မြန်မာနိုင်ငံရှိ မီဒီယာလုပ်ငန်းများ တိုးတက်အောင် ထောက်ပံကူညီသွားမည်ဟု နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Jonas Gahar Store က ပြောကြားလိုက်သည်။
နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Jonas Gahar Store နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တို့ကိုတွေ့ရစဉ်
ဇန်နဝါရီလ ၂၆ ရက်နေ့ Traders Hotel တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ အပြီးတွင် မြန်မာနိုင်ငံရှိ မီဒီယာလုပ်ငန်းများကို နော်ဝေး အစိုးရကထောက်ပံကူညီရန် အစီအစဉ်ရှိပါသလား ဟု FLOWER NEWS ၏ မေးမြန်းချက်ကို နော်ဝေး ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့သည်။
“ ဟုတ်ကဲ့ ကျွန်တော်တို့ ကူညီထောက်ပံ့သွားမှာပါ။ ” ဟု ယင်းကဖြေကြားသည်။

