မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် လာသည့် တာလီ ဘန် ၁၃ဦးကို ဖမ်းဆီး ထားကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုကို ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက နေပြည် တော် တွင် ယနေ့က ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။
ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှ ရှင်းလင်းပြောကြားစဉ်
''တာလီဘန်တွေ ဘူးသီး တောင်-မောင်တောက ဝင်လာတာ အင်မတန် အန္တရာယ်ကြီးတယ်။ အခုလို မျိုး သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းပြီး ပြည်သူတွေ သိအောင် သတင်းထုတ်ပြန် ပေးတာ အလွန်ကောင်းပါတယ်။အခု ဖမ်းဆီးထားတဲ့ တာလီဘန် ၁၃ယောက် ကို ဘယ်လိုအရေးယူမှု တွေပြုလုပ် မယ်ဆို တာ စိတ်ဝင်စားစရာပါပဲ'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားခဲ့သည်။
တာလီဘန်များသည် လွန်ခဲ့ သည့်နှစ်က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့ နယ်စပ်ဘက်မှ ဝင်ရောက် လာခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို ယခုအခါ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။

