» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း

ကိုကိုကြီး ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင်

KKG.jpgမေး - အခုနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက် သိချင်ပါတယ်။

ဖြေ- နိုင်ငံရေး အကျဉ်းသား တွေလွှတ်ပေးတယ်ဆိုတာက အပေါင်းလက္ခဏာ ပါ။ နောက်ဆိုရင်လဲ ကျွန်တော်တို့ ဒီလိုမျိုး လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်၊ သဘောထား ထုတ်ဖော်ခွင့် တွေကြောင့်မို့ ထပ်ဖမ်းတာမျိုးတွေမရှိတော့ ဘူးဆိုရင် လွှတ်ရတာမျိုးမရှိတော့ဘူး။ နောက်ထပ်လွှတ် ရတာဆိုတာ မျိုးကို ကြားလဲ မကြားချင်တော့ဘူး။ ဖမ်းတာ မရှိရင် လွှတ်တာ  လဲရှိတော့မှာ မဟုတ် ပါဘူး။

မေး - ပြောင်းလဲလာတဲ့မြန်မာနိုင်ငံရေးအပေါ်မှာရော ဘယ်လိုမြင်တွေ့ရ ပါပြီလဲ။

ဖြေ- ကျွန်တော့် အနေနဲ့ထောင်ထဲမှာ ပြောက်ကျားပြောက်ကျား  ဝင်လာတဲ့ အ ငွေ့အသက်ကိုပဲ ရလာတာဖြစ်တဲ့အတွက် အခုအချိန်မှာ အပြင်မှာဘာ တွေဖြစ်နေသလဲဆိုတာ ကျွန်တော်ကိုယ်တိုင် လေ့လာဆန်း စစ်ကြည့်ရပါဦး မယ်။

မေး - ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ အင်န်အယ်လ်ဒီပါတီကို ဆက်လက် ဝန်းရံသွားဖို့အစီအစဉ်ရှိသလား၊ ပါတီတည်ထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ စတဲ့အစီအစဉ်တွေကို စဉ်းစားထားပါသလား။

ဖြေ- အဲဒီဟာကိုပြောရရင် ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ကာလကိုပဲ ပြန် ပြောရလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံသားတွေ အားလုံးရဲ့အရေးကို အဓိကထားတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အဲဒီတော့ ၉ဝရွေးကောက်ပွဲထဲမှာ ပါဝင်ပြီး အနိုင်ရခဲ့တဲ့ လူထုကိုယ်စားပြုခဲ့တဲ့ ပါတီ အဖွဲ့အစည်းကို တစ်လျှောက်လုံး ဝန်းရံပေးခဲ့ပါတယ်။ အဲဒီလိုအခြေ အနေကနေပြီး အဖမ်းခံခဲ့ရတယ်။ အဲဒီကလွတ်လာတဲ့အခါမှာ အခုအချိန်မှာ ၂၀၁ဝ ရွေးကောက် ပွဲရလဒ်နဲ့ လွှတ်တော်ဆိုတာ  ပေါ်လာတယ်။ အစိုးရအဖွဲ့ဆိုတာ  ပေါ်လာတယ်။ ဒါဟာ ကျွန်တော်တို့ထောင်ကျနေတဲ့  အချိန်မှာ ဖြစ်ပေါ်လာတဲ့  အခင်းအကျင်းတစ် ခုလဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အတိတ်မှာ  လုပ်လို့ လဲ မရဘူး။ နောက်ဖြစ်ပေါ်လာတဲ့ အနာဂတ်မှာ  လုပ်လို့လဲမရဘူး။ လက်ရှိတွေ့ကြုံ လာတဲ့ အခင်းအကျင်းပေါ်မှာ လက်တွေ့ ကျကျလုပ်ဆောင်သွား  ဖို့က အဓိကတာဝန် ပါပဲ။ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကိစ္စရပ်တွေဆောင်  ရွက်ဖို့အတွက် လောလောဆယ် ၈၈မျိုးဆက်  ကျောင်းသား ခေါင်းဆောင်တွေ ပြန်မဆုံနိုင်သေး ဘဲနဲ့ ဘာမှဆုံးဖြတ်လို့ မရသေးပါဘူး။ ကျွန်တော်တို့အား လုံးပြန်ဆုံပြီးမှ လက်ရှိ  အခြေအနေပေါ်မှာ ကျွန်တော့်အမြင်၊  အခြားသူငယ်ချင်း  တွေရဲ့အမြင်တွေကို ဖလှယ် ကြမယ်။ အကောင်းဆုံး  လုပ်ဆောင်သွားမယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အတိတ်မှာ  လုပ်လို့ လဲ မရဘူး။ နောက်ဖြစ်ပေါ်လာတဲ့ အနာဂတ်မှာ  လုပ်လို့လဲမရဘူး။ လက်ရှိတွေ့ကြုံ လာတဲ့ အခင်းအကျင်းပေါ်မှာ လက်တွေ့ ကျကျ လုပ်ဆောင်သွား  ဖို့က အဓိကတာဝန် ပါပဲ။

မေး- မြန်မာ့နိုင်ငံရေးမှာ ညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ကြဖို့ ဘာတွေအရေး တကြီးလိုအပ်ပါသလဲ။

