ဆင်ကျောက်ဖြစ် ရုပ်ကြွင်းနှင့် ဆင်သင်္ချိုင်းဟုယူဆရသော နေရာအား ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။
''ဆင်တွေအစုလိုက် အပြုံလိုက် သေတဲ့နေရာလို့ ယူဆရတယ်။ အခုတွေ့ရှိ တာနဲ့ပတ်သက်ပြီး ပြောရရင် (၁)အချက် က ဆင်သင်္ချိုင်း အမှန်တကယ်ဖြစ်ချင်ဖြစ် မယ်၊ (၂) အချက်က ဆင်သင်္ချိုင်းမဟုတ် ခဲ့ရင် နှစ်ပေါင်းငါးသန်းမှ ဆယ့်ငါးသန်း ကြား ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်နိုင် တယ်၊ (၃)အချက်ကတော့ ဒါမှ မဟုတ်ရင် သတ္တဝါတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်ရ မယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ ရှေးဟောင်းသုတေသန ဦးစီးအရာရှိကတော့ အနည်းဆုံး နှစ်ငါးသန်း လောက်ရှိမယ်လို့ ယူဆတယ်လ ပြောပါတယ်''ဟု ယင်းရှေး ဟောင်းကျောက်ဖြစ် ရုပ်ကြွင်းရှာဖွေဖော် ထုတ်သည့်အဖွဲ့မှ ဦးထွန်းသန့်က ပြော သည်။
ဆင်သင်္ချိုင်း ဟုယူဆရသော နှစ် ပေါင်းငါးသန်းကျော်သက်တမ်းရှိ ကျောက် ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာ နေရာသည် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အတွင်း တောင်ကြောတစ်နေရာတွင် တွေ့ရှိခြင်း ဖြစ်သည်။ ယင်းနေရာတွင် ထင်သာမြင် သာရှိသည့် ဆင်ရိုး၊ ဆင်စွယ်၊ ဆင်အံနှင့် အပိုင်းအစ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ ရှိရကြောင်း သိရသည်။
''စပြီးသတင်းပေးတဲ့သူက ပွင့်ဖြူမြို့နယ် ရှောက်တောရွာမှာရှိတဲ့ ဒေသ ခံဦးသောင်းရွှေနဲ့ သူရဲ့သားသမက် အင် ဂျင်နီယာဦးအောင်မိုးက သတင်းပေးတာ။ ကျွန်တော်လဲ နေပြည်တော် ဝန်ကြီးရုံးကို ချက်ချင်းသတင်းပို့တယ်။ အဲဒီကမှ ဦးစီး အရာရှိက အကူအညီတောင်း လို့ ချက်ချင်း ပဲအဲဒီရွာကို ဆင်းတယ်'' ဟု ဦးထွန်းသန့် က ပြောသည်။
ယင်းရှေးဟောင်းကျောက် ဖြစ် ရုပ်ကြွင်း ရှာဖွေဖော်ထုတ်ရေးအဖွဲ့တွင် နေပြည်တော်ဝန်ကြီးရုံးသို့ သတင်းပေးပို့ သူဦးထွန်းသန့်၊ သတင်းပေးသူ ဦးအောင် မိုး(အင်ဂျင်နီယာ)၊ မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွှန် ကြားရေးမှူးဦးစောလွင်၊ ဦးစီးမှူး ဦးပွင့် ကောင်းနှင့် ကံကြီးရွာနယ်မြေခံ ဦးအေး လှိုင် စုစုပေါင်းငါးဦးပါဝင်ကြောင်းသိရသည်။
ဆင်ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစ
