တာမွေမြို့နယ်၁၆၄လမ်း (လမ်းတို)နှင့်ကျိုက္ကဆံလမ်းထောင့် တွင်ဖေဖော်ဝါရီ၁၄ရက်နံနက်၉နာ ရီခန့်တွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာအိမ်အမှတ်၃၆၉ မှပေါ့ဆမီးကြောင့်စတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်းတာမွေ မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်တိုင်းဂျာနယ်သို့ ပြောကြားသည်။
မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်မှု မြင်ကွင်း
''ထိခိုက်ဒဏ်ရာ ရရှိမှုတော့မရှိပါဘူး။ အိမ်ခြေအရေအတွက်နဲ့ ဆုံး ရှုံးမှုတန်ဖိုးကတော့ မသိရှိရသေးပါဘူး'' ဟုတာမွေမြို့နယ်မီးသတ်တပ် ဖွဲ့မှတပ်ခွဲမှူး စံသိန်းကပြောသည်။ မီးစတင်လောင်ကျွမ်းမှုမှာ ဂက်စ်မီးဖိုဖြင့် ငါးကြော်ရာမှစတင် လောင်ကျွမ်းခြင်း ဖြစ်ပြီးနံနက်၉ နာရီမှစတင်လောင်ကျွမ်းပြီး ၉နာရီ၃၀ဝန်း ကျင်ခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်းမီးလောင်မှုကိုမျက်မြင် တွေ့ရှိသူတစ်ဦးကပြောသည်။
''စလောင်တဲ့အိမ်ရဲ့အရှေ့မှာ သစ်အရောင်းဆိုင်နှစ်ဆိုင်ရှိတယ်။ မီးသတ် တပ်ဖွဲ့က လူတွေကသစ်ဆိုင် တွေကိုရေတွေနဲ့အရင်ဆုံးဖြန်းတယ်။ မီးလောင်တာ ကိုဖြန်းတယ်။မီးသတ် ကလက်ဦးသွားလို့အခုလောက်ပဲ မီးလောင်မှု ဖြစ်သွားတာ။အဲဒီလို သာမဟုတ်ရင်အကုန်လုံးကုန်ပြီ'' ဟု ၁၆၄လမ်း(လမ်းတို)မှ မီးလောင်မှု ကိုတွေ့ရှိသူ တစ်ဦးကပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်မှုမြင်ကွင်း
မီးလောင်ကျွမ်းမှု မှာရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရွှေဘိုရိပ် သာအနောက်ဘက်တွင်မီးလောင် ကျွမ်းခြင်းဖြစ်ပြီးယင်းနှင့်ပတ်သတ် ၍ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လည်း''ကျွန်တော်တို့ကရုံးတက်နေ ပြီ။ မီးလောင်တယ် ဆိုတော့မှပြေး လာကြတာ။ အဲဒါနဲ့ဘာပစ္စည်းမှကို မယူနိုင်ပါဘူး။ အသက်ကြီးတဲ့လူ ကြီးတွေ ကိုတွဲခေါ်ပြီးအိမ်အောက် ကိုပြေးဆင်းရတယ်။ကျန်တာက တော့မီးဝိုင်းသတ်ကြတာပေါ့'' ဟု အဆိုပါရဲရိပ်သာမှ ရဲဝန်ထမ်းတစ် ဦးက ပြောကြားသည်။ မီးလောင်ရာသို့ တာမွေမီးသတ် တပ်ဖွဲ့၊ အင်းစိန်၊ လှိုင်၊ ဗဟန်း၊ သာကေတ နှင့်အခြားမြို့နယ်များ မှ မီးသတ်အင်အား ၁၀၀ဝကျော်ဖြင့် မီးငြိမ်းသတ်ခဲ့ ကြောင်းသိရသည်။

