» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ကမ္ဘာမြေတည်နေပုံ

ရန်ကုန်တိုင်းမ် ဂျာနယ် စာဖတ်ပရိသတ်အား ဗုဒ္ဓဘာသာ ဆိုင်ရာသိမှတ်ဖွယ်ရာ များကို လေ့လာသိရှိ ကျင့်ကြံအားထုတ်နိုင်ခြင်းဖြင့် အစဉ်အလာ မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာဝင်ကောင်းများအဖြစ် နေထိုင် ကျင့်သုံးစေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန မှ ထုတ်ဝေသည့် “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်။ ဆက်လက် လည်း ကောက် နုတ်ဖော် ပြပေးသွား ပါမည်။

ဤ လူကမ္ဘာ၏ မြေနှင့်ကျောက် နှစ်မျိုးလုံး၏ ထုထည်သည် ယူဇနာ နှစ်သိန်းလေးသောင်းရှိ၏။ ဤမြေထုသည် ယူဇနာလေးသိန်းရှစ်သောင်းရှိ ရေခဲထုကြီးပေါ်၌တည်နေ၏ ။ ဤမြေထုနှင့် ရေထု(ယူဇနာ ခုနှစ်သိန်းနှစ်သောင်း)ကို ယူဇနာကိုးသိန်း ခြောက်သောင်း ရှိလေထုကြီးက ပင့်မ သယ်ဆောင်ထားသည်။ ဤလေထုကြီး၏ အောက်၌ အဆုံး အပိုင်းအခြားမရှိသော ကောင်းကင်ကြီး တည်ရှိ၏ ။ ထိုကမ္ဘာ့ဝန်းကျင် ကောင်းကင်ကြီးအတွင်း၌ မီးကလာပ်တွေ အပြည့်ရှိသည် ဆို၏ ။

ဤ ကမ္ဘာသည် အထက်ကောင်းကင်၊ အောက်ကောင်းကင် နှစ်ခုကြား၌ တည်ရှိနေကြောင်း၊ လေထုက သယ်ပိုး ဆောင်ကြဉ်းထား၍ လေ၏ သဘာ၀အလိုက် ရွေ့လျားမှုရှိ နေမည်ဖြစ်ကြောင်း၊ လ စသော အခြားဂြိုလ်များကဲ့သို့ အာကာသ အတွင်းမှာ တွဲလွဲတည်ရှိ နေကြောင်း သိရှိနိုင်ပါသည်။ ဤကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကပင် ဖော်ပြခဲ့သည့် အကြောင်းအရာများ ဖြစ်သည်။ သိပ္ပံပညာရှင်တို့ကမှု ၊ ကမ္ဘာကို ဝိုင်းပတ်ထားသော လေထုသည် တန်ချိန် ၅၇၀၀ ၀၀၀ ၀၀၀ ၀၀၀ ခန့်ရှိသည်ဆို၏ ။ ယူဆချက် နှစ်ရပ်ကို နှိုင်းယှဉ်ကြည့်က စိတ်ဝင်စားဖွယ် ကောင်းလွန်းပေစွ။

 

(ဗုဒ္ဓဘာသာကောင်း တစ်ယောက်) စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

(အယ်ဒီတာ)