အခြေခံ ဥပဒေပါအခြေခံမူများနှင့်ပြည်ထောင်စုလွှတ် တော်သို့တင်သွင်းသော ၂၀၁၁-၂၀၁၂ခုနှစ်နှင့်၂၀၁၂-၂၀၁၃ခုနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း ထည့်သွင်းရေး ဆွဲထားသည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ကတင်သွင်းသော၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ဒေသန္တ ရဥပဒေကြမ်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိရခိုင်နှင့်ကရင်တိုင်းရင်းသား လူမျိုးများ အတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အခန်းကဏ္ဍာ တစ်ခုပြင်ဆင် ရေးဆွဲပေး နိုင်ရန် ဖေဖော်ဝါရီ(၁၇)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တတိယ ပုံမှန်အစည်း အဝေးတွင် စတုတ္ထနေ့တွင်ဆွေးနွေး သွားခဲ့သည်။
အဆိုပါ ဆွေးနွေးချက် မှာ ရန်ကုန်တိုင်းဒေသကြီး ပထမ အကြိမ် တတိယ လွှတ်တော်ပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင်ပြန် လည်ဆွေးနွေးသော ၂၀၁၁-၂၀ ၁၂ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်မှအ တည်ပြုရ ယူရန် အဆိုတင်သွင်းရာ တွင် ရခိုင် တိုင်းရင်းသားရေး ရာဝန်ကြီးဦးဇော်အေးမောင်က အဆိုပါဥပဒေကြမ်းတွင် ပါရှိသည့်အခန်း (၅)ပုဒ်မ(၂၀)အားအခန်း(၄)ပုဒ်မ (၂၀)ဖြင့်အစားထိုး ပြင်ဆင်ထည့် သွင်းရေးဆွဲပေးရန်ဆွေး နွေးခဲ့ပြီး အဆိုပါဆွေးနွေးချက် အပေါ် စီမံ ကိန်းနှင့်စီးပွားရေးဝန်ကြီးဦးသန်းမြင့် ကအဆိုပါကိစ္စသည် လူမှုရေးလုပ် ငန်းများသာဖြစ်သည့် အတွက်တိုင်း ရင်းသား ရေးရာ ကဏ္ဍာအဖြစ် စီမံကိန်းဖြင့် လုပ်ဆောင်ရန် မလိုအပ် ကြောင်း ပြန်လည် ဆွေးနွေး ပြီး မဲခွဲဆုံးဖြတ်ရာ တိုင်းရင်းသား လူမျိုး များအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် အခန်းကဏ္ဍာကို ထည့်သွင်းရေးဆွဲရေး အဆိုမှာ ထောက်ခံမဲ(၁၅)မဲဖြင့်ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။
''ဒီနေ့ဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး တော့ထည့်သွင်းပေးဖို့ ပြင်ဆင် တာတောင် မရဘူးဆိုတာတော့ မဖြစ်သင့် ဘူးပေါ့၊ အားလုံးဟာ ပွင့်လင်းမြင်သာ မှုရှိရမယ့် အခါမှာ လုပ်ပေးသင့်တဲ့ အပိုင်း တွေ ကိုလည်း လုပ်ပေးရမယ် ကျွန်တော်တို့ ရန်ကုန်မှာ ဆိုရင်ကရင်နဲ့ ရခိုင်တိုင်း ရင်းသားတွေပဲ ကိုယ်စားလှယ်ဝန်ကြီးတွေရတာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အပါအဝင် အခြား တိုင်းရင်းသား တွေနဲ့ ပတ်သက်ပြီးတော့ ဘတ်ဂျက်မှာ ထည့်သွင်းထားတာ မရှိတဲ့ အတွက် တိုင်းရင်းသား တွေနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်တဲ့ အခါမှ အခက်အခဲတွေ ရှိတာပေါ့'' ဟု ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့် က ဆိုသည်။
ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဇော်အေးမောင် ၏ဆွေးနွေးချက်မှာ''ဖွဲ့စည်းပုံအ ခြေခံဥပဒေ အခြေခံမူဥပဒေပုဒ်မ -၆/(က)၊(ခ)(င)၊ပုဒ်မ(၁၅)၊ ပုဒ်မ ၁၇/(ဂ)တွင်ဖော်ပြထားသည့် တိုင်းရင်းသားရေးရာများနှင့်ပက် သက်၍ အခြေခံမူများကိုပြဌာန်း ထားသည် ကိုတွေ့ရကြောင်း၊အ ခြေခံမူပုဒ်မ-၂၂တွင်ပါရှိသည့် ပုဒ်မခွဲ(က)တွင် တိုင်းရင်းသားများ ၏စကား၊စာပေ၊အနုပညာယဉ် ကျေးမှုတို့ကိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည်၊ပုဒ်မခွဲ(ခ)တွင် တိုင်းရင်းသားအချင်းချင်းစည်းလုံး ညီညွှတ်ရေး၊ ချစ်ကြည်လေးစားရေး နှင့်ရိုင်းပင်းကူညီရေးတို့ တိုးတက် ဖြစ်ထွန်းစေရန် ကူညီဆောင် ရွက်မည်။ပုဒ်မခွဲ(ဂ) တိုးတက်ဖွံ့ဖြိုး မှုနည်းပါးနေသည့် တိုင်းရင်းသား များ၏ပညာရေး၊ ကျန်းမာရေး၊စီး ပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သေလူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး အတွက်ကူညီ ဆောင်ရွက်မည် လို့ ဖော်ပြထားပါ တယ်၊နောက်ပြီးပုဒ်မ၄၈တွင်လည်း နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များကပြဌာန်း ရာတွင်လည်းကောင်း၊ဤဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အခြားဥပဒေ များပါပြဌာန်းချက်များကို သက် ဆိုင်ရာမှအနက်အဓိပ္ပါယ်ဖွင့်ဆိုရာ တွင်လည်းကောင်း လိုက်နာရမည့် လမ်းညွှန်များ ဖြစ်သည်ဟု ဖော်ပြ ထားကြောင်း၊နောက်ဖွဲ့စည်းပုံဥပဒေ အခြေခံဥပဒေပုဒ်မ၁၆၁/(ခ)အရ ရန်ကုန်တိုင်းဒေသကြီးတွင် တစ် နိုင်ငံလုံး လူဦးရေ၏ဝ.၁ရာခိုင်နှုန်း ရှိသောကရင်တိုင်းရင်းသားရေး ရာနှင့်ရခိုင်တိုင်းရင်းသားရေးရာ လူမျိုးတို့အတွက်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးစီပါဝင်ခွင့်ရှိခဲ့ပါ တယ်။ဖွဲကစည်းပုံအခြေခံဥ ပဒေ ပုဒ်မ၂၆၂(ဆ/၂) အရလည်း အုပ် ချုပ်ရေးတွင်ပါဝင်ခွင့်ပြုနိုင်ရေးအ တွက် နိုင်ငံတော်သမ္မတကြီး ၏အ မိန့်အမှတ်၂၃/၂၀၁၁ဖြင့်သက်ဆိုင် ရာတိုင်းရင်းသားရေးရာ ဝန်ကြီး ဌာန၏ဝန်ကြီးအဖြစ်ခန့်အပ်တာ ဝန်ပေးခဲ့ပါတယ်။ အဲ့လို ပြဌာန်း တာဝန်ပေးတာ ဟာရန်ကုန် တိုင်းဒေသကြီးရှိ သက်ဆိုင်ရာတိုင်းရင်း သားများရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် စေရေး အားဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူများနှင့် အညီပိုမိုထိ ရောက်ဆောင် ရွက်ဖို့တာ ဝန်ပေးခဲ့တာ ဖြစ်ပါတယ်'' ဟု ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးကဆွေးနွေးသည်။
၎င်းကထပ်မံ၍ဆွေး နွေးရာတွင် ဒါကြောင့်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏၂၀၁၁-၂၀၁၂နှင့်၂၀၁၂-၂၀၁၃ဒေသန္တ ရစီမံကိန်း ဥပဒေကြမ်း အခန်း(၁) အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက် တွင်ဥပဒေပုဒ်မ၃/၁ ဒေသန္တရစီ မံကိန်းဆိုသည်မှာ သတ်မှတ်ထား သည့်အချိန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ချမှတ်ဆောင် ရွက်သော လုပ်ငန်း အစီအစဉ်များ နှင့်ရည်မှန်းချက်ကို ဆိုလိုသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထား ပါတယ်။ ဒါကြောင့်အဲ့ဒီအဓိပ္ပါယ် ဖွင့်ဆိုချက် ပါလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေ ရေး ဆိုတဲ့ အချက်ဟာအခြေခံဥပဒေ အခြေခံမူ၂၂(ဂ)ပါနိုင်ငံတော်သည် လမ်းပန်း၊တိုင်းရင်းသားများ၏ပ ညာရေး၊ကျန်းမာရေး၊စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည် တို့ပါဝင်သော လူမှုစီးပွားရေးတိုး တက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင် ရွက်မည်ဟု လမ်းညွှန်ချက်နဲ့ ကိုက်ညီနေပါတယ်။ ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသော (၂၀၁၁ -၂၀၁၂)ဘဏ္ဍာနှစ် အမျိုးသားစီ မံကိန်းဥပဒေကြမ်းနှင့် ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ် အမျိုးသားစီ မံကိန်းဥပဒေကြမ်းတို့တွင်လည်း တိုင်းရင်းသားများ၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ထည့် သွင်းရေးဆွဲထားပါတယ်။ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီးရှိ ကရင်နှင့်ရခိုင် လူမျိုးအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍာ တစ်ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ပြင်ဆင်ရေးဆွဲပေးပါရန် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ၊ပြည်ထောင်စုတည် တံ့ခိုင်မြဲရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး ဟူ သော တို့တာဝန်အရေး သုံးပါးအား ဦးထိပ်ထားလျှက် အပြုသဘော ထားဆွေးနွေး အကြံပြုပါတယ်'' ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် က ဆွေးနွေး ခဲ့ သည်။
အဆိုပါလွှတ်တော် အစည်းအဝေး တွင်ဖေဖော်ဝါရီ (၁၇) ရက်နေ့တွင်စတုတ္ထနေ့တွင် မေးခွန်း (၁၉)ခုကိုတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အသီးသီးကမေး မြန်းဆွေးနွေးခဲ့ကြပြီး ပထမနေ့က တင်သွင်းခဲ့သည့်၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ဥပ ဒေကြမ်းနှင့်၂၀၁၂-၂၀၁၃ဘဏ္ဍာ နှစ်ဒေသန္တရစီမံကိန်း ဥပဒေကြမ်း များကို ဥပဒေပြုရေးဆိုင်ရာ ကော် မတီဥက္ကဌလည်းကောင်း၊စီမံကိန်း နှင့်စီးပွားရေး ဝန်ကြီးဌာနရန် ကုန် တိုင်းဒေသကြီးဝန်ကြီး ဦးသန်းမြင့် လည်းကောင်း၊ဗဟန်း မဲဆန္ဒနယ် အမှတ်(၂)မှတိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းကလည်းကောင်း၊ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦး ဇော်အေးမောင်ကလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တင်သွင်း အတည်ပြုခြင်း၊ပထမနေ့တွင် တင်သွင်းဆွေးနွေးခဲ့သည့် ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေစာရင်း၊ပြုပြင်ပြီး ရသုံး မှန်းခြေငွေစာရင်း နှင့်၂၀၁၂ခု နှစ် အတွက်နောက်ထပ် ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီး ဒေါ်စန်းစန်း နွယ်က တင်သွင်း အတည်ပြုခြင်း များပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပထမအကြိမ် တတိယပုံမှန်အစည်းအဝေး ကိုဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး(၇) ရက်တိုင်ကျင်းပ သွားမည် ဖြစ် ပြီးဖေဖော်ဝါရီ(၂၃)ရက်နေ့တွင် ပြီးစီးမည် ဟုသိရ သည်။

