RFA သတင်းဌာနနှင့် FLOWER NEWS (ရန်ကုန်မီဒီယာ) သတင်းအဖွဲ့တို့သည် ယနေ့ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်လည်ပတ်ခဲ့သော RFA သတင်းဌာနမှ Executive producer , Mrs.SuSan Lavery မြန်မာပိုင်းဌာနမှုး ဒေါ်ငြိမ်းရွှေ ၊ သတင်းထောက် ကိုကျော်ကျော်အောင် နှင့် ကိုနေသံမောင် တို့ နှင့် FLOWER NEWS သတင်းအဖွဲ့တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
RFA သတင်းဌာနနှင့် FLOWER NEWS သတင်းအဖွဲ့
“ ဒီခရီးစဉ်က short visit ဖြစ်ပါတယ်။ ကျေနပ်အားရမှုရှိခဲ့ပါတယ်” ဟု ဒေါ်ငြိမ်းရွှေက ပြောသည်။ “ လုံး၀ကို ကျေနပ်အားရမှုဖြစ်ခဲ့ပါတယ်” ဟု Mrs.SuSan Lavery က မှတ်ချက်ပေးသည်။ RFA သတင်းဌာနသည် ဖေဖော်ဝါရီ ၁၈ ရက် ကမြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နှင့် လွှတ်တော်မှ တာဝန်ရှိသူများ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း တို့နှင့် တွေ့ဆုံခဲ့သည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။
RFA သတင်းဌာနမှ ဒေါ်ငြိမ်းရွှေအား မေးမြန်းစဉ်
“ကျွန်တော်တို့ ခရီးစဉ်က ၅ ရက်ပဲ ရပါတယ်။ ရက်တိုးတော့ ထပ်တောင်းထားပါတယ်။ မရရင်တော့ ဒီညနေပြန်မှာပါ” ဟု ကိုကျော်ကျော်အောင်က ပြောသည်။ RFA သတင်းဌာနမှ Executive producer , Mrs.SuSan Lavery မြန်မာပိုင်းဌာနမှုး ဒေါ်ငြိမ်းရွှေ ၊ သတင်းထောက် ကိုကျော်ကျော်အောင် တို့နှင့် အင်တာဗျူး အပြည့်အစုံကို ဖေဖော်ဝါရီ ၂၆ ရက်တွင်ထွက်ရှိမည့် FLOWER NEWS ဂျာနယ် တွင် ဖော်ပြပေးမည်ဖြစ်ပြီး ရန်ကုန် မီဒီယာ ဝက်(ဘ်)ဆိုဒ်မှ လည်း မကြာမှီရက်ပိုင်း အတွင်း ဖော်ပြပေးသွား မည် ဖြစ်ပါသည်။

