“မြန်မာအစိုးရခေါင်း ဆောင်များနဲ့ အနာဂတ်ရေးရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာနိုင်ငံဆီ အလည် အပတ်သွားရောက်ဖို့စီစဉ်နေပါတယ်” ဟု မစ္စတာဘန်ကီမွန်းက ဇန်နဝါရီ ၂၅ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
“သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ လက်ရှိမြန်မာ အစိုးရဟာ နိုင်ငံရေးအကျဉ်းသားများ ကို လွှတ်ပေးခြင်းများ အပါအဝင် သိသာထင်ရှားတဲ့ ပြောင်းလဲမှုများအတွက် ကျေနပ်အားရမှုရှိပါတယ်” ဟု ၎င်းက သတင်းထောက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည် ဖြစ်ပြီး မြန်မာအစိုးရ၏ ဒီမိုကရေစီပြောင်းလဲမှုများနှင့် ပတ်သက်၍လည်း ချီးကျူး ပြောကြားလိုက်သည်။ မစ္စတာဘန်ကီမွန်းသည် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်လာရောက်ခဲ့ပြီး ယခုလာရောက်မည့် ခရီးစဉ် သည် တတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်သည်။
Source: Reuters

