လယ်ဝေး မြို့နယ်အထွက် ရွက်နုဝေ စက်သုံးဆီဆိုင်သည် ယနေ့နံနက် ၁၀နာရီကျော် အချိန်တွင် မီးလောင်မှု ဖြစ်ပွားလျက်ရှိနေကြောင်း နေပြည်တော်သို့ အကယ်ဒမီ သတင်းသွား ရောက်ရယူနေကြသည့် ရန်ကုန်မီဒီယာဂရုပ် သတင်း အဖွဲ့၏ နေပြည်တော် မှပေးပို့ချက်အရ သိရသည်။
ရွက်နုဝေ စက်သုံးဆီဆိုင် မီးလောင်မှုမြင်ကွင်း
လယ်ဝေးမြို့နယ် မြွေရိုးလေးရွာတွင် ရှိသော ရွက်နုဝေ ဆီဆိုင်မီးလောင်မှုကြောင့် နေပြည်တော်တွင်ရှိသော မီးသတ်ဦးစီးဌာနမှ မီးသတ်ကားများမှ မီးငြိမ်းသတ်ရန် ၁၀နာရီ သုံးဆယ်မိနစ်တွင် ရောက်ရှိလာပြီး မီးငြိမ်းသတ် လျက်ရှိနေ ကြောင်း ယခုအချိန်တွင် မီးကိုထိန်းချုပ် နိုင်ခဲပြီ ဖြစ်သော်လည်း စက်သုံးဆီဆိုင် ဖြစ်နေသည့်အတွက် မီးကို ဂရုတစိုက် ငြိမ်းသတ်နေရကြောင်း ပေါက်ကွဲမှုများ မဖြစ်ပေါ်စေရန် အတွက် လည်း ကြိုးစားငြိမ်း သတ်နေ ကြောင်း သိရသည်။ ယင်းမီးလောင်မှု ဖြစ်ပွားရာ ပတ်ဝန်းကျင် တစ်ဝိုက်တွင် နေအိမ်များ ရှိမနေခြင်းကလည်း မီးကူးစက်လောင်ကျွမ်းမှုကို ကြီးမားစွာ ဖြစ်ပေါ်ခဲခြင်း မရှိကြောင်း ကိုဒေသခံတစ်ဦးက ယခုလို ပြောပြခဲ့သည်။
ရွက်နုဝေ စက်သုံးဆီဆိုင် မီးလောင်မှုမြင်ကွင်း
“ဆီဆိုင်က ရန်ကုန် ၊ မန္တလေး အဝေးပြေး လမ်းမပေါ်မှာ ပဲတည်ရှိတာပါ။ ပတ်ဝန်းကျင်မှာတော့ ဆိုင်နဲ့ နီးကပ်တဲ့ အိမ်တွေမရှိတာကလည်း ကံကောင်းပါတယ်။ ဆီဆိုင်မီးလောင်ရတဲ့ အကြောင်းအရင်းကို တော့စုံ စမ်းနေဆဲ ပဲလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်မီဒီယာဂရုပ်မှ သတင်းအဖွဲ့၏ မေးမြန်းချက်ကို ဖြေကြားခဲ့ကြောင်း သိရသည်။
ရွက်နုဝေ စက်သုံးဆီဆိုင် မီးလောင်မှုမြင်ကွင်း

