» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



သိမ်ကြီးဈေး တွင် မြေအောက် ကေဘယ်ကြိုး ဝါယာရှော့ဖြစ်ပွား

ဝါယာရှော့ ဖြစ်ပွားခဲ့မှုသည် ၁၀နာရီခွဲခန့် က စတင်ဖြစ်ပွားခဲ့ပြီး ဈေးသူဈေးသားများမှ မီးသတ်ဆေးဗူးများဖြင့် ငြိမ်းသတ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် ၄ စီးလာရောက်ခဲ့ကြောင်းသိရသည်။
ယင်းဖြစ်ပွား မှုတွင် အရောင်း ဆိုင်များမီးလောင် ဆုံးရှုံးမှုမရှိခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

wire_shock3.jpg

မြေအောက် ကေဘယ်ကြိုး ရှော့ဖြစ်ပွားရာနေရာ


အဆိုပါမြေအောက် ကေဘယ်ကြိုး ရှော့ဖြစ်မှုတွင် မီးသတ်ဆေးဗူး ၁၆ ဗူးခန့်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း နှင့် ယင်းဝါယာရှော့အတွက် မီးသတ်ကား ၄စီး မီးငြိမ်းသတ်ရန်လာရောက်ခဲ့ကြောင်း အနီးအနားဆိုင်မှလာရောက်ကူညီ ငြိမ်းသတ်ခဲ့သူတစ်ဦးကပြောသည်။ဖြစ်ပွားရာနေရာသို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ၁၁ နာရီခွဲ အချိန်ခန့်တွင် ချက်ချင်းလာရောက် ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းသိရသည်။

wire_shock1.jpg

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ လာရောက်ပြုပြင်စဉ်

ထိုသို့ပြုပြင်ရာတွင် မီးလောင်ကျွမ်း ခဲ့သော ကေဘယ်ကြိုး အရှည် ပေ၁၀ ခန့်အား လဲလှယ်ပြုပြင်ရမည် ဖြစ်ကြောင်း လာရောက်ပြုပြင်ရေးအဖွဲ့တွင် ပါဝင်သူ အထက်တန်းအရာရှိတစ်ဦးမှပြောကြားသည်။ အဆိုပါသိမ်ကြီးဈေးအတွင်းရှိ မြေအောက် လျှပ်စစ် ကေဘယ်ကြိုးမှ ဝါယာရှော့ဖြစ်မှုသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယခုတစ်ကြိမ်မှသာ  အနီးအနားမှ  ပစ္စည်းအနည်းငယ်သို့ မီးကူးစက်လောင်ကျွမ်းခဲခြင်းဖြစ်သည်။