''ကျွန်တော်တို့ရောက်တဲ့အချိန် မှာ မြေပေါ်ပေါ်နေတဲ့ဟာတွေကို ကောက် ယူထားကြတယ်။ နားတော့ မလည်ကြ ဘူးပေါ့။ တန်ဖိုးရှိမှန်းလဲ မသိကြဘူး။ ကျွန် တော့်အနေနဲ့ ဒါဟာ နိုင်ငံ တော်နဲ့ရပ်ရွာ အတွက် အများကြီးအကျိုးရှိတယ်။ ဒါ ဟာ မြေကြီးထဲမှာရှိမှ တန်ဖိုးရှိတာ။ မြေ ကြီးထဲက ဖော်ထုတ်လိုက်ရင် ဘာမှတန်ဖိုး ရှိမှာမဟုတ်ဘူးလို့ ရှင်းပြခဲ့ရတယ်။ ကျွန် တော်တို့လုပ်နေတာက ကိုယ်ကျိုးအတွက် မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ ဒေသအကျိုးရှိ ဖို့အတွက် ဖော်ထုတ် ပေးနေတာပါ'' ဟု Gread Strides(Myanmar)Co.;Ltd. မှ ဒါရိုက် တာ ဦးထွန်းသန့်က ပြောသည်။
ယင်းဆင်သင်္ချိုင်းဟု ယူဆရ သော နှစ်ပေါင်းငါးသန်းကျော်သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာနေရာ အကျယ်အဝန်းသည် တောင်သုံးလုံးဝန်းရံ ထားပြီး တစ်မိုင်ပတ်လည်ခန့်ရှိကြောင်း သိရသည်။ ''အဖွဲ့မရောက်မီ သီတင်းတစ် ပတ်လောက်ကြိုရောက်နေတော့ ရွာသား တွေအပါအဝင် မြို့နယ်နဲ့ဒေသခံတွေက အဲဒါတွေကို ကောက်ယူ ထားကြတယ်။ ဒါကြောင့် လိုချင်တဲ့မှတ်တမ်းအထောက် အထားကို သိပ် အားမရဘူးဖြစ်သွားတယ်'' ဟု ရှာဖွေဖော် ထုတ်ရေးအဖွဲ့တွင် ပါဝင်သူ တစ်ဦးက ပြောသည်။
ဆင်ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစ
အဆိုပါတွေ့ရှိချက်သတင်းနှင့် ဓာတ်ပုံမှတ်တမ်းများကို နေပြည်တော်ရှိ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်များညွှန်ကြားမှု ဦးစီး ဌာနနှင့် တခြားလိုအပ်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြမည်ဖြစ် ကြောင်း သိရသည်။ ''ဖော်ထုတ်လို့ ဆင်အရိုးတွေချည်း ပဲ အချပ်လိုက်ထွက်လာရင်တော့ ဆင်သင်္ချိုင်းဖြစ်နိုင်ဖို့များတယ်။ ဆင်သင်္ချိုင်း ဆိုတာ ကမ္ဘာမှာ အင်မတန်မှ ရှားပါတယ်။ ဆင်သင်္ချိုင်းတစ်ခု သတ်မှတ်ဖို့အတွက် အင်္ဂါ ရပ်တွေ အများကြီးလိုပါတယ်။ ဒါကို မြန်မာမှာ တွေ့တာမှန်ခဲ့ရင် နိုင်ငံဂုဏ်ရှိ မယ်။ အနည်းဆုံး မကွေးတိုင်းဒေသတော့ ဖွံ့ဖြိုးတိုးတက်လာမယ်။ ကျေးရွာတွေအ တွက် စည်ကားလာမယ်။ နောက်ဖွံ့ဖြိုး တိုးတက်အောင် ဟိုတယ်တွေဆောက်၊ တံတား တွေဆောက် လာမယ်။ ပြည်ပခရီးသွား တွေအတွက်လဲ တကယ့်ကို စိတ်ဝင်စား စရာဖြစ်လို့ဒေသလဲ ဖွံ့ဖြိုးလာနိုင်ပါတယ်။ ခရီးသွား လုပ်ငန်းအတွက်လဲ ဈေးကွက်သစ် တစ်ခုပေါ်ထွက်လာနိုင်ပါတယ်လို့ ယူဆ ရပါတယ်'' ဟု ဦးထွန်းသန့်က ပြောသည်။
ယခုအခါ အဆိုပါဆင်သင်္ချိုင်း ဟု ယူဆရသော နှစ်ပေါင်းငါးသန်းကျော် သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရာနေရာကို ဒေသခံနယ်မြေတာဝန် ရှိသူများအား လုံခြုံရေးအတွက် တာဝန် ယူထားပြီး တွေ့ရှိချက်များကို သက်ဆိုင် ရာဝန်ကြီးဌာနများသို့ တင်ပြပြီးပါက နိုင်ငံတော်အဆင့် လေ့လာဖော်ထုတ်မှုများပြု လုပ်ပြီး ယင်းနေရာကို ဆင်သင်္ချိုင်းဟုတ် မဟုတ် အတည်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