ဖြေ- ကျွန်တော်ပြီးခဲ့တဲ့ အခေါက်တုန်းက ပြောဖူးတယ်။ ကျွန်တော်တို့နိုင်ငံ မှာ တကယ်ဖွံ့ဖြိုးတိုး တက်မှု မဖြစ်တာဟာညီညွှတ်ရေး မရှိလို့လို့ပြောကြတယ်။ ညီညွတ်ရေး နဲ့ပတ်သက်တဲ့ ကျွန်တော့်  အမြင်က ညီညွတ်ရေး ဆိုတာ အကွဲကျင့် တာပေါ့။ နိုင်ငံရေးလုပ် တယ်ဆိုတာ သဘောထား အမျိုးမျိုးရှိတယ်။ သာမန်မိသားစုထဲမှာတောင် သဘောထား အမျိုးမျိုးရှိတယ်။ ဒါကို ကွဲလွဲခွင့်မရှိဘူး။ ဒီအတိုင်းဖြစ်ရမယ်။ တစ်သွေးတစ်သံတစ်မိန့်ပဲဖြစ်ရမယ်ဆိုရင် ကြောက်လို့သာ ငြိမ်နေရမယ်။ တကယ့်ညီညွတ်ရေးအစစ်ကို ရမှာမဟုတ်ဘူး။ ကွဲတာဟာ လူ့သဘာဝပဲ။ ဒါကြောင့် လုံးဝမကွဲရဘူး  ဆိုတဲ့အစား သတ်မှတ်ထားတဲ့ ကစားပွဲစည်းမျဉ်းထဲမှာ စနစ်တကျကွဲတတ်သွားရင် ညီညွတ်ရေးရသွား ကြမယ်လို့ မျှော်လင့်တယ်။ အဲတော့ အကွဲလေ့ကျင့် လို့ကွဲတတ်သွားရင် ညီသွားလိမ့်မယ်။ ကွဲလွဲတာကို ခွင့်ပြုရမယ်။ ကွဲလွဲတာကိုကြိုဆိုရမယ်။ ကျွန်တော် အဲဒီလိုပဲနား လည်တယ်။

မေး - ကိုကိုကိုကြီးအနေနဲ့ သမ္မတကြီးရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်မျိုးတွေရှိပါသလဲ။

ဖြေ - ကျွန်တော်တို့ သတင်းစာမှာ  ဖတ်ရသလောက်ကတော့ သမ္မတကြီးရဲ့  သဘောထားနဲ့ ထုတ်ပြောတဲ့စကားလုံး  တွေအရကတော့ အများကြီး  မျှော်လင့်ချက် ထားလို့ရပါတယ်။ ဥပမာ-ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အုပ်ချုပ်မှုဆိုတဲ့ စကားလုံး မျိုးတွေဟာ အရင်ကတစ်ခါမှမကြားဖူးတဲ့ စကားလုံးတွေပါ။ လက်တွေ့အကောင် အထည်ဖော်ဖို့ပဲ လိုအပ်ပါတယ်။

မေး - လွှတ်တော်နိုင်ငံရေးဟာ ဘယ်လောက် အထိအောင်မြင်မှု  ရရှိနေတဲ့ အနေ အထားလို့မြင်ပါသလဲ။

ဖြေ - ကျွန်တော် သတင်းစာတွေမှာ တွေ့ရသလောက် ကတော့ ဆွေးနွေးတဲ့လူ၊ အဆိုတင် သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်   တွေဟာ ဒီလူ၊ ဒီလူပဲဖြစ်နေတာကို သတိထားမိတယ်။ ရာနဲ့ချီပြီးရှိတဲ့ လွှတ်တော်  ကိုယ်စားလှယ်တွေထဲမှာ တကယ့် တမ်းဆွေးနွေး  ပြောဆိုနေတဲ့လူဟာ လက်ချိုးရေလို့ရ သလိုမျိုးဖြစ်နေတယ်။ တက် လာတဲ့ ကိုယ်စားလှယ်တိုင်းဟာ တက်တက်ကြွကြွနဲ့ ပြည်သူလူထုကို ကိုယ်စားပြုပြီး ပြောတာ၊ ဆိုတာ၊ ဆွေးနွေးတာ တွေ လုပ်ဖို့လိုပါတယ်။ နောက်ပြီး  လူအရေအတွက် ပြည့်အောင်လာ  ထိုင်နေတာထက်ကို မဲဆန္ဒရှင်တွေကို ကိုယ်စားပြုတဲ့သဘော ထား  အသီးသီးတွေ သယ်ဆောင်လာတာမျိုး၊ ကွဲပြားတဲ့  လွှတ်တော်ပုံစံမျိုးဖြစ်စေ ချင်တယ်။

မေး - မြန်မာ့နိုင်ငံရေးမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ တွေ့မြင်လာရမယ့်အနေအထားရှိ တယ်လို့ ထင်ပါသလား။ ယခင် လေး၊ ငါးနှစ်ကနဲ့ ယနေ့မှာ ဘယ်လောက်အထအပြောင်းအလဲဖြစ်သွားတယ်လို့ ထင်ပါသလဲ။

ဖြေ-တကယ်ပြောရရင် နိုင်ငံရေးအလုပ်ဆိုတာ အင်မတန်ညင်သာသိမ်မွေ့တဲ့အ လုပ်ပါပဲ။ နောက်ဆုံးပြောကျစို့ဆိုရင် လွှတ်တော် ဥက္ကဋ္ဌကိုယ်တိုင်၊ သမ္မတကိုယ်တိုင်က ပါလီမန်ဒီမိုကရေစီ အတွေ့အကြုံမရှိခဲ့ပါဘူး။ အဲဒီလိုအချိန် အနေကတော့ ပုံသဏ္ဍာန်အားဖြင့် လွှတ်တော် ပေါ်လာတယ်။ အစိုးရအဖွဲ့ပေါ်လာတယ်။ ဒီမိုကရေ စီကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိစကားတွေလဲ အထပ်ထပ်ကြားရတယ်။ ဒီတော့ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိတယ်ဆိုရင် ရဲရဲတင်းတင်း ပြောင်းလဲဖို့လိုတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြောက်မနေဖို့လိုတယ်။ လုပ်မှဖြစ်မယ်ဆိုတဲ့ အသိ လဲရှိတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှု   တွေကို ကြောက်နေမယ်ဆိုရင် ရေကူးတတ် ချင်ပေမယ့် ရေထဲမဆင်း ရဲတဲ့လူလို ရေထဲကို ရဲရဲတင်းတင်းဆင်း ကြည့်ဖို့ တိုက်တွန်းလို ပါတယ်။

