» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဝက်သားဒုတ်ထိုးအိုးကြောင့် အလယ်ရွာတွင် အိမ်ခြေ ၆၀၀ ကျော် မီးလောင်ဆုံးရှုံး

ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ရှိ

ဝက်သားဒုတ်ထိုးအိုးတည် ထားသည့်  မီးသွေးမီးဖို မီးကြွင်း မီးကျန်မှ တဆင့် အိမ်ခြေ ၆၀၀ ကျော် မီးလောင်ဆုံးရှုံးမှုတစ်ရပ် လှိုင်သာယာ မြို့နယ် အလယ်ရွာ ကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ လှိုင်သာယာမြို့နယ် ရွှေပြည်သာ တံတားအဆင်းညာဘက် အလယ် ရွာကျေးရွာတွင် ယနေ့ဖေဖော်ဝါရီ ၆ရက်နေ့ နံနက် ၁၁ နာရီခွဲကျော် ခန့်တွင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးမှု  တန်ဖိုးသိန်း ၁၀ဝကျော် ခန့်ရှိ ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီး ဌာန၏ မွန်းလွဲ ၃နာရီ ခွဲအချိန် ကနဦး စာရင်းများအရသိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့ နယ် အလယ်ရွာကျေးရွာနေ ပိုင် ရှင် ဦးမိုးဇော် ၊ဇနီး မခိုင်တို့၏ ဓနိ မိုး ထရံကာ ၁ဝပေပတ်လည်အိမ်  တွင် ဝက်သား ဒုတ်ထိုးအိုးတည် ထားသော မီးသွေးမီးဖို မီးကြွင်း မီးကျန်မှတဆင့် စတင်လောင် ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ၁ဝပေ ပတ်လည် ဓနိမိုး ၊ထရံကာ အိမ်  အိမ် ၃၀၂ လုံးနှင့် သွပ်မိုး ၊ပျဉ်ကာ အိမ် ၃၇ လုံး မီးလောင် ဆုံးရှုံး ခံခဲ့ ရကြောင်း ရန်ကုန်တိုင်းမီးသတ် ဦးစီးဌာန သိရသည်။

အဆိုပါ မီးလောင်မှုသည် မွန်းလွဲ ၃နာရီခန့်တွင် မီးငြိမ်းသွား ခဲ့ခြင်းဖြစ်ပြီး   မီးဘေးဒုက္ခသည် များအား အလယ်ရွာ ကျေးရွာမှ အောင်ဇေယျာမင်း ပရဟိတ ဘုန်းတော်ကြီး ကျောင်းတွင် ကယ်ဆယ်ရေးစခန်း  ဖွင့်လှစ်ထားရှိကြောင်း သိရသည်။