အခြေခံလူ့အခွင့်အရေးဆိုင်ရာ အသိနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များအား လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးလေးစား လိုက်နာမှုစံနှုန်း များသိရှိနိုင်စေရန် အတွက်အထူး သင်တန်းများ ပို့ချပေးရေး အဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တ တိယပုံမှန်အစည်းအဝေးတွင်တင် သွင်းခဲ့ကြသည်။
အဆိုပါအဆိုအား လွှတ်တော်အစည်းအဝေး ပထမနေ့ ဖြစ်သော ဖေဖော်ဝါရီ(၁၄)ရက်နေ့ တွင်လွှတ်တော်သို့တင်သွင်းခဲ့ ပြီး လွှတ်တော် ဒုတိယနေ့ ဖေဖော်ဝါရီ (၁၅)ရက်နေ့တွင် အဆိုပါဒေါက် တာညိုညိုသင်းတင်သွင်းသော အဆိုအား ကိုယ်စားလှယ်(၃)ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး သက်ဆိုင် ရာဝန်ကြီးဌာနမှ ပြန်လည် ဆွေးနွေး ခဲ့သည်။
အဆိုရှင် ဒေါက်တာညိုညိုသင်းအား လွှတ်တော်ဥက္က ဌက သဘောထား အားမေးမြန်းရာ ''ကျွန်မဟာသာမန်လူနေရပ် ကွက်ထဲမှာ လုံခြုံရေး အစောင့် အရှောက်လုံးဝမရှိတဲ့နေရာမှာ ရှိတဲ့ သာမန်အမျိုးသမီးကိုယ်စားလှယ် တစ်ယောက်ပါ။ အဲ့လိုလူကလက် နက်ကိုင်ရဲတပ်ဖွဲ့ကို စိန်ခေါ်ရာရောက်တဲ့ ဒီလိုအဆိုကိုတင်သွင်း ရခြင်းဟာ မကြောက်လို့မဟုတ် ပါဘူး။ကြောက်ပါတယ်။သို့သော် လည်းခုနက ကိုယ်စားလှယ်များ အချို့ တိတိကျကျ တင်ပြသွားခဲ့ကြသလို ရဲတပ်ဖွဲ့ဝင်အချို့ဟာ အခြေခံ လူ့အခွင့်အရေးတွေကို ဆိုးဆိုး ဝါး ဝါးချိုး ဖောက်နေကြပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ကို သွားနေတဲ့ မြန်မာနိုင်ငံရန်ကုန်မြို့မှာရှိတဲ့ရဲ တပ်ဖွဲ့ဝင်အချို့ဟာ ညသန်းခေါင် ကျော်ရင်အချုပ်သား အချို့ကိုအပျင်းပြေပြီး ထုတ်ရိုက်ပါတယ်။ကူညီပါရစေ ဆိုတဲ့ပြည်သူရဲ့ လူ့အခွင့်အရေး ကော်မရှင်ကို အမှန်တရားကို တင်ပြတိုင်ကြားခဲ့ကြတဲ့ ပြည်သူ(၁၁)ဦးကိုလည်း ပုဒ်မ (၂၈၁)အရမမှန်မကန် သတင်းပေး တိုင်းကြားမှုနဲ့ တရားစွဲဆိုမှုကိုမ နက်ဖြန်(၁၆) ရက်နေ့မှာ ပြည်သူ (၁၁)ဦးက သန်လျင်တရားရုံးမှာရင် ဆိုင်ရမှာဖြစ်ပါတယ်။ ''ရဲလည်းတရားစွဲလို့ရတာပဲ'' လို့ဆင်ခြေပေး လို့ရပါတယ်။ ဒါဆိုရင် ရာအိမ်မှူး ကပါးရိုက်တာ ကိုခံရတဲ့ အမျိုးသမီး၊ စခန်းမှူးရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့အမျိုးသမီး၊အသက်(၁၄)နှစ် အရွယ်သမီးပျောက်ဆုံးလို့တိုင် ကြားတဲ့ဖခင်၊(၁၆)နှစ်သမီးကို ဖြားယောင်းမုဒိမ်း ကျင့်ခံရလို့ လာရောက် တိုင်ကြားတဲ့ မိခင်တို့အတွက်သက် ဆိုင်ရာရဲ တွေဟာ တာဝန်ပျက်ကွက် ခဲ့ပါတယ်။ ပြည်သူ့တွေရဲ့ အခြေခံလူ့ အခွင့်အရေးကိုငြင်းပယ်ခဲ့ပါတယ်။ဒီလိုဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ ''အရှိ'' တရားတွေဟာ လူသားချင်းညှာ တာထောက်ထား မှုဆိုင်ရာအခြေခံ လူ့အခွင့်အရေးများ ကိုလေးစား လိုက်နာမှုဆိုင်ရာ''အသိ'' တရား များ ကင်းမဲ့နေကြောင်းဖော်ပြ နေပါတယ်။ ဒါပြင် ရန်ကုန်မြို့ဟာ နိုငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများရုံး စိုက်ရာမြို့လည်းဖြစ် လို့၎င်းတို့ဟာ မြန်မာနိုင်ငံရဲ့လူ့အ ခွင့်အရေးတိုး တက်မှု အခြေအနေ ကို စဉ်ဆက်မပျက် စောင့်ကြည့်အကဲ ဖြတ်နေကြလို့ လက်နက်ကိုင်ပြည် သူ့ရဲများရဲ့ လူ့အခွင့်အရေးစောင့် ထိန်းနိုင်မှု အခြေအနေဟာ မြန်မာ နိုင်ငံရဲ့ပုံရိပ်အတွက်အလွန်ပဲအရေး ကြီးပါတယ်။ဒါကြောင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ မဖြစ်မနေ မြို့နယ် ရဲစခန်းများရှိ ပြည်သူ့ရဲများကို အခြေခံ လူ့အခွင့် အရေးသင်တန်းများ အဆောတ လျင်ပေးရန်လိုအပ်နေပါတယ် လို့ပြောချင်ပါတယ်'' ဟု ဆွေးနွေး ခဲ့သည်။
အဆိုပါဆွေးနွေးချက် နှင့်ပက်သက်ပြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင် ဝင်းက''လူ့အခွင့်အရေး ဆိုင်ရာ ဘာသာရပ်ကို ယူနီဆက်ဖ်နှင့်ပူး ပေါင်းပြီး ၂၀၀၈ခုနှစကတည်းက တပ်သား သစ်အဆင့်မှ အရာရှိ အ ဆင့်ထိ စဉ်ဆက်မပြတ်ပို့ချပေးနေ ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ လည်းဆောင်ရွက်ပေးနေပါတယ်။အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းနှင့် အထူးအစီရင် ခံစာစံနှုန်း များ အတိုင်းဆောင်ရွက် လျှက်ရှိပါတယ်။ ရဲစည်းကမ်းဥပ ဒေနဲ့လည်းထိထိရောက်ရောက် ဆောင်ရွက်နေပါတယ်''ဟု ပြန် လည် ဖြေကြား ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှမြောက်ဥက္ကလာပ မဲဆန္ဒနယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်း မောင်က ''မြို့နယ်အချို့က ရဲတပ်ဖွဲ့ ဝင်အချို့က အခြေခံ လူ့အခွင့်အ ရေးကို ဆိုးဆိုး ရွားရွား ချိုးဖောက်နေ ကြပါတယ်။ အရက်သောက်ထားသူ၊ မှောင်ရိပ်ရောက် နေသူတွေကို တွေ့ရှိရင် တရားဥပဒေကို လိုသလို အဓိပ္ပာယ်ဖွင့်ဆိုပြီး လူသားချင်း စာနာစိတ်ကင်းမဲ့စွာနဲ့ အချိန်တိုအတွင်း မှာ အရေးယူ ဆောင်ရွက်ခဲ့သည့် ကိစ္စအချို့ ပေါ်ပေါက်ခဲ့ ပါတယ်။ အဲဒါကတော့ သံလျင်မြို့နယ်မှာ အရက်သမားကြီးလို့ အရပ်ကသိတဲ့သူကို ရာအိမ်မှုး တစ်ဦးက အဆိုပါ အရက်သမား ပြည်သူတစ်ဦးအား ရဲအချုပ် မှ တဆင့် တရားရုံးသို့တင်ပြသဖြင့် ထောင်ငါးရက် ကျခံခဲ့ရပါတယ်။ ဒါကြောင့် ဒေါက်တာညိုညိုသင်း တင်သွင်းသွားတဲ့အဆိုကို လေးလေးနက်နက် ထောက်ခံအပ် ပါတယ်'' ဟုဆိုသည်။
