» ဟိုတယ်စီမံကိန်းများ တိုင်းနှင့် ပြည်နယ် ၈ခုတွင်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်: ပြည်ပဧည့်သည်များ တည်း ခိုမှုအ... http://t.co/A88ItlXA 2012-02-23 03:37 » မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်းကောက်ခံရန်အတွက် ကျပ်ဘီလီယံ ၃ဒသမ ၆ သုံးစွဲမည်: မြန်မာနိုင်ငံ၏ လူဦးရေ သန်းခ... http://t.co/DoQLxeZ7 2012-02-23 03:05 » သိမ်ကြီးဈေး တွင် မြေအောက် ကေဘယ်ကြိုး ဝါယာရှော့ဖြစ်ပွား: ဝါယာရှော့ ဖြစ်ပွားခဲ့မှုသည် ၁၀နာရီခွဲခန့် က စတင်ဖြစ်ပွ... http://t.co/L5I95bZI 2012-02-23 01:32 » ရန်ကုန်မီဒီယာဂရု(ပ်) ဇန်နဝါရီလအတွက် လပတ်အစည်းအဝေးကျင်းပ: ရန်ကုန်မီဒီယာဂရု(ပ်)၏ ဇန်နဝါရီလအတွက် လပတ်အစည်းအဝေးကို... http://t.co/hVrhuQvK 2012-02-23 10:58 » Cartoon Program Vol:9: ကာတွန်း ကိုမိုးရဲ့လက်ရာ http://t.co/TtsGLt4u 2012-02-22 10:38



စက်မှုလုပ်ငန်းနှင့် ခရီးသွား ဗီဇာ နှစ်ခုကို နော်ဝေက sanction ရုပ်သိမ်း

စက်မှုလုပ်ငန်းနှင့် ခရီးသွား ဗီဇာ နှစ်ခုကို နော်ဝေက sanction ရုပ်သိမ်း​ပေးလိုက်ပြီး ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်သွားမည်  ဖြစ်ကြောင်း နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Jonas Gahar Store က ဇန်နဝါရီလ ၂၆ ရက်နေ့ Traders Hotel  တွင် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Norway-Minister-2.jpg

နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Jonas Gahar Store


ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်  ရွေးကောက်ပွဲ အပြီး ရွေးကောက်ပွဲ ကျင်းပပုံအခြေအနေပေါ် မူတည်၍ sanction အားလုံးကို ရုတ်သိမ်းပေးသွားမည် ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။နော်ဝေး ဝန်ကြီးသည် ဇန်နဝါရီ ၂၅ ရက် က နိုင်ငံ​တော် သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်းသိရသည်။