» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ရန်ကုန်မီဒီယာဂရု(ပ်) လီမိတက် ဥက္ကဋ္ဌ၏ နှစ်သစ်စကား

 saya_ko2.jpgထုံးစံအတိုင်း နှစ်တစ်နှစ်သို့ ပြောင်း ပြန်ပြီ။ သို့သော် ဒီတစ်နှစ်အပြောင်းကား ယခင် ထုံးစံများနှင့်မတူ။ ခြားနားမှုတွေရှိနေသည်။ ကုန် လွန်ခဲ့သော ၂၀၁၁နှစ်ဟောင်းကိုက ခြားနားနေ သည်။ ၂၀၁၁တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သစ် ပေါ်လာသည်။ အစိုးရသစ်နှင့်အတူ လွှတ်တော် တွေ မြိုင်လာဆိုင်လာသည်။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်လာသည်။ လူတွေ အရင်ကထက် စိတ်ပိုင်းဆိုင်ရာတွင် နည်းနည်း သက်သောင့်သက်သာဖြစ်လာကြသည်။

၂၀၁၂ က ၂၀၁၁ ထက် အရွေ့ပိုမြန်မည့် နှစ်ဟု ကျွန်တော်ထင်သည်။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပါဝင်လာ နိုင်ခြေများရာ မြန်မာ့နိုင်ငံရေး သည် ပိုမိုသွက်လက် လာမည့်အနေအထားသို့ ဦးတည်နေသည်။ ယင်းတို့၏ အကျိုးဆက်အဖြစ် နိုင်ငံတကာ ဆက်ဆံရေးများနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာမည့် အခြေအနေကောင်း တွေ မြင်နေရသည်။ အမေရိကန်နှင့် ဥရောပတို့၏ ပိတ်ဆို့မှုများ ဖြေလျှော့လာနိုင်သည်။

 ထို့ကြောင့်ပင် နှစ်သစ် ၂၀၁၂ သည် လည်း ထူးခြားဦးမည့်နှစ်ဖြစ်သည်။ ထူးခြားသော နှစ်ဟောင်းမှ ဆန်းသစ်လာမည့်နှစ်သစ်သို့ ကူး ပြောင်းသော ယခုနှစ်သစ်ဦးကာလသည် မင်္ဂလာ အပေါင်းနှင့် ပြည့်စုံနေမည်သာဖြစ်သည်။ ထိုသို့ သော နှစ်သစ်ကူးတွင် မြန်မာပြည်သူပြည်သား အပေါင်း၊ ရန်ကုန်မီဒီယာဂရု(ပ်)၏ စာဖတ်ပရိသတ် အပေါင်း ကျန်းမာချမ်းသာရှိကြပါစေဟု ဆုမွန် တောင်းပါသည်။ ထို့အပြင် ဖလားဝါးနယူးစ်နှင့် ရန်ကုန်တိုင်းမ်ဂျာနယ်တို့တွင် စာမူများရေးသားကြ သော သတင်းစာဆရာကြီးများ၊ စာရေးဆရာကြီး များ၊ ကာတွန်းဆရာကြီးများ၊ သတင်းထောက် များ၊ ကြော်ငြာများထည့်ဝင်ကြသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ဖြန့်ချိရေး၊ ပုံနှိပ်ရေးဆိုင်ရာ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ခြင်းနှင့်အတူ လိုရာဆန္ဒများပြည့်ဝကြပါစေဟုလည်း ဆုတောင်း ပါသည်။

ထူးခြားသော နှစ်သစ်အခါသမယတွင် ငယ်ကတည်းကရှိခဲ့သော ကဗျာဝိညာဉ်က ကျွန် တော့်ကို လှုပ်နှိုးလာပါသည်။ ထို့ကြောင့်ပင် နှစ်သစ် ကို ခံစား၍ ကဗျာတစ်ပုဒ်ရေးသီဖွဲ့မိပါသည်။ ဤ ကဗျာသည်ပင်လျှင် ကျွန်တော်အလိုချင်ဆုံးဆု ဖြစ်ပါလိမ့်မည်။ အားလုံးအလိုချင်ဆုံးဆု ဖြစ်ပါ လိမ့်မည်။

        နှစ်ထောင့်ဆယ့်တစ် ချန်ထားရစ်၍ နှစ်သစ်ချိန်ခါ တို့မြန်မာသည် ကျန်းမာချမ်းသာရှိစေသော်။ ပြီးခဲ့သည့်နှစ် ပြန်တွက်စစ်လျှင် အသစ်များစွာ မင်္ဂလာနှင့် မြန်မာ... နာလန်ထခဲ့သည်။  ဒဏ်ရာဒဏ်ချက် အနာကျက်ဖို့ တွဲလက်ညီညာကြိုးစားမည်။ နာလန်ထမှ လဲမကျဖို့ ဖေးမဝိုင်းကူ ထူထောင်မည်။ အမုန်းစိတ်များ အတိတ်ထား၍ ရင်ကြားမလပ် ပေါင်းစည်းကပ်လျက် ချစ်တတ်ခြင်းတွေ စည်ပင်မည်။ နှစ်ထောင့်ဆယ့်နှစ် နှစ်ဆန်းသစ်တွင် စစ်ဘေးရန်အေး ငြိမ်းချမ်းတေးကို သွေးချင်းအားလုံး ဆိုချင်သည်။ နှစ်ထောင့်ဆယ့်နှစ် နှစ်ဆန်းသစ်တွင် ထားရစ်ခေတ်ဟောင်း အတွေးပြောင်းမှ ခေတ်ပြောင်း ပီပြင်နိုင်ပေမည်။ ပီပြင် ခေတ်ပြောင်းနိုင်လိမ့်မည်။နှစ်ဆန်းချိန်ခါ တို့မြန်မာသည် မကြာကျန်းမာပါစေသော်။ မကြာချမ်းသာပါစေသော်။

လေးစားစွာ

ကိုကို(စက်မှုတက္ကသိုလ်)