သင်္ကန်းကျွန်းမြို့နယ် မှဦးကျော်ကလည်း အဆိုအား ထောက်ခံဆွေးနွေးရာ '' ကျွန်တော်ကိုယ်တိုင် ၁၉၆၀ ခုနှစ်က ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီမှာ အချုပ်သား လိုဆက်ဆံခံ ရပါတယ်။အဲဒီအချုပ်ခန်းမှာ ရေလည်း ကိုယ့်ဘာသာ ဝယ်ရတယ်။ မီးမလာရင်လည်း ဖယောင်းတိုင် ကိုယ့်ဘာသာ ဝယ်ရပါတယ်။ ဒါကျွန်တော့် ကိုယ်တွေ့ပါ။ယနေ့ မျက်မှောက်ခေတ်မှာ ပြစ်မှုတစ်စုံ တစ်ရာရှိခဲ့ရင် တရားခံသတ်မှတ် ခံရပြီး ဝန်ခံအောင် ညှင်းပန်းနှိပ် စက်ကြပါတယ်။ဒါကြောင့် ပြည်သူတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရတာကို ဒီမိုကရေစီ စံနှုန်း၊ လူ့အခွင့်အရေး ဆိုင်ရာ သင်တန်းတွေကို ရဲတပ်ဖွဲ့ဝင်များ အား ပို့ချသင့်ပါ ကြောင်း ထောက်ခံ ဆွေးနွေးအပ်ပါတယ်'' ဟုဆိုသည်။
ဗဟန်းမဲဆန္ဒနယ် အမှတ်(၁)မှ ဦးမြင့်ကြည်က ''ဒေါက်တာညိုညိုသင်း တင်သွင်း သွားတဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများဆိုင်ရာ သင်တန်းပေးရန်အဆိုကို ထောက်ခံအပ်ပါတယ်။ဘာလို့လဲ ဆိုရင် ဥပမာ အချို့ကို တင်ပြသွား ပါမယ်။ ကျွန်တော်တို့ ဒီမိုကရက် တစ်ပါတီကို တိုင်ကြားလာတဲ့ သန်လျင်မြို့နယ် ပြစ်မှုကြီးအမှတ် (၁၀၃၂) အရ စွပ်စွဲခံရသူ မောင်ကနား ဟာ စတင်ချုပ်နှောင် ခံရစဉ်က လူကောင်းဖြစ်ပြီး အချုပ်တွင် ရှိနေစဉ် နှိပ်စက် ညှင်းပန်းခံရသဖြင့် တစ်လအတွင်း သုံးကြိမ်တိုင်တိုင် သံလျင်ပြည်သူ့ ဆေးရုံသို့ မိသားစုအား အသိမပေးဘဲ သွားရောက်ကုသခံ ရပါတယ်။ အင်းစိန်ထောင်တွင်း ဆေးရုံမှ ဆရာဝန် ဦးတိုးမောင်ကလည်း ဒဏ်ရာကြောင့် ခါးနာသဖြင့် အထူးကုသမားတော် ပြသ ရန် လိုအပ်ကြောင်း တရားရုံးမှာထောက် ခံတင်ပြ သွားပါတယ်။ထောင်မှ အာမခံနှင့် ထွက်သည့် နေ့တွင်ရန် ကုန်ဆေးရုံကြီး၌ ကျောက်ပတ် တီးစည်းခဲ့ရပါတယ်။ ဒါတွေကို ကြည့်ရင် သက်ဆိုင် ရာရဲများ ဟာ အခြေခံ လူ့အခွင့်အရေးကို တန်ဖိုးမထားဘဲ ပြည်သူကို ရိုက်နှက် ညှင်းပန်း နေကြောင်း ထင်ရှားပါ တယ်။ ဒါကြောင့် ဒေါက်တာညိုညို သင်း ရဲ့အဆိုကို လေးလေး နက်နက်ထောက်ခံတင်ပြပါတယ်'' ဟုဆိုသည်။
အဆိုပါအဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။အဆိုပါအဆိုအား ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

