» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ရန်ပုံငွေ အလွဲသုံးစားမှုနှင့် လေပတ်ကားဈေးကွက် မရှိဟု ရွှေအသင်းကဆို

ဒီမိုကရက်တစ် ဗမာ့အသံ(DVB) တွင် အသံလွှင့်ခဲ့သည့်  အသင်းရန်ပုံငွေ အလွဲသုံးစားလုပ် သည် ဟူသော  သတင်းနှင့် မြန်မာ့အလင်း သတင်းစာပါ  လေပတ်ကား  ရောင်း ဝယ်မှုများပြုလုပ်လျှက်ရှိသည်ဟူ သောသတင်းများ နှင့်ပက်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်း ရှင်အသင်း အတွင်းရေးမှူး  က လုံးဝ မှန်ကန်မှုမရှိကြောင်း  ဇန်နဝါရီ(၃၀) ရက်နေ့  နံနက်(၁၀)ခွဲကပြောကြားခဲ့  သည်။

''ကျွန်တော်တို့အသင်း ကနေလူကြီး တွေက အသင်းရန်ပုံ ငွေကိုကိုယ်ကျိုးအတွက်သုံးနေတယ် ဆိုတဲ့ သတင်းက ဒီဘီဗွီမှာလွှင့် သွားတယ်။ကျွန်တော်တို့ရဲ့အသင်းရန်ပုံ ငွေဟာမွေးရေးဘဏ်မှာအပ်ထားပါ တယ်။သိန်းထောင့်ငါးရာအပ်ထား တယ်။ နောက်ပြီးအသင်းအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် သိန်းငါးဆယ်ထုတ်ချေးထားသလို၊ နာဂစ်တုန်းကလည်းသိန်း၄၀ဝကျော် လှူဒါန်းခဲ့တယ်။ ရွှေဘုံသာလမ်း တရားပွဲဖြစ်မြောက်ရေး အတွက်လည်း ကမကထ သိန်း၂ဝ ကျော်နှစ်စဉ်  ပြု လုပ်ပေးနေ ပါတယ်။ ဘယ်သူမှရန်ပုံ ငွေကိုကိုယ်ကျိုး အတွက်မသုံးဘူး။ ဘဏ်မှာပိုက်ဆံ တွေအပ်ထားပါတယ်။'' ဟု ရန်ကုန်တိုင်းဒေသကြီး  ရွှေ လုပ်ငန်းရှင် အသင်း အတွင်းရေးမှူး ဦး ဝင်းမြင့်ကဆိုသည်။

မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည့် အကြောင်းအရာ နှင့်ပက်သက်၍ ''နောက်ပြီး(၂၉)ရက် နေ့ထုတ်မြန်မာ့အလင်းမှာလည်း ရွှေဘုံသာ လမ်းကရွှေအသင်းဝင်အ ချို့ရွှေရောင်းဝယ်ခြင်းကိုလက်ငင်း ငွေချေတာမျိုးမလုပ်ပဲလေပတ် ကား ရောင်းဝယ်မှုလုပ်နေတယ်လို့ပါ လာ တယ်။ ကျွန်တော်တို့  အသင်းဝင်တွေ အနေနဲ့လေပတ်ကား ရောင်းအဝယ် မျိုးကို လုံးဝမလုပ်ဘူး။အသင်း ရုံးခန်း မှာပဲ အရောင်း အဝယ်လုပ်တယ်။ ဒါပေမယ့်  အသင်းရုံးခန်းမှာတော့ ငွေပုံ၊ရွှေပုံချထားတာမျိုးမဟုတ်ပေ မယ့် ဈေးဖွင့်ပြီနှစ်နာရီလောက် အ တွင်းမှာ ဆိုင်တွေ၊ အိမ်တွေ၊တိုက် ခန်း တွေမှာ သွားပြီးငွေယူတာ၊ရွှေယူတာ လုပ်တယ်။ ဟိုလိုလေပတ်နဲ့ပဲရောင်း အဝယ်လုပ် နေတာ မဟုတ်ပါဘူး။ အဲ့ဒါမျိုးလဲလုံးဝမလုပ်ပါဘူး'' ဟု ရန်ကုန်တိုင်း ဒေသကြီးရွှေလုပ်ငန်း ရှင်အသင်းအတွင်းရေးမှူးဦးဝင်းမြင့် ကဆိုသည်။

ကျွန်တော်တို့ အသင်း ကနေလူကြီး တွေက အသင်းရန်ပုံ ငွေကိုကိုယ်ကျိုး အတွက်သုံးနေတယ် ဆိုတဲ့ သတင်းက ဒီဘီဗွီမှာလွှင့် သွားတယ်။ကျွန်တော်တို့ရဲ့အသင်းရန်ပုံ ငွေဟာ မွေးရေးဘဏ်မှာ အပ်ထားပါ တယ်။သိန်းထောင့်ငါးရာအပ်ထား တယ်။ နောက်ပြီးအသင်းအနေနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် သိန်းငါးဆယ်ထုတ်ချေးထားသလို၊ နာဂစ်တုန်း ကလည်း သိန်း၄၀ဝကျော် လှူဒါန်းခဲ့တယ်။ ရွှေဘုံသာလမ်း တရားပွဲဖြစ်မြောက်ရေး အတွက်လည်း ကမကထ သိန်း၂ဝ ကျော်နှစ်စဉ်  ပြု လုပ်ပေး နေ ပါတယ်။ ဘယ်သူမှရန်ပုံ ငွေကိုကိုယ်ကျိုး အတွက်မသုံးဘူး။ ဘဏ်မှာ ပိုက်ဆံ တွေအပ်ထားပါတယ်။

