» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



တိုင်ရီ အလုပ်သမားအချို့ ဆန္ဒပြမှု ရပ်ဆိုင်း

ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စ၍ ဆန္ဒပြခဲ့ကြသော တိုင်ရီ အလုပ်သမားများ၏ ဆန္ဒပြမှုတွင် အလုပ်သမားအချို့မှ  ဆန္ဒပြမှုအား ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်  အောင်မြင်စွာဖြင့် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ကြောင့် ယခင်က တစ်နာရီလုပ်ခ ၇၅ကျပ်မှ ၁၀၀ ကျပ်သို့ လည်းကောင်း ရက်မှန်ကြေး ၆၀၀၀ မှ ၇၀၀၀ သို့လည်းကောင်း  အိုဗာတိုင်ကြေးများအား တစ်နာရီလျှင် ၁၆၃ ကျပ်မှ ၂၁၈ ကျပ်သို့လည်းကောင်း အသီးသီး တိုးမြှင့် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

emp-tai-yi1.jpg

တိုင်ရီ အလုပ်သမားများ ဆန္ဒပြမှု မြင်ကွင်းများ


“ကျွန်တော်တို့ ဆန္ဒပြမှုကို အောင်မြင်မှု တစ်ရပ်အနေနဲ့ ဒီနေ့မှာပဲ ရပ်ဆိုင်းလိုက်ပါပြီ ၊ မနက်ဖြန်မှာ အလုပ်သမားတွေ အလုပ်ပြန်ဆင်းပါမယ်။ ကျွန်တော်တို့တောင်းဆိုထားတဲ့ အတိုင်းမဟုတ်ပေမယ့် အရင်ထက်တော့ လုပ်ခလစာတွေတိုးလာပါတယ်။ အခုဆိုရင် ကျွန်တော်တို့တစ်နေ့ကို အိုတီဆင်းဆင်း မဆင်းဆင်း အိုဗာတိုင်ကြေး အနေနဲ့ တစ်နာရီကို ၂၁၈ ကျပ်နဲ့ ၄ နာရီစာ ရရှိတော့မှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ အခုလိုရပ်လိုက်သလိုပဲ အချို့ကလည်း ဝါဏ္ဏိဇ ကို  တင်မယ့် ကိစ္စ ဆက်လုပ်ကြမယ့်သူတွေလည်း ရှိပါတယ်” ဟု တိုင်ရီ အလုပ်သမားများ ဆန္ဒပြမှု အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမျိုးမင်းသိန်းက ပြောသည်။

ဆန္ဒပြသူများတွင် အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းသိန်း ဦးဆောင်သော အလုပ်သမားအဖွဲ့ မှ ဆန္ဒပြမှုအား ရပ်ဆိုင်းလိုက်သော်လည်း ကျန်အလုပ်သမားများမှ အလုပ်ရှင်နှင့် အလုပ်သမားများကြား ပြဿနာများအား ကြားဝင်ဖြေရှင်း ပေးမည့် ခုံရုံးသို့တက်မည့်သူများ နှင့် ခုံရုံးသို့မတက်ဘဲ ဆက်လက်ဆန္ဒပြမည့် အလုပ်သမားများ ကျန်ရှိနေသေးကြောင်းသိရသည်။

အဆိုပါ အလုပ်သမားများဆန္ဒပြမှုမှာ ဖေဖော်ဝါရီ ၆ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့ကြောင်းနှင့် တရုတ် နှစ်သစ်ကူးတွင် အလုပ်ပိတ်ခဲ့သောရက်များအား အလုပ်သမားများ၏ လစာမှ ဖြတ်တောက်ခဲ့သည့် ကိစ္စမှ ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ကြောင်း နှင့် ဆန္ဒပြသူ စုစုပေါင်း ၁၈၆၀ ကျော်ခန့်ရှိကြောင်း စတင်ဆန္ဒပြစဉ်တွင် အချက် ၁၇ ချက်အား တောင်းဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် အလုပ်ရှင်ဘက်မှ အချက်အချို့ ကိုလိုက်လျော ပေးခဲ့ခြင်းကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ယင်းဆန္ဒပြမှုအား ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။