မေး - ၈၈ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ အနာဂတ်  မြန်မာ့နိုင်ငံရေးအတွက် ဘယ်လိုသဘောထားမျိုးတွေရှိပါသလဲ။

ဖြေ - မြန်မာ့နိုင်ငံရေး သမိုင်းမှာ အရေးကြီးတဲ့ ကွေ့ကြီးတွေရှိတယ်။ အဲဒါက ၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့ကာလက ကွေ့တစ်ခု၊ ၁၉၆၂ခုနှစ် စစ်တပ်ကအာဏာ သိမ်းသွားတဲ့  ကာလက ကွေ့တစ်ခု၊ နောက် ၁၉၈၈ခုနှစ် တစ်ပါတီ   အာဏာရှင်စနစ်ကို ဖြိုချလိုက်တဲ့ ကွေ့တစ်ခုပါ။ အဲဒီတော့ ကျွန်တော်တို့ ၈၈မျိုး  ဆက်ဟာ တိုင်းပြည်ရဲ့ အလှည့်အပြောင်းအတွက် အရေးကြီးတဲ့ကွေ့တစ်ခုမှာ တာဝန်ယူခဲ့တဲ့ ပါဝင်ဆောင် ရွက်ခဲ့တဲ့  အင်အားစုပါ။ ဒီအင်အားစုကို  ပစ်ပယ်ပြီး  လုပ်ခြင်းဟာ သမိုင်းကို သစ္စာ ဖောက်ရာ  ရောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး - ၈၈မျိုးဆက်ခေါင်းဆောင်တစ်ဦးအနေနဲ့ ၈၈မျိုးဆက်ဆိုတဲ့ အဓိပ္ပါယ်ကိုရော ဘယ်လိုဖွင့်ဆိုချင်ပါသလဲ။

ဖြေ - ကျွန်တော်တို့ စတင်  နာမည်ပေးထားကတည်းက ၈၈မျိုးဆက်ကျောင်း သားများဆိုတာ အင်္ဂလိပ်လို  Student Generations Since ၁၉၈၈ လို့ အမည် ပေးခဲ့ခြင်းပါ။ သဘောကတော့ Since  ဆိုတဲ့စကားလုံးဟာ ၁၉၈၈ အရေးအခင်း ပြီးနောက်ပိုင်း  ဖြစ်ပေါ်လာတဲ့ ကျောင်းသားလှုပ်ရှား မှုတွေ ၁၉၉၆၊ ၁၉၉၈၊ ၉လေးလုံးမှာ ပါဝင်တဲ့ ကျောင်းသားတွေ၊ မျိုးဆက်တွေအားလုံးကို ၈၈မျိုးဆက်အဖြစ် စုစည်းပြီး ဆောင်ရွက် ခဲ့တာဖြစ်တယ်။

မေး - ၈၈ကျောင်းသားအဖွဲ့တွေ၊ ပါတီတွေအများအပြားရှိလာတာမျိုးဆိုရင် ရော ဘယ်လိုပြောချင်တာရှိပါသလဲ။

ဖြေ - ကျွန်တော်တို့ ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ဗိုလ်ကာတွန်း  ဟာသရုပ်ရှင်ထဲ မှာလိုပါပဲ။ ဗိုလ်ကာတွန်း  ဆိုတာ ဓားပြဗိုလ်ပါ။ ဗိုလ်ကာတွန်း ဆိုတာ အတုပေါ်လာ တဲ့အတွက် သတင်းစာထဲမှာ  ကြော်ငြာထည့်  ရပါတယ်။ နှုတ်ခမ်းမွေးပါမှ ဗိုလ်ကာတွန်း အစစ်  ဆိုတာမျိုးပေါ့။ အခုလဲ နှုတ်ခမ်းမွေးပါမှ ဗိုလ်ကာတွန်းဖြစ်ပါတယ်။

အခုလိုဖြေကြားပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။


ကိုဂျင်မီ - ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်

JM.jpg

မေး - ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ယခုလွတ်မြောက်လာပြီးတဲ့ နောက်ပိုင်း နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍမျိုးက ပါဝင်ဆောင်ရွက်လို တယ်ဆိုတဲ့ သဘောထားအမြင်ကို သိလိုပါတယ်။

ဖြေ - အခုအချိန်မှာ အရေးကြီးတဲ့အချက်က ဘာကို သွားတွေ့လဲဆိုတော့ အဓိက ကတော့ Concept ပေါ့နော်။ Concept ဆိုတာကတော့ မြန်မာလို စိတ်နေ စိတ်ထား၊ သဘောထားလို့ပြောမလားပေါ့။ အဲဒါက အရေးအကြီး ဆုံးပါပဲ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရတဲ့ Concept က ဒိုင်ယာလော့ တွေ့ဆုံဆွေးနွေး ရေးပေါ်မှတစ်ဆင့် အမျိုးသားပြန်လည်သင့် မြတ်ရေးလမ်း ကြောင်းပေါ်ကိုရောက်အောင် တစ်လျှောက်လုံး ကြိုးပမ်းခဲ့ရတာ လေ။ အဲဒီ Concept က တစ်ချိန်လုံးမှာ အပယ်ခံခဲ့ရတယ်။ အခု လက်ရှိ အစိုးရသစ် တက်လာခဲ့တဲ့အချိန်မှာ အနေအထားကို ခေါင်းဆောင် လုပ်တဲ့သူ တွေကိုယ်တိုင် လက်ခံလာတယ်။ Concept တူသွားပြီလို့မြင်တယ်။ ဒါဆိုရင် အလုပ်ဖြစ်ပါတယ်။