 

မြန်မာ့အလင်းသတင်း စာစာမျက်နှာ(၃)တွင်ပါရှိသည့် ''အရောင်းအဝယ်လုပ်ငန်းများလေပတ် ကားဖြင့်ရောင်းဝယ်ခြင်းဖြင့်ပစည်း အရည်အသွေး ထိန်းသိမ်းမှုထိခိုက်၊ မလိုလားအပ်သောမှုခင်းကိစ္စများလည်း ပေါ်ပေါက်နိုင်ပြီး ပြည်သူများ ၏အကျိုးစီးပွား နစ်နာဆုံးရှုံး မှုများဖြစ်ပေါ်နိုင်သဖြင့် ငွေ၊ပစ္စည်းလက်ငင်းပေး ချေ၍အရောင်းအဝယ် ဆောင်ရွက်ကြရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်' ဟူသော် ခေါင်းစဉ်ဖြင့်ပါရှိ သည့် သတင်းနှင့် ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းအနေဖြင့် အသင်းဝင်များ မှာ လေပတ်ကား ဖြင့်ရွှေရောင်းဝယ် ခြင်းမျိုး  ပြုလုပ်ခြင်း မရှိကြောင်း၊အသင်း မှလည်းတရားဝင်တား  မြစ်ထားကြောင်း သိရသည်။

ထိုသို့ပင်ပြီးခဲ့သည့်  ဇန်န ဝါရီ နောက်ဆုံးပတ်အတွင်း ဒီမိုက ရက်တစ်ဗမာ့အသံ(DVB) တွင် အသံလွှင့်ခဲ့သည့်  အသင်းရန်ပုံငွေ အလွဲသုံးစား လုပ်သည် ဟူသောသတင်း ပက်သက်၍လည်း အသင်းဝင်ကြေး မှာ တစ်ဦးလျှင် ကျပ် ငါးသိန်း ဖြင့် ကောက်ခံလျှက်ရှိပြီး နှစ်စဉ်ကြေးမှာ တစ်ဦးလျှင် ကျပ်ငါးသောင်းကောက်ခံကြောင်း၊ အဆိုပါနှစ်စဉ်ကြေးနှင့် အသင်းဝင်ကြေး  များကိုရန်ပုံငွေအဖြစ် အသုံးပြုပြီး လူမှုရေး လုပ်ငန်းများ တွင်အသင်း အနေဖြင့်ပါဝင်လုပ်ကိုင် ဆောင်ရွက်ခြင်း၊ ဘာသာရေးပွဲများ တွင်ပါဝင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ကြောင်း၊ အဆိုပါအသင်း ဖွဲ့စည်းခြင်းကို၂၀၀၈ခုနှစ်ကစတင်ဖွဲ့ စည်းခဲ့ပြီးယခင်ကအသင်းဝင်ကြေး ကိုတစ်ဦး လျှင် ကျပ် သုံးသောင်းသာ ကောက်ခံခဲ့ရာမှ၂၀၁ဝ ခုနှစ် တွင်ကျပ် ငါးသိန်း  အထိကောက်ခံခဲ့ကြောင်း သိရသည်။  အဆိုပါအသင်းဝင်ကြေး နှင့်နှစ်စဉ်ကြေးများမှာ စုစုပေါင်းမှာ လက်ရှိတွင် ကျပ်သိန်း ထောင့်ငါးရာ ခန့်ရှိရာ မွေးမြူရေး နှင့် ရေလုပ်ငန်းဖွံ့ ဖြိုးရေး ဘဏ်တွင်အပ်နှံထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းတွင် နှစ်စဉ် ကြေးပေးသွင်းပြီးသူ(၂၇၂)ဦးရှိပြီး အသင်းဝင်ကြေးပေးသူ(၄၂၂)ဦး ရှိပြီဖြစ ကြောင်း သိရသည်။နှစ်စဉ် ဒီဇင်ဘာလတွင် နှစ်ချုပ်ရေးဆွဲပြီး  အသင်း နှစ်ပက်လည်ပွဲ ကျင်းပစဉ် စာရင်း ရှင်းတမ်း ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။၂၀၀၈ခုနှစ်မှ၂၀၁ဝခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့အထိ နှစ်စဉ်ကြေး ကျပ်(၅၉၈၀၀၀၀၀) ရရှိခဲ့ပြီး၊ အသင်း ဝင်ကြေးကျပ် သုံးသိန်းဖြင့် (၃၁၈) ဦအတွက်ကျပ် ၉၅၄၀၀၀၀ဝနှင့် ကျပ် ငါးသိန်း ဖြင့် (၉၃)ဦးအတွက် ကျပ်(၄၆၅၀၀၀၀၀)တို့လက်ခံရရှိ ထား ကြောင်း သိရသည်။