» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဌာနဆိုင်ရာ နှစ်ခုမှ ဝင်ငွေကိန်းဂဏန်းတိုးမရသေးသော လိုင်စင်မဲ့လက်ဖက်ရည်ဆိုင် ၊စားသောက်ဆိုင်၊အခြား ဝင်ငွေရလုပ်ငန်းများ လိုင်စင်ပေး၍ အခွန်ဆောင်သင့်ပြီ

ကိုလူလှတို့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာ  ဟိုးလွန်ခဲ့တဲ့နှစ်နှစ်က လက်ဖက်ရည်ဆိုင် လိုင်စင်သက်တမ်းတိုးရင်း စည်ပင်က အခွန်သွားဆောင်ဆိုတာ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကိုယ့်လို ဆိုင်သမားအချို့ဟာ အခွန် မဆောင် နိုင်ဘူး။ မဖွင့်တော့ဘူးဆိုကာ ပြန်သွားပြီး ပြန်ဖွင့်နေတာ ယနေ့အထိပါပဲ။ လိုင်စင်သက်တမ်းတိုး ရလား၊ မရလားဆုတာကိုတော့ လူလှ မသိပါဘူး။ ဟော နောက်နှစ်ကျတော့ စည်ပင်ကသက်တမ်းတိုး ရင်း အခွန်ထောက်ခံစာ မလိုတော့ဘူး ဖြစ်ပြန်ရော။ ဒါပေမဲ့ လူလှတို့လို အခွန်ရုံးမှာ  စာရင်း ပေါက်ပြီးသား သူတွေ အဖို့တော့ နိုင်ငံတာဝန်ကို အခွန်ပေးပြီး ရောင်းမြဲရောင်း  ရတုန်းပါပဲ။

ဒါပေမဲ့ ဘာဖြစ်သလဲဆိုတော့ လက်ဖက်ရည် ဆိုင်တွေများလာတော့ လူလှတို့လို တာဝန်ကျေဆိုင်တွေမှာ ရောင်းအားတွေကျဆင်း လာရပါတယ်။ ဟော ဟိုတစ်လောက မြို့တော်စည်ပင်ဥပဒေအရဆိုလား ဘာလား လိုင်စင်မဲ့ဆိုင်တွေ စည်ပင် ဒဏ်ကြေး  ကိုဆက်ကာ ဆက်ကာ ဒဏ်ဆောင်နေတဲ့သူ တွေဆိုင်ဖွင့်ရင် တစ်ရက်လျှင် ဒဏ်ငွေကျပ်၁၀၀၀ဝဆိုတော့ ရက်အနည်းငယ် ဆိုင်အပိတ်ပြပြီး ဟေ့ ခုတော့လဲ ဘာကြောင့် ဆိုင်ပြန်ဖွင့် နိုင်ကြတာလဲ မသိပါဘူး။

လူလှပြောချင်တာက ဒီလိုလိုင်စင်မဲ့၊ အခွန်မဲ့ဆိုင်တွေ ဖွင့်နေရင်တော့ဖြင့် လူလှတို့တိုင်းဒေသကြီးရဲ့လိုငွေ  ၂၂ဘီလီယံ ကို တစ်ထောင့်တစ်နေရာမှ ဝင်ငွေဂဏန်းလေးများဖြည့် ရာ ရောက်နိုင်ပါတယ်။ ဒါကြောင့် မြို့နယ် စည်ပင် သာယာ ကော်မတီနှင့် မြို့နယ် အခွန်များ ဦးစီးဌာန ပူးပေါင်းပြီးတော့ ဆောင်ရွက်ရန်  အချိန်တန်ပါပြီလို့ ဉာဏ်မီသလောက်  တွေးတောပြီး တင်ပြလိုက် ရပါတယ်ခင်ဗျား။

လူလှ(မရမ်းကုန်း)