မေး - ၈၈မျိုးဆက်ကျောင်းသားတွေက  ဘယ်လိုရပ်တည်မှုမျိုးနဲ့ ဆောင် ရွက်ခဲ့သလဲ။ အဓိကကျတဲ့မူဝါဒနဲ့ ရည်ရွယ်ချက်ကရော။

ဖြေ-နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့   ၂၀၀၈  ဖွဲ့စည်းပုံကိုငြင်းတယ်။ ၂၀၁ဝ ရွေးကောက်ပွဲကို  လက်မခံခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေ မှန်သမျှ ကျွန်တော် တို့လက်မခံခဲ့ပါဘူး။ အမျိုးသား  ပြန်လည် သင့်မြတ်ရေးကို လဲဦးတည်မှာ မဟုတ်သလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို လဲဦးတည်မှာ  မဟုတ်လို့ပါပဲ။ ဒါကြောင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးရေးကနေ ထွက်လာ တဲ့ရလဒ်တွေ အားလုံးကိုတော့ ကျွန်တော်တို့ လက်ခံပါတယ်။ ဒီလို မျိုးရလဒ် တစ်ခုဟာ ကျွန်တော်တို့အတွက် အလွန့်အလွန် မကျနေပ်စရာ ကောင်းတဲ့ ရလဒ်ကြီး တစ်ခုဖြစ်ရင် ဖြစ်နေပါစေ။ နောက်မှ အခန်းထဲမှာကျိတ် ပြီး နံရံကို ထိုးပစ်လိုက်မယ်။ ဒါပေမဲ့  ကိုယ်တို့လက်ခံမယ်။ အဲဒီ ကွန်ဆက်  က အရေး  ကြီးဆုံးပါပဲ။ အဲဒီလိုတွေ့ဆုံဆွေးနွေး ပြီး ညှိနှိုင်းသွားဖို့ တစ်ဖက်အစိုးရ မှာလဲ ခိုင်ခိုင်မာမာကျပြီ။ တစ်ဖက်က ဒီမိုကရေစီအရေး ဆောင်ရွက်သူတွေ၊ အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွမှောလဲ ခိုင်ခိုင်မာမာရှိနေကြပြီ ဆိုရင် ဘယ်ကိစ္စ၊ ဘယ်ပြဿနာမှန်သမျှ တွေ့ဆုံဆွေးနွေးရေးနဲ့ ကျော်လွှားရ မယ်ဆိုရင် အချိန်အခါ ယူသင့် သလောက်ယူရမယ်။ အခုအချိန်မှာ လမ်းကြောင်း မှန်ပေါ်ရောက် နေပြီလို့ယူဆတယ်။ အဲဒီအရှိန်ယူပြီး ထာဝရငြိမ်းချမ်းရေးပဲ ပြောပြော၊ အမျိုးသား ပြန်လည်  သင့်မြတ်ရေး ပဲပြောပြော၊ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒအေရပဲပြောပြော အားလုံးပူးပေါင်း  သွားမယ် ဆိုရင် တိုင်းပြည်ဟာ ပန်းတိုင် ကောင်းကို မရောက်  စရာ အကြောင်းမရှိဘူး။

မေး - ဒီအကြောင်းအရာဟာ တခြား၈၈  မျိုးဆက်အားလုံးနဲ့ သဘောတူညီ မှုရှိလိမ့်မယ်လို့ ထင်မြင်ပါသလား။

ဖြေ - ၈၈  မျိုးဆက်ကျောင်းသားတွေရဲ့  ပေါ်လစီဟာ အရင်ကတည်းက တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်လစီပါပဲ။ အဲဒီ ပေါ်လစီဟာ ကျွန်တော်တို့  တစ်တွေအားလုံးက တစ်လျှောက်လုံး တောင်းဆိုခဲ့တဲ့ ပေါ်လစီပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အများကြီး ကွဲပြားခြားနားမှာ မဟုတ် ပါဘူး။ မတူစရာတော့ မရှိပါဘူး။

မေး - အခု နိုင်ငံတော်အနေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို စတင်လျှောက်လှမ်းနေပြီ ဆိုတော့ အခုအချိန်မှာ တရားဝင်ပါတီ၊ အဖွဲ့အစည်းအသွင်သဏ္ဌာန် ဆက်လက်လုပ်ဆောင် သွားဖို့ရှိပါသလား။

ဖြေ - အပေါ်က ပြောခဲ့တဲ့ ရည်ရွယ်ချက်  နှစ်ခုနဲ့သာ ဆိုရင် ဘယ်လိုပါတီ  မျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွား ဖို့အသင့်ရှိပါတယ်။ ဒါဟာ အရေးကြီးဆုံး အချက်လဲ ဖြစ်ပါတယ်။ ပါတီစွဲမရှိဘဲ ပူးပေါင်းဆောင် ရွက်သွားမှာပါ။ ပါတီတည်ထောင် ဖို့ဆိုတာကလဲ တစ်ဦးချင်းစီမှာ သူတို့  စဉ်းစားထားတဲ့ ကိစ္စတွေ ရှိနမှောပါပဲ။ ဒါကြောင့် အားလုံးစုံတဲ့ အချိန်မှာသာ ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားရမှာပါ။ အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို အဲဒီအချိန်ကျမှ ပြောကြား လို့ရမှာပါ။

ထောင်ကလွတ်လာတဲ့ အခါ တွေ့ရတဲ့ မကြုံစဖူး အခြေအနေတွေကြောင့် ဒီမိုကရေစီရဲ့ အနံ့ အသက်ကို စတင် ရှုရှိုက်ရပြီဆိုပြီး လန်းဆန်းသွားတယ်

