စီးပွားရေးမြို့တော် ရန်ကုန်တွင် မြို့တွင်းခြောက်မြို့နယ်အပြင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်သည့် ဒုတိယနယ်မြေ (Second Central Business District) သစ်တစ်ခုကို ဖော်ထုတ်တည်ထောင်တော့မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် ဖွံ့ဖြိုးမှုစီမံ ကိန်းရေး ဆွဲရေးကော်မတီ အကြံပေး မြို့ပြဗိသုကာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာကျော်လတ်က ရန်ကုန် တိုင်းမ်ဂျာနယ် သို့ပြော သည်။
အဆိုပါဒုတိယစီးပွားရေးဇုန်အား မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတစ် ဝိုက်တွင်တည်ထောင်ရန် အကြမ်းဖျင်း လျာထားကြောင်း ယင်းက ဆက်လက် ပြောသည်။ ''လောလောဆယ်အဆိုပြုထား တာပဲ။ မြို့ထဲမှာက အရမ်းကျပ်နေပြီ။ မီးဘေးတို့၊ တခြားသဘာဝဘေးတို့ ကြုံရင် ဒုက္ခတွေ့နိုင်တယ်။ ပြီးတော့ ယာဉ်ကြောအနေထားကလဲ အရမ်း ကျပ်နေပြီ။ နောက်ဆင်ခြေဖုံးမြို့နယ် ကလူတွေအနေနဲ့ တစ်ခုခုလိုရင် မြို့ထဲ အထိသွား နေရတော့ အချိန်ကြာ တာ ပေါ့။ နောက်ထပ် စီးပွားရေးဇုန် တစ်ခု လုပ်လိုက်တော့ အစစအရာရာအဆင် ပြေသွားတာပေါ့'' ဟု ယင်းက သုံးသပ် ပြောသည်။
လက်ရှိတွင် စီးပွားရေးဇုန် Central Business District (စီးပွားရေး ရင်းနှီးမြှုပ်နှံသည့်ဇုန်)အဖြစ် မြို့တွင်း ခြောက်မြို့နယ်နှင့် ဆိပ်ကမ်းနယ်မြေ အတွင်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့်ကမ်းနားလမ်းကြား၊ သန်လျက် စွန်းနှင့် ဝါးတန်းလမ်းကြား အတွင်း၌ သာစုပြုံတည်ရှိနေရာ ယင်းနေရာများ တွင် တစ်စထက်တစ်စ လူနေထူထပ် လာခြင်း၊ အထပ်မြင့်တိုက် များများပြား လာခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းများကြောင့် ဒုတိယ စီးပွားရေး ဇုန် တစ်ခု လိုအပ်လာခြင်း ဖြစ်ကြောင်း ယင်းက ဆိုသည်။
ရှစ်မိုင်လမ်းဆုံအား ဂြိုလ်တုဓာတ်ပုံမှ မြင်တွေ့ရစဉ်
''ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ တော်ဖွံ့ဖြိုးမှု စီမံကိန်းရေး ဆွဲရေးကော်မတီကို အကြံပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ စီမံကိန်းအသစ်များပြုလုပ်အ ကောင်အထည်ဖော်ရာမှာ စီးပွားရေး သမားတွေက အခွင့်အရေး ရှာအမြတ် ထုတ်မှုကြောင့် ပြည်သူတွေ နစ်နာဆုံး ရှုံးမှုတွေ မဖြစ်အောင်တော့ ဆောင်ရွက်နိုင်ဖို့လိုတယ်'' ဟု ဒေါက်တာကျော် လတ်က ပြောသည်။
ယင်းနှင့်စပ်လျဉ်း၍ ပန်းဘဲတန်း မြို့နယ် ၃၂လမ်းရှိ စက္ကူအမျိုးမျိုးရောင်း ဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ''ဒီလိုစီး ပွားရေးဇုန်အသစ်နေရာပေါ်လာတာ ကောင်းပါတယ်။ ဈေးကွက်အသစ်ရ လာနိုင်သလို နီးစပ်ရာဖောက်သည်တွေ အတွက်လဲ အဆင်ပြေတာပေါ့။ ကျွန် တော်ကတော့ကြိုဆိုတယ်'' ဟုဆိုသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ''ဒီလိုမျိုး မြို့တွင်းခြောက်မြို့နယ်အပြင် အခြား နေရာတွေကိုမှာပါ စီးပွားရေးနယ်မြေ အဖြစ်လုပ်မယ်ဆိုတာက ကောင်းတာ ပေါ့။ တစ်နေရာတည်း စည်ကားနေတာ ထက် သူ့နေရာနဲ့သူ စည်ကားလာရင် ဖွံ့ဖြိုးမှုကွာဟ ချက်တွေ ကျဉ်းမြောင်း သွားမယ်။ ဒါဆိုရင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိုပါ အထောက်အပံ့ဖြစ် စေမယ်။ ပြီးတော့ မြို့နယ်တိုင်းသာ သူ့နေရာနဲ့ သူစည်ကားရင် ဆင်ခြေဖုံး ကလူတွေ မြို့ထဲကိုပဲပြုံတိုး နေတာမျိုး မဟုတ်တော့ ဆက်သွယ်သွားလာရေး အခက်အခဲကြုံနေတဲ့ ပြဿနာတွေ လျော့ပါးသွားစေမယ်။ ဒါ့အပြင် ပစ္စည်း တစ်ခုကို ရန်ကုန်ရဲ့ ဘယ်နေရာ မှာပဲ ဝယ်ဝယ် ဒီဈေးပဲဆိုရင် သယ်ယူပို့ဆောင် ရေးစရိတ်တွေ ကျဆင်းသွားမှာဖြစ်တဲ့ အတွက် မလိုလား အပ်တဲ့ကုန်ကျစရိတ် တွေလဲ အတိုင်းအတာ တစ်ခုတော့ပြေလည်သွား စေလိမ့်မယ်'' ဟု သုံးသပ် ပြောသည်။

