» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



အဲကမ္ဘောဇလေယာဉ် သံတွဲတွင် ရှေ့ဘီးကျိုးသဖြင့် ဗိုက်ဖြင့်ဆင်းသက်ခဲ့ရ

အဲကမ္ဘောဇ လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ဟဲဟိုးမှ သံတွဲလေဆိပ်သို့ အဆင်းတွင် လေယာဉ်ရှေ့ဘီး ကျိုးသွားသဖြင့် ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ အဆိုပါလေယာဉ်တွင် ခရီးသည် ၅၂ ဦး လိုက်ပါစီးနင်းခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ယင်းခရီးသည်များကို သံတွဲလေဆိပ်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။

“ကမ္ဘောဇ လေယာဉ်က ဟဲဟိုးလေဆိပ်ကနေ သံတွဲလေဆိပ်ကို အဆင်းမှာ ဖြစ်တာပါ။ ခရီးသည်တွေအားလုံးကတော့ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး၊လေဆိပ်မှာစောင့်ရှောက်ထားပါတယ် ၊အခုအဲဒီခရီးသည်တွေကို ရန်ကုန်ကို ပြန်နိုင်အောင် အဲကမ္ဘောဇက လေယာဉ်တစ်စီး ထပ်မှာထားတယ်” ဟု သံတွဲမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါလေယာဉ်သည် ပြင်သစ်နိုင်ငံလုပ် ATR-72(500)  လေယာဉ်အမျိုးစားဖြစ်ကြောင်း အဲကမ္ဘောဇ မှ စုံစမ်းသိရှိရသည်။