မေး - ၈၈မျိုးဆက်ကျောင်းသား အဖွဲ့အနေနဲ့ရော လူအင်အား ဘယ်လောက် များများရှိနေပါသလဲ။

ဖြေ - အဲဒါကတော့ အရမ်း ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင် တုန်းကတည်းက တရားဝင် ဖွဲ့စည်းထားတာမျိုး  မဟုတ်ခဲ့လို့ ခန့်မှန်းရခက်ပါတယ်။ ဒါပမေဲ့ သေချာ တာ တစ်ခုကတော့ ကျွန်တော်တို့အနနေဲ့ လူထုအပေါ်မှာ ဩဇာ အာဏာသက် ရောက်မှု ဘယ်လောက် ရှိတယ်  ဆိုတာ ပြည်တွင်း  ကရော၊ ပြည်ပက ရော သိကြပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့  တစ်ချိန်အချိန်မှာ လွှတ်တော်နိုင်ငံရေးကိုသွားနေပြီဖြစ်တဲ့ အတွက် ၈၈အဖွဲ့အနေနဲ့ ရော အင်န် အယ်လ်ဒီနဲ့အတူ ပံ့ပိုးကူညီသွားဖို့ အစီအစဉ်ရှိလား။

ဖြေ -   ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရရေစီရဲ့ခေါင်းဆောင်မှု အမျိုးသားပြန် လည်သင့်မြတ်ရေး  ဆိုတဲ့ခေါင်းစဉ်အောက် အခန်းကဏ္ဍမှာ ဦးဆောင်ရမယ့် တာဝန် ဖြစ်တယ်။ အဲဒါအတွက် ကျွန်တော်တို့တစ်တွေ   အားလုံးက ဝန်းရံခဲ့ပါတယ်။ အဲဒီပေါ်လစီက အခုအချိန်အထိ မပျက်သေးဘူး။ အဲဒီအတိုင်း ဆက်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရပ်တည်မှု အနေအထား ဟာပျက်မသွား သေးဘူး။ သူ့ရဲ့ ရပ်တည်မှုဟာ ကျွန်တော့်အမြင်အရပြောရရင် ပျော့ပြောင်း မှုရှိတယ်။ ညင်သာမှုရှိတယ်။ ကျွမ်းကျင်လိမ္မာမှု ရှိတယ်။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ဆိုတာညင်သာ မှုရှိဖို့လိုတာကိုး။ ဒိုင်ယာလော့ချ်ဆို တာကလဲ လူယဉ်ကျေး တွေအသုံးပြုတဲ့ နည်းလမ်းပါပဲ။ ဒါကြောင့် ဒီမိုကရေစီဆို တာ လူယဉ်ကျေးတွေနဲ့ အပ်စပ်ပါတယ်။ အဲဒီကိုသွားတဲ့  အတိုင်းအတာ ကတော့ စိတ်ရှည်မှု၊ သည်းခံမှုရှိဖို့ လိုအပ်ပါတယ်။ ၈၈ မျိုးဆက် အနေနဲ့ကတော့ ဝိုင်းပြီး အင်အားဖြည့်ပေးဖို့ အနေ အထားတွေရှိပါတယ်။

မေး - ၈၈မျိုးဆက်အနေနဲ့ ခေါင်းဆောင်တစ်ဦးကို ရွေးထုတ်ပြီးပြောမယ်ဆိုရင် ဘယ်သူ့ဦးဆောင်မှုက အဓိကကျတယ်လို့ ထင်မြင်ပါသလဲ။

ဖြေ - ခေါင်းဆောင်တစ်ဦးကို ရွေးထုတ်ပြီးပြောဖို့၊ သတ်မှတ်ဖို့ခက်ပါတယ်။ အားလုံးက ညီညီညွတ်ညွတ် ဝိုင်းလုပ်ကြလို့ပါပဲ။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ကိုမင်းကိုနိုင် ကတော့ Prominent Figure ပါပဲ။  သူကတော့ ၈၈မျိုး ဆက်ကျောင်း သားတွေရဲ့ ပြယုဂ်ပေါ့။

မေး - တိုင်းပြည်အတွက် ဘယ်လိုကဏ္ဍတွေမှာပါဝင်ဖို့အတွက် စိတ်အားထက် သန်သလဲ။

ဖြေ - ကျွန်တော်တို့ ၈၈မျိုး  ဆက်ကျောင်းသား  တွေဆိုတာဟာ ဂျိုကာ တွေလို လူမျိုးတွေချည်းပါပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူလူထု  အတွက်၊ တိုင်းပြည် အတွက် ကျတဲ့နေရာမှာ သရုပ်ဆောင်  နိုင်ကြမှာပါ။ အားလုံး  ညှိနှိုင်းဆွေးနွေး အဖြေ ရှာပြီးမှ ဘယ်လို  လမ်းကြောင်းမျိုး  သွားရမလဲ ညှိနှိုင်းရမှာပါ။ အဖွဲ့က ဆုံးဖြတ်ချက်ကို ဝိုင်းပြီး အကောင်  အထည်ဖော်သွားမှာပါ။

မေး - လွှတ်တော်နိုင်ငံရေး ကိုအားသန်သလား၊ လွှတ်တော်  ပြင်ပနိုင်ငံရေးကို စိတ်ဝင်စားသလား။

