ်မျိုးပေါ့။ တချို့အရေးမတော်တဲ့ ဂျာနယ်လေးတွေကလဲ ဒဏ်ခတ်ခံရတာတို့၊ ခဏ အပိတ်ခံရတာ၊ တချို့ အဆွဲခံရတာတွေရှိခဲ့တယ်လေ။နည်းနည်း ဇောင်းထက်တဲ့ စိစစ်ရေးရှိနေတော့ ဂျာနယ်တွေကိုယ်တိုင်ကလဲ ကိုယ့်ဟာကိုယ် ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်နေရခဲ့ရတယ်။ ခုနောက်ပိုင်းမှာ ဆိုရင်တော့ အတိုက်အခံတွေ၊ လှုပ်ရှားမှုအကြောင်း တွေ ရေးလာပြီဆိုတော့ တော်တော်လေးပွင့်လင်း လာပြီလို့မြင်တယ်။ ခုလက်ရှိ အချိန်ထိတော့ ထုတ်၊တင်ဆိုတဲ့ စနစ်ကြီးကရှိနေတော့ ချီထားတုန်း ပဲလေ။ ရေးတာတော့ ရေးနေကြတယ်ဆိုပေမယ့် အချိန်မရွေး ဒဏ်ခတ်ခံရမယ်ဆိုတဲ့ အနေအထားမျိုး တွေရှိနေဦးမယ်ဆိုတော့ နည်းနည်း ကိုယ့်ဟာကိုယ် ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြသေးတယ်လို့ မြင်တယ်။ ဂျာနယ်တွေအနေနဲ့ ထောင့်စိအောင်လုပ်နိုင်ဖို့တော့ သိပ်မတွေ့ရသေးဘူး။ ဒါကအခွင့်အလမ်းလဲ ပါမယ် ထင်တယ်။ ဥပမာ-အပစ်အခတ် ရပ်စဲရေးအတွက် လုပ်ကြတဲ့နေရာမှာ အစိုးရကအပစ်အခတ်ရပ်စဲရေး လုပ်တဲ့နေရာမှာ အစိုးရတာဝန်ခံတွေနဲ့ ထဲထဲဝင်ဝင် ဘာလဲဆိုတာ မေးပိုင်ခွင့်တွေရှိရသလို အလားတူ တစ်ဖက်ကတစ်ချိန်က သူပုန်လို့ သတ်မှတ်ခံထားရ သူတွေကိုလဲ တွေ့ဆုံပြီးသူတို့ရဲ့အမြင်၊ တိုင်းရင်းသား ဒေသတွေမှာ နေထိုင်ကြတဲ့ အပစ်အခတ်ပြည်သူ တွေရဲ့အမြင် တွေဒါမျိုးတွေကိုထောင့်စုံအောင် တင်ပြ နိုင်တာတွေ သိပ်မတွေ့ရသေးဘူး။ ဒါက ပြည်တွင်း သတင်းမီဒီယာသမားတွေ အားနည်းတယ်လို့ ထောက်ပြ ပြောတာမျိုးတော့ မဟုတ်ဘူး။ ပိုကောင်းမယ့် အချက်လေးတွေကို အကြံပြုတာပါ။

မေး- ဒီတစ်ခုတည်းလား။ နောက်ထပ်ရော အကြံပြု စရာတွေများ ရှိပါသေးလား။

ဖြေ-ဂျာနယ်သမားကောင်းဆိုရင် ကိုယ်ရည် ကိုယ် သွေး တက်လာအောင် လုပ်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။ ပေါ်ပင်လိုက်နေတာထက်  ကိုယ်ရည်ကိုယ်သွေးပြည့်အောင် ကြိုးစားနေဖို့အရေး ကြီးတယ်။ ကျွန်တော်တို့နဲ့အရင်လုပ် ဖော်ကိုင်ဖက် တွေဖြစ်တဲ့ ၈၈က ကျောင်းသားခေါင်းဆောင်တွေ နဲ့တွေ့တဲ့အချိန်မှာလဲ အခုခေတ်ဂျာနယ်တွေက များ လာတယ်တဲ့။ ကျွန်တော်တို့တွေကိုမေးကြတာတွေမှာ နည်းနည်း အက်ကြောင်း ထပ်တယ်ဗျာတဲ့။ဒီလို ပြောသံကြားတော့ အကြောင်းအရာတစ်ခုကို သတင်း ဌာနတွေက ဝိုင်းလုပ်ကြတာပဲ။ ဒါပေမဲ့ အက်ကြောင်း မထပ်အောင်လို့ မတူတဲ့ရှုထောင့်လေးတွေကနေ လုပ်ရတယ်။ ဥပမာ-ညီလာခံတစ်ခုကို သတင်းထောက် သုံးယောက်လောက်ကို လွှတ်လိုက်တယ် ဆိုပါစို့။

