ဘုရင့်နောင်ဘက်မှ မောင်းနှင်လာသော ကွန်တိန်နာယာဉ် နံပါတ် ပ/၈၇၄၅ သည် သီရိမင်္ဂလာ ဈေးသစ် ကြီးရှေ့တွင် ယာဉ်၅စီးအား ဆက်တိုက် ဆင့်တိုက်မှုတစ်ခု ဖေဖော်ဝါရီ၂၁ ရက်နေ့လယ် ၁၂နာရီကျော်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုတွင် ကွန်တိန်နာ ယာဉ်မှအရှိန်လွန် မောင်းနှင်မှုကြောင့်ခရီးသည်ယာဉ် တစ်စီး၊အငှားယာဉ်တစ်ဦး၊ကိုယ်ပိုင် ယာဉ်သုံးစီး တို့ကို ဆင့်ကဲတိုက်မှု ဖြစ်ပွားသီရိမင်္ဂလာဈေးသစ်သို့ဈေး ကြိုလာသည့်အသက်(၅၀)အရွယ် ရှိအမျိုးသမီးတစ်ဦးခါးထက်ပိုင်း ပြတ်ကာ ပွဲချင်း ပြီးသေဆုံးခဲ့ပြီးအ မျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး ပွဲချင်းပြီးသေဆုံးသွားသော အသက်(၅၀)အရွယ်ရှိအမျိုးသမီး
ပွဲချင်းပြီးသေဆုံးခဲ့သည့် အမျိုးသမီးမှာ လှိုင်သာယာစက်မှုဇုန် (၁)၊၅ ရပ်ကွက်၊ နဝရတ်လမ်း၊ မော်ရွှေမြိုင် အဆောင်တွင်နေထိုင် သည့်ဒေါ်ခင်မာအေး ဆိုသူဖြစ် ကြောင်းသိရသည်။ ''ကလေးတွေကျောင်းပိတ်လို့ အမေက ဈေးကြိုဆင်းလာတာ။ အ ခုငါးခြောက်တွေဈေးကြိုပြီးပြင်ဖို့ လုပ်နေတုန်းအခုလိုမျိုးဖြစ်တာပါ'' ဟုသေဆုံးသူ၏ သမီးဖြစ်သူမစုမာဝင်း ကရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောသည်။ အခင်းဖြစ်ပွားခဲ့သည့် ကွန်တိန်နာ ယာဉ်မှ ယာဉ်မောင်း ဖြစ်သူကိုပိတောက် ချောင်းရဲ စခန်းမှထိန်းသိမ်း ထားကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာမြင်ကွင်း
''ကုန်သေတ္တာယာဉ်ကကျွန် တော့်ကားကိုအရင်ဆုံးတိုက်တာ။ ကားကတစ်ဖက်ကားလမ်းကိုလွင့် သွားတယ်။ကားတွေရှင်းနေလို့တော သေးတယ်။လူတော့ဘာမှမဖြစ်ပါ ဘူး''ဟုအဆိုပါယာဉ်တိုက်မှုတွေ ပါဝင်ခဲ့သည့်ပါပလေကားမောင်း သူကပြောသည်။ ''ဖြစ်တာကငါးခြောင်းရောင်း တဲ့အဒေါ်ကြီးကကားလမ်းဘေးမှာ ရပ်နေတာ။အဲဒါကိုအရင်ဆုံးကုန် သေတ္တာတင်တဲ့ ကားကသူနဲ့အတူ ပါလာတဲ့ အထမ်းသည်ကိုတိုက် တော့လွင့် သွားတယ်။ နောက်မှအဲဒီ အဒေါ်ကြီး တိုက်ရှေ့ဘီးနဲ့တိုက် တယ်။ပြီးတော့နောက်ဘီးကျိတ်သွား တယ်''ဟု ယင်းဖြစ်စဉ်ကိုမြင်တွေ့ ခဲ့ သည့်မျက်မြင်ကြုံခဲ့သူ တစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာမြင်ကွင်း
''ကားကအရှိန်တော့သိပ်မ များဘူး။ဒါပေမယ့်ဘယ်လိုမျိုးဖြစ် တယ်ဆိုတာကိုတော့မသိရသေးပါ ဘူး'' ဟုအခင်းဖြစ်ပွားခဲ့သည့်နေရာ မှယာဉ်ထိန်းတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့်မိနစ် ၂ဝခန့်ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