ဖြေ - ကျွန်တော်တို့နိုင်ငံမှာ သွားမယ့် နိုင်ငံရေး  လမ်းကြောင်းက နှစ်ပိုင်းမြင်တယ်။ လွှတ်တော်နိုင်ငံရေးကိုသွားရမယ်၊ လွှတ်တော်  ပြင်ပနိုင်ငံရေးကိုလဲ သွားရမယ်။  နောက်လုပ်ရမယ့်အလုပ်က Capacity Building ပဲ။ Civil Socity တွေရဲ့တာ ဝန်လည်း ရှိတယ်။ Civil Socity  ခိုင်မာဖို့အတွက် Capacity  များများလိုတယ်။ နိုင်ငံတော်အရေးအတွက် အကောင်အထည်ဖော်တဲ့ လူတွေရဲ့Capacity  ကလဲ အလွန်အရေးကြီးတယ်။ လွှတ်တော်မှာ ပါဝင်နေတဲ့သူတွေ၊ ကိုယ်စားလှယ်တွေ လဲ Capacity အားကောင်းနေဖို့လိုတယ်။ စိတ်ပါဝင်စား  နေတဲ့အကြောင်းအရာ  ကတော့ လွှတ်တော်အတွင်း  မှာနေတဲ့လူတွေရော၊ လွှတ်တော်ပြင်ပ မှာနေတဲ့ လူတွေအတွက် ရော Capacity တွေ အားကောင်းလာဖို့ပါပဲ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


ကိုမာကီး (ခ) ကိုကျော်ကျော်ထွေး

Kyaw-Kyaw-Htwe.jpg

မေး - အခုလို လွတ်မြောက်လာတဲ့ အနေအခြေအပေါ် ဘယ်လိုခံစားချက် တွေရှိပါသလဲ။

ဖြေ - အိပ်မက်မက်နေ သလိုပါပဲ။ ကျွန်တော်မျှော်လင့်မထားပါဘူး။ လက်ရှိ နိုင်ငံရေး  အခင်းအကျင်းကလဲ လွတ်လပ်ပွင့်လင်း တော့မလို၊ တန့်သွားသလို လို၊ သတင်းတွေဖြစ်နေတယ်။ သမ္မတကြီး ဦးသိန်းစိန်နှင့် တကွ တာဝန်ရှိသူ အားလုံး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီ  အဖွဲ့အစည်း  အားလုံးနဲ့ မီဒီယာတွေ  အပါအဝင် ပြင်ပက လွတ်မြောက်လာ  စေချင်တဲ့  ဆန္ဒရှိသူတွေ အားလုံးကို ကျေးဇူး တင်ပါတယ်။

မေး - အခုတစ်ကြိမ်ဟာ ဘယ်နှကြိမ်မြောက် လွတ်မြောက်ခြင်းဖြစ် ပါသလဲ။

ဖြေ-  အခုတစ်ကြိမ်က စတုတ္ထ အကြိမ်မြောက် လွတ်မြောက်  တာပေါ့။ ပထမ အကြိမ်က ကိုဘုန်းမော်အရေး  အခင်းကစတာပေါ့။ ၁၉၈၈  မှာရက်ပိုင်းလောက် ပဲကျခဲ့တယ်။ ဒုတိယအကြိမ် ၁၉၈၉မှာ  တစ်နှစ်ခွဲ၊ တတိယအကြိမ် က ၁၉၉၆ မှာ ၁၃နှစ်ကျတယ်။ ၁ဝ နှစ် နေခဲ့ရတယ်။ အခုကျတာ ၂၀၀ရပေါ့။ ၈၈မျိုး ဆက်ကျောင်းသားအနေနဲ့ ၆၅နှစ်ကျတယ်။ လေးနှစ်ခွဲ  နေခဲ့ရတယ်။  အခု စတုတ္ထ   အကြိမ်နဲ့ပေါင်းရင် ထောင်သက်က ၁၅နှစ် ဖြစ်သွားတယ်။ မြိတ် ထောင်မှာ ကျခံရတာပါ။  ၈၈ အဖွဲ့က ၃ရဦးစလုံး ထောင်ဒဏ် ၆၅နှစ်ပြစ် ဒဏ်ချခံ ရတာဖြစ်ပါတယ်။ ပုဒ်မတွေက အများကြီးပါပဲ။ တည်ဆဲဥပဒေကို ချိုးဖောက်  တာလဲပါတယ်။ တခြားပုဒ်  မတွေလဲ ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ကျွန်တော်တို့ကိုစောင့်ကြည့်ပြီး တောက်လျှောက် လိုက်ကြတာပါ။ ပြစ်မှုတစ်ခု ရှိတယ် လို့အထောက် အထား ရှိရင် သက်ဆိုင်ရာ တရားရုံးမှာ စွဲချက်တင်ဖမ်း ဆီးနိုင်တယ်။ ဒါပေမဲ့ သူတို့ဖမ်းတဲ့နေ့က ဒီအတိုင်း တွေ့ချင်လို့ပါလို့ အရပ်ဝတ် တွေလာတယ်။ ဖမ်းဝရမ်းပါလား  ဆိုတော့လဲ မပါဘူး။ အဲဒီနေ့မှာ ကျွန်တော်တို့ အားလုံး အင်းစိန်ထောင် ပို့တယ်။ ဒါပေမဲ့ သူတို့အနေနဲ့  တည်ဆဲဥပဒေ  ကိုချိုးဖောက်  တာတစ်ခုက အဖမ်းခံတဲ့လူတစ် ယောက်အနေနဲ့  ၂၄နာရီ  အတွင်း သက်ဆိုင်ရာ  တရားရုံး  တစ်ခုကနေ အချုပ် ရီမန်  တောင်းယူရ မယ်ဆိုတဲ့ တည်ဆဲဥပဒေ  လိုက်နာမှုမရှိဘဲ ကျွန်တော့်ကို   ချုပ် နှောင်ထားတယ်။ တရားရုံး  တင်တဲ့အခါ  ကျတော့လည်း စစ်ကြောရေး မှာရရှိ တဲ့အချက်တွေ နဲ့ တရားစွဲဆို  ခြင်းမရှိပါဘူး   ဆိုတဲ့ တည်ဆဲဥပဒေ  ကိုချိုးဖောက် ခြင်းခံခဲ့ရ   ပါတယ်။ စွပ်စွဲတဲ့သူနဲ့ စွပ်စွဲခံတဲ့သူ  အခြေအနေက ပြောင်းပြန်ဖြစ် နေသလို ဖြစ်နေ တာပေါ့။  

မေး - ဘယ်အချိန်မှာ အခုလို လွတ်မြောက်မယ်  လို့ တရားဝင်  အကြောင်း ကြားထားပါသလဲ။

ဖြေ - အဲဒီနေ့မနက်မှာပဲ စပြီးတရားဝင် သိရတာပါ။ ကျွန်တော်နဲ့အတူ မြိတ် ထောင်က နှစ်ယောက် လွတ်မြောက်လာခဲ့ပါတယ်။

မေး - နိုင်ငံရေးဆောင်ရွက်ချက်အနေနဲ့ ဘာတွေဆက်ပြီးလုပ်ကိုင်သွားဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ - နိုင်ငံရေးမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ရွေးချယ်  စရာသိပ်မရှိဘူး။ နိုင်ငံရေး  လုပ်ချင်တယ်  ဆိုရင် ပါတီထောင်ပြီး ရွေးကောက်ပွဲ  ဝင်ဖို့ပဲရှိတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ  အခြေခံဥပဒေအရ လွှတ်တော်နိုင်ငံရေး  ထဲဝင်လို့ မရအောင် ကန့်သတ်ချက် တွေရှိနေသေး တယ်လို့မြင်တယ်။ ကိုယ်စားလှယ်  အရည်အချင်း  သတ်မှတ်ချက် တွေလဲပါတော့ တချို့အချက်အလက်  တွေဟာ ကျွန်တော်တို့အတွက် အတားအဆီး ဖြစ်နေသေးတယ်  လို့မြင်တယ်။

မေး-  လွှတ်တော်  နိုင်ငံရေးအပြင် ဒေါ်အောင်ဆန်းစုကြည်  ကိုယ်တိုင် ရွေးကောက် ပွဲဝင်မယ်ဆိုတော့ တိုင်းပြည်အခင်း အကျင်းပြောင်း  လဲသွား တာနဲ့ပတ်သက်ပြီး အားရကျေနပ်မှုရှိပါသလား။

ဖြေ - ကျွန်တော့် အနေနဲ့တော့ အများကြီး မျှော်လင့်ချက်ထား  တတ်တဲ့ လူတစ် ယောက်မဟုတ်ပါဘူး။  အဆိုးမြင်တယ် လို့ဆိုချင်ဆို မျှော်လင့်ချက်က ခပ်နိမ့်နိမ့် ထားတဲ့အတွက် လက်ရှိနိုင်ငံရေး  အခင်းအကျင်း  တွေဟာ ကျေနပ်နိုင်စရာ အကြောင်း ရှိပါတယ်။ နိုင်ငံရေးထဲမှာ ပိုပြီးအပြောင်း အလဲဖြစ်တာ  ကိုတွေ့ရတယ်။ ၁၉၈၈ ခုနှစ် ကတည်းက ဒီလိုနိုင်ငံရေး  လုပ်ခဲ့တာဟာ နိုင်ငံရေးသမားတွေ ဒီလောက်အတိုင်း အတာထိ ရောက်လာဖို့၊ ဂျာနယ်တွေ  လောက်မှာတင် လွတ်လွတ်လပ်လပ် ရေးသားခွင့် ရလာဖို့ နိုင်ငံရေး   လုပ်ခဲ့တာ မဟုတ်ပါဘူး။ ပြည်သူလူထု တစ်ရပ်လုံး အကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်။ အခုလက်ရှိ   အချိန်မှာတော့ ပြည်သူလူထု  တစ်ရပ်လုံး အကျိုး ရှိဖို့ ရည်ရွယ်ချက် ကတော့ အားနည်း နေသေးတယ်။ ဖြေရှင်းလို့  မရတဲ့ပြဿနာ တွေကလဲ အများကြီး   ရှိနေသေး  တဲ့အတွက် အဲဒါတွေအား  လုံးကို ဖြတ်ကျော်ဖို့ ကျွန်တော်တို့ စိတ်ရှည်၊ သည်းခံရမယ်။ ကြိုးစားရမယ်။ နှစ်ပေါင်း ၂ဝ ကျော်လောက် တွန်းအားရှိခဲ့တဲ့ ကျွန်တော်တို့တွေ  အတွက်တော့ ၁၉၈၈  ဟာ မနေ့တစ်နေ့ကလို ဖြစ်နေပေမယ့် အခုခေတ်  ကလေးတွေကိုပြောမယ်ဆိုရင် ၁၉၈၈ဆိုတာ အတိတ်က ဇာတ်လမ်း  တစ်ခုလောက်ပဲ စိတ်ဝင်စားကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ဘက် က နည်းနည်း လျှော့ဖို့လိုအပ် တယ်လို့မြင်တယ်။ ကျွန်တော်တို့  အနေနဲ့ စိတ်ဓာတ် ခွန်အားတွေ၊ မျှော်လင့်ချက်တွေ လောဘတကြီး   မထားဖို့ရယ်၊ တစ်ဖက်ကလဲ ကျွန် တော်တို့အပေါ်စိုးရိမ်နေတဲ့  အရာတွေကို လက်တွေ့ကျကျ   မြင်ပြီး လျှော့ဖို့လိုတယ်။  

နှစ်ပေါင်း ၂ဝ ကျော်လောက် တွန်းအားရှိခဲ့တဲ့ ကျွန်တော်တို့တွေ  အတွက်တော့ ၁၉၈၈  ဟာ မနေ့တစ်နေ့ကလို ဖြစ်နေပေမယ့် အခုခေတ်  ကလေးတွေကို ပြောမယ်ဆိုရင် ၁၉၈၈ ဆိုတာ အတိတ်က ဇာတ်လမ်း  တစ်ခုလောက်ပဲ စိတ်ဝင်စားကြမှာပါ။