U_Than_Lwin_Tun2.jpg

ဦးသန်းလွင်ထွန်း နှင့် တွေ့ဆုံမေးမြန်းစဉ်

ပြန်ထွက်လာတဲ့အခါမှာ ဒီသတင်းထောက်တွေ ရေးတဲ့သတင်းတွေက မတူနိုင်ဘူး။ ဒါကတကယ့်ကို ပရော်ဖက်ရှင်နယ် သတင်းထောက်မျိုးတွေဆိုရင်ပေါ့။  ဘာကြောင့်လဲဆိုတော့ သူသန်ရာသန်ရာဆွဲပြီးတော့ လူစိတ်ဝင်စားအောင်ရေးတာ။ ညီလာခံဆိုတာကြီးကို ပြောတာမဟုတ်ဘဲနဲ့ ညီလာခံမှာပြောတဲ့ အချက် တစ်ခုကို ရေးပြလိုက်တာ။ နောက်တစ်ယောက်ကလဲ အခြားအချက်တစ်ခုကို ဆွဲထုတ်ပြီးတော့ ရေးလိုက် တယ်။ ဆန့်ကျင်ဘက် ရှုထောင့်တွေဖြစ်သွားတာပေါ့။ ဒါတွေက ကျွန်တော်တို့လုပ်ရတဲ့ အလုပ်တွေပဲလေ။အားလုံးက ဒီညီလာခံကို ရောက်လာပြီးတော့ ဆွေးနွေးပွဲလုပ်တယ်။ ဘယ်သူတွေ တက်တယ်ဆိုတဲ့ ခေါင်းစဉ်တွေချည်းပဲ ကူးချနေမယ်ဆိုရင်တော့ဒီ သုံး ယောက်စလုံးရဲ့သတင်းတွေက အတူတူပဲဖြစ်နေမယ်။

မေး- အရင်ကဆို ဒေါ်အောင်ဆန်းစုကြည်လို သတင်းမျိုးတွေကို ပြည်ပသတင်းဌာနတွေကပဲ တင်ဆက်လို့ရခဲ့တယ်။ ခုဆိုအထိုက်အလျောက်အား ဖြင့် လွတ်လွတ်လပ်လပ်သတင်းတွေ ဖော်ပြခွင့်ရပြီ။ဆိုလိုတာက မဇ္ဈိမလိုသတင်းဌာနမျိုးတွေက ပြည်ပမှာ သတင်းရယူရတာနည်းနည်းလေး အခက်တွေ့လာ တယ်လို့ ခုနကပဲ ဦးစိန်ဝင်းကကျွန်တော့်ကို ပြောပြ ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလာပြီး တခြား သတင်းမီဒီယာတွေနဲ့ ပူးပေါင်းလုပ်ဆောင်တော့မှာ လို့လဲ သိရတဲ့အတွက်ပါ။ ပြည်တွင်းကသတင်းတွေ ကို ပြည်တွင်းသတင်းဌာနတွေက ဖော်ပြနိုင်ခွင့်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်ပကသတင်းဌာနတွေကလဲ  နောက်ပိုင်းမှာဘယ်လိုဗျူဟာမျိုး တွေချမှတ်ထားတာ ရှိလဲ။

ဖြေ- ကိုယ်တို့ကတော့ ပြည်တွင်းသတင်းသမားတွေ ကို ပြိုင်ဆိုင်ဖို့တော့မရှိဘူး။ သူ့ကဏ္ဍနဲ့သူ ရှိနေ ကြတယ်ဆိုတာသိတယ်။ နိုင်ငံခြားမှာ ရပ်တည်နေတဲ့ သတင်းဌာနတွေကလဲ ကိုယ့်အသိစိတ်နဲ့ကိုယ်  သတ်မှတ်ထားတဲ့ လုပ်ခွင့်ရှိတဲ့ ဘောင်က နေလုပ်တယ်။ ပြည်တွင်းကမီဒီယာတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို အပြင်ကသတင်းဌာန တွေကနေ ပိုပြီးတော့ သုံးသပ် ပေးနိုင်တာမျိုးတွေ လုပ်ပေးနိုင်တာပေါ့။ ခုဆို ပြည်တွင်း ကဂျာနယ်တွေဆို ပိုပြီးတော့ အင်အားကြီး လာကြပြီ။ လူတွေအဖတ် အများဆုံး သတင်းတွေကို အဆွဲဆောင်နိုင်ဆုံးနဲ့ ဂျာနယ်တွေက ပီပီပြင်ပြင်နဲ့ သတင်းတွေကို တင်ဆက်နိုင်ရင် တင်ကျန်ရစ်ခဲ့မှာ ပေါ့။

မေး- မြန်မာနိုင်ငံမှာ လွတ်လပ်ပွင့်လင်းမှု ရှိလာပြီ ဖြစ်တဲ့အတွက် ပြည်ပသတင်းဌာနတွေကပြည်သူတွေကို ပိုပြီးတော့ သတင်းတွေပေးနိုင်အောင် ပြည်တွင်းမှာပဲ ဗွီအိုအေဌာနေ သတင်းထောက်ထားဖို့ ရှိပါသလား။

ဖြေ- ထားဖို့လုပ်နေတယ်။ ဒါပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက လက်တွေ့အားဖြင့်တော့ ခွင့်မပြုသေး ဘူး။ အစ်ကိုတို့ဆီက လာမယ့်သတင်းထောက်တွေ ကိုပဲ လှည့်ပတ်ပြီးတော့ လာခွင့်ပဲပေးနေသေးတယ်။

ခုလိုဖြေကြားပေးတဲ့တွက် ဦးသန်းလွင်ထွန်းကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။