အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုဟ်တုဖြင့် မင်းတုန်းမင်းလက် ထက်က တူးဖော်ခဲ့ကြသည့် မြန်မာ့အကြီး ဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသ တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရွှေကြောသည် ရွှေတန် ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်ရာကျော်ထိအောင် ကုန်ဆုံးနိုင်ခြင်းမရှိ ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခဦးစိုးသိန်းက ပြောသည်။ ၎င်းရွှေကြောမှာ နေရာကြီးမား လွန်းသဖြင့် နေရာခြောက်ခုခွဲပြီး Landast7 အရ ကောင်းကင်ဂြိုဟ်တု ဖြင့်ရိုက်ယူရကာ ကရင် ပြည်နယ် မဲဝိုင်ဒေသမှရွှေကြောသည် ရွှေ ကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများထိပင် ရောက်ရှိ ကြောင်း သိရသည်။
''ဒီမဲဝိုင်၊ ရွှေကျင်၊ ကျောက်ကြီးရွှေကြောကို သုတေသနပြုနေတာတော့ အနည်းငယ်ကြာပါပြီ။ လိုအပ်တဲ့အချက်အလက်တွေနဲ့ နေရာဒေသအနေအထား၊ ရွှေထွက်ရှိမှု အခြေအနေတွေကတော့ ဒီ၂၀၁၁ခုနှစ်မှအတည်ပြုပြောတာပါ'' ဟု ဦးစိုးသိန်းက ပြောသည်။ ယခုအခါ အဆိုပါ ရွှေကြောနေရာကို ပြည်တွင်း ကုမ္ပဏီဆယ်ခုက လုပ် ကိုင်ခွင့်ရရှိပြီး မျှောရွှေကို အဓိက ထားပြီး လုပ်ကိုင်ကြကြောင်း သိရသည်။ ''အဲဒီမဲဝိုင်ဒေသမှာ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေး နှစ်အတွင်း သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက နိုင်ငံတော်နဲ့အကျိုး တူလုပ် ဆောင်ဖို့ မြန်မာပြည်ဖွား တိုင်းရင်းသား ကုမ္ပဏီတွေကို လုပ်ကွက်တစ်ကွက်ကို ဧက ၂ဝစီနဲ့ မဲဝိုင်ဒေသမှာ ၁၅၄ကွက်နဲ့ ကျောက်ကြီး၊ ဘောလိဒေသမှာ ၅၁ကွက်၊ စုစုပေါင်းအသေးစားလုပ်ကွက် ၂၀၅ကွက်ကို လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်'' ဟု သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၂)သတ္တုတွင်းမှ တာဝန်ရှိသူက ပြောသည်။
Landast7 အရ ကောင်းကင်ဂြိုဟ်တု ဖြင့်ရိုက်ယူရကာ ကရင် ပြည်နယ် မဲဝိုင်ဒေသမှရွှေကြောသည် ရွှေ ကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများထိပင် ရောက်ရှိ
မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်နှင့်အကျိုး တူပူးပေါင်းလုပ်ကိုင်ဆောင်ရွက် နေသောကုမ္ပဏီများမှ အကြီးစား ရွှေထုတ်လုပ်သည့် လုပ်ကွက်(၅)နေရာနှင့် အသေးစားရွှေထုတ်လုပ်သည့်လုပ်ကွက် နေရာ(၆၀၀)ခန့်ရှိ ကြောင်းနှင့် အသေးစား လုပ်ကွက် တစ်ကွက်အတွက် တစ်နှစ်လျှင် ရွှေစင်(၂၄)ကျပ် သားအား နိုင်ငံတော်သို့ ပေးသွင်း၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ''ဒီကုမ္ပဏီ ဆယ်ခုက မျှောရွှေပဲလုပ်တာ တောင်ပေါ်ကနေ မြစ်ချောင်းထဲ ရောက်တဲ့ ရွှေတွေကို စက်ကြီးတွေနဲ့ စုပ်ထုတ်တာကို မျှောရွှေလုပ် တယ်လို့ ခေါ် တယ်။ စက်ယန္တရားတွေ နဲ့လုပ်တာ တစ်နေ့ကို ငါးပိဿာ၊ ဆယ်ပိဿာ လောက်ရ တယ်။ ကျောက်ထဲကနေ ရွှေထုတ်တာ တွေကတော့ ဒီဇင်ဘာကမှ စလုပ်တာ။ ဒီကျောက်ထဲကနေ ရွှေထုတ်တဲ့နည်း ကိုတော့ ရမည်းသင်း မြို့နယ်က ရွှေလုပ်တဲ့ ပညာရှင်တွေက လာရောက်သင် ပေးပြီး သက်ဆိုင်ရာ ဒေသအာဏပိုင်တွေနဲ့ ပြည် တွင်း ကုမ္ပဏီတစ်ခုက ကျောက်ကြီးဒေသရဲ့ အရှေ့ဘက်မှာ စလုပ်တာပါ'' ဟု ဦးစိုးသိန်း က ပြောသည်။
မြန်မာ့အကြီး ဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသ တွင် တွေ့ရှိမှု ပြမြေပုံ
လွန်ခဲ့သည့် နှစ်၂ဝခန့်က နိုင်ငံခြား ကုမ္ပဏီတစ်ခုက ဒေါ်လာလေးသန်းခန့် အကုန် အကျခံကာ ယခုတွေ့ရှိခဲ့သော မဲဝိုင်ရွှေကျင် ကျောက်ကြီး ရွှေကြောကို ရှာဖွေခဲ့ရာတွေ့ ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ ''မဲဝိုင်ရွှေကျင် ကျောက်ကြီး ရွှေကြောက ဟိုးရှေးကတည်းက ရွှေထွက်တာ။ မင်းတုန်းမင်းလက်ထက်မှာတောင် ပြည်သူတွေ အဲဒီရွှေကြောက ရွှေတွေကို လက်နဲ့ ကျင်ကြတာ သမိုင်း အထောက်အထား တွေအရ သိရတယ်။ ဒီရွှေကြော လာရှာတဲ့ အမေရိကန် ကုမ္ပဏီက မြန်မာရှေး ရာဇဝင်ကို အထောက်အထား ပြည့်စုံအောင် မစု နိုင်တာရယ်၊ နောက်ဆုံးပေါ် နည်းပညာကပေါ်ခါစပဲ ရှိသေးတာကြောင့် တွေ့မသွား တာ ဖြစ်ပါတယ်'' ဟု ယင်းက ထပ်မံပြောသည်။ သတ္တုတွင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ရွှေထုတ် လုပ်သည့်နေရာ ၂၂ရနေရာရှိကာ ယခုမဲဝိုင် ရွှေကျင်ကျောက်ကြီး ရွှေကြောမတွေ့ မီက မြန်မာနိုင်ငံ၏ ရွှေကျင်မဲဝိုင် ရွှေကြော သည် အကြီးဆုံးဖြစ်သည်။ ယခုအခါ ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများပြုလုပ်ပြီးသော ကြောင့် နောင်အခါတွင် မြန်မာပြည်ဖွား တိုင်းရင်းသား ကုမ္ပဏီများ အနေဖြင့် နိုင်ငံ တော်နှင့် အကျိုးတူပူး ပေါင်းလုပ်ကိုင် မှုများ ပိုမိုပြုလုပ် နိုင်တော့မည်ဖြစ်သည်။