မေး - အပြောင်းအလဲတစ်ခုကို  ဖြတ်သန်းနေရတဲ့  အချိန်မှာ အကောင်အထည် ဖော်နေတဲ့သူတွေအနေနဲ့ဘယ်လောက် အထိအရေး ပါတယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ - ကျွန်တော့်အမြင်  အရတော့ သဘောထား  ပျော့ပြောင်းတဲ့လူတွေရယ်၊ သဘောထားတင်းမာတဲ့လူတွေရယ် နှစ်ဖက်ရှိ  နေကြတယ်လို့ ပြောကြ တာမျိုးရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ အပြောင်း အလဲကို မြန်မြန်ဆန်ဆန် တွေ့မြင်ချင်၊ ဖြစ်စေချင်တဲ့  လူတွေနဲ့ သွက်သွက်လက်လက် အပြောင်းအလဲ လုပ်ရမှာ စိုးရိမ်နေတဲ့  သူတွေရှိနေတယ်လို့မြင်တယ်။ ဒါကြောင့်  သူတို့စိုးရိမ်မှု  တွေကဘာတွေ လဲဆိုတာ ကျွန်တော်တို့သိဖို့လိုတယ်။ ကျွန်တော်တို့ အပေါ်ထားရှိတဲ့ အဲဒီစိုးရိမ်မှု တွေကိုသိပြီး ကျွန်တော်တို့အနေနဲ့ ဘယ်လို  ဖြေလျှော့ ပေးနိုင်သလဲဆိုတာ သိဖို့လို အပ်ပါတယ်။

မေး - လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်မလား၊ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်လာဖို့အတွက်ရော အစီအစဉ်ရှိလာနိုင်လား။

ဖြေ - ကျွန်တော့်အနေနဲ့ တစ်ယောက်တည်း  အတွက်ပြောရရင် ကြားဖြတ် ရွေးကောက်ပွဲမှာလဲ ဝင်ရောက် အရွေးချယ်ခံဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ တခြား သူငယ်ချင်းစိတ်နေ  သဘောထားနဲ့  အခြေအနေကိုကြည့်ရင်လဲ ဖြစ်မလာ နိုင်သေးဘူး။ လာမယ့် ရွေးကောက်ပွဲတွေမှာ  တော့ မသိနိုင်သေးဘူး။ အခုအချိန် မှာကြားဖြတ်ရွေး ကောက်ပွဲကလဲ အရမ်းကပ် နေတာဖြစ်တဲ့အတွက် ဘာမှလဲ လေ့လာချိန် မရှိသေးဘူး လို့ထင်ပါတယ်။ နိုင်ငံရေးနဲ့  ပတ်သက်လို့  ထဲထဲဝင်ဝင်  လေ့လာစရာ  တွေရှိပါသေးတယ်။  

မေး - လွှတ်တော် ခေါ်ယူမှုတွေ အပေါ်မှာရော ဘယ်လို  အမြင်မျိုးရှိ  ပါသလဲ။ လွှတ်တော်  နိုင်ငံရေးကို ရောဘယ်လောက်  အထိ စိတ်ပါဝင်စားပါသလဲ။

ဖြေ - အရင်တုန်းကတော့ အားရစရာတွေ မရှိခဲ့ပေမယ့် အခု သမ္မတကြီး  ဦးသိန်းစိန် လက်ထက်မှာ လွှတ်တော် ခေါ်ယူတဲ့အခါ တော်တော်အား  ရစရာတွေ ရှိလာတယ်။ လွှတ်တော်ထဲမှာ အင်အား  ထက်စာရင် နိုင်ငံရေးအသက်   ဖြစ်တဲ့ စည်းရုံးရေးဟာ အဓိကကျတယ်။ ယုံကြည်မှုပေါ့။ အရေအတွက်က အဓိကမကျဘူး။ အခု ကြားဖြတ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက အားလုံးရရင်တောင် လွတ်တော်ထဲမှာ ပြောပလောက်တဲ့ နေရာမရဘူး။ နောက်လာမယ့် ရွေးကောက်ပွဲ တွေမှာ အင်န်အယ်လ်ဒီက နေရာအားလုံးရဦး၊ ယုံကြည်မှုမရှိရင် ဘာမှလုပ်လို့မရဘူး။ ယုံကြည်မှု တည်ဆောက်ရင်းနဲ့ အားလုံး လက်တွဲသွား မှသာလျှင် တိုင်းပြည်အတွက် အကျိုးရလဒ်  ကောင်းတွေ ရရှိလာလိမ့် မယ်လို့ထင်တယ်။

မေး - နောက်ထပ် လူထုအုံကြွမှု မျိုးတွေဖြစ်လာ  လိမ့်မယ်လို့ မျှော်လင့်ထားသလား။ တိုင်းပြည်ဖွံ့ဖြိုး   တိုးတက်ဖို့ ဘယ်လိုကိစ္စကို အဓိကထား  ဆောင်ရွက်သင့်ပါသလဲ။

ဖြေ - နောင်နှစ်ပေါင်းများ စွာအထိ အဲဒီလိုကိစ္စမျိုး  တွေမမြင်ပါဘူး။ တည်ငြိမ် မှုရှိ လာလိမ့်မယ်လို့ပဲ ခန့်မှန်းမိတယ်။ နောက်ထပ် ဖြေရှင်းရမယ့် ပြဿနာကတော့ ပြည်တွင်းစစ် ပြဿနာပါပဲ။ တိုင်းရင်းသား အရေးဟာ တိုင်းရင်းသား ပြည်သူ လူထု တစ်ရပ်လုံးနဲ့  ဆိုင်တဲ့ကိစ္စမို့ အမြန်ဆုံး  ဖြေရှင်းသင့်တယ်  လို့မြင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။