» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ယခုနှစ် အကယ်ဒမီ ပြေတီဦး၊ သက်မွန်မြင့်၊ လင်းဇာနည်ဇော်တို့ တစ်ပြေး

၂၀၁ဝခုနှစ် အတွက်ရုပ်ရှင်ထူး ချွန်ဆုပေးပွဲ  အခမ်းအနား ကိုဖေဖော်ဝါရီလ  ဒုတိယအပတ် အတွင်းနေပြည် တော်၌ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

''အကယ်ဒမီပေးပွဲကဖေဖော်ဝါရီလ  ဒုတိယအပတ်  ပြည်ထောင်စု နေ့ပတ်ဝန်းကျင်လောက် တော့လုပ် ဖြစ်မယ် ထင်ပါတယ်'' ဟု  မြန်မာ့ရုပ် ရှင်လုပ်ငန်း မှညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင် ကပြောသည်။ ၂၀၁ဝ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ် ပို့ဆုကို ပြေတီဦးနှင့်သက်မွန်မြင့် တို့ တစ်ပြေး နေကြောင်း ရုပ်ရှင်အသိုင်း အဝိုင်းတွင် ခန့်မှန်း ပြောဆိုနေကြ သည်။  ယခုအတွက်  ရုပ်ရှင်ထူးချွန်ဆု များချီး မြှင့်ပေးရန် အတွက်၂၀၁၁ခုနှစ် အတွင်းရုံတင်ပြသပြီးသောရုပ်ရှင် ဇာတ်ကားနှင့် စကာတင်ဇာတ်ကား စုစုပေါင်း ၁၅ကား ရှိရာတွင်တွင် ဟာသဇာတ်ကား ၁၁ ကားနှင့် ဘဝသရုပ်ဖော်ဒရမ်မာ  ဇာတ်ကား၄ ကား ရှိကြောင်း မြန်မာ့ရုပ်ရှင်လုပ် ငန်း၏  စာရင်းများ အရသိရပါသည်။


အဆိုပါ ရုပ်ရှင်ဇာတ်ကားများ မှာ နတ်ဖြစ်ရတဲ့ဒုက္ခ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဟတ်ထိတယ်၊ ကျောက်သင်ပုန်းတွေ မိုးတဲ့အိမ်၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ အချစ်လားလာထား၊ အငိုမျက်လုံးအ ပြုံးမျက်နှာ၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက် မယ်၊ နယူး မော်ဒယ်၊ အာဒံရယ်  ဧဝရယ် ဒသရယ်၊ အမေ့ကျေးဇူး ဆပ်ဖူး ချင်တယ်၊ လာထားအာဘွား၊ ပင်လယ်ထက်က နေဝန်းနီစသည် တို့ဖြစ်ကြောင်း သိ ရသည်။ ၂၀၁ဝ ခုနှစ် အကယ်ဒမီဆုပေး ပွဲနှင့် ပတ်သက်ပြီး  ဆုချီးမြှင့် မည့်ဇာတ် ကားများအား အကဲဖြတ်သည့်  အဖွဲ့ တွင်ပါဝင်သည့် ဆရာ ချစ်ဦးညိုက ''၂၀၁၀ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု  ရရှိ မယ့်သူတွေကို  ခန့်မှန်းပြောပြရမယ် ဆိုရင်တော့ ဇာတ်ကားဆု  ကပင်လယ် ထက်က နေဝန်းနီ၊ မင်းသားဆုက အာဒံ ရယ်ဧဝရယ်ဒသရယ်ကား  နဲ့ပြေတီဦး၊ မင်းသမီးက  ဒီကားနဲ့ပဲ  သက်မွန်မြင့်၊ ဇာတ်ပို့ဆု  ကိုတော့စိုင်းစိုင်းခမ်းလှိုင် နဲ့  ဝေဠုကျော်(ပင်လယ်ထက်ကနေ ဝန်းနီ)တို့  ရနိုင်မယ်လို့  ခန့်မှန်းမိပါ တယ်၊  ဒါရိုက်တာ  ဝိုင်း ကတော့ရလိမ့် မယ်မထင်ဘူး''  ဟု ဆိုသည်။

၂၀၁ဝ ခုနှစ်အတွက်  ရုပ်ရှင်ထူး ချွန်ဆုပေးပွဲသို့  အားပေးရန်တတ် ရောက်မည့်  အကယ်ဒမီ  ထွန်းအိန္ဒြာဗို က ''ဒီနှစ်အကယ်ဒမီ ဆုရမယ်လို့ ကြားတာတော့  ပြေတီဦး၊သက်မွန် မြင့်၊ လင်းဇာနည်ဇော် တို့တော့အများ ကြားသိလိုတော့ ကြားပါတယ်။ ထွေထွေထူးထူး သိထား တာတော့မ ရှိပါဘူး။ ဒီနှစ်အကယ်ဒမီ စာရင်းဝင် တဲ့ဇာတ်ကားကြီး တွေအားလုံးကို ကျွန်မ မကြည့်တဲ့ အတွက် ဘယ်ကား က တော့ဘယ်လို ဆိုတာမျိုး ဆိုတာ ကျွန်မမသိဘူး။ကျွန်မအတွက်ဒီနှစ် အကယ်ဒမီက ရင်ခုန်စရာမရှိပါဘူး။ လက်ခုပ်တီးပေး ဖို့ပဲတတ်ဖြစ်မှာပါ'' ဟု ပြောသည်။


အကယ်ဒမီရရန် တစ်ပြေးနေသည့် သရုပ်ဆောင် ပြေတီဦးက ' 'ကျွန်တော့်ကို အာဒံဧဝဒသဇာတ်ကားနဲ့ရမယ်လို့ပ ရိသတ်တွေ ခန့်မှန်းပေး ကြတဲ့အတွက် ကျေးဇူးတင် ပါတယ်။ ကျွန်တော်  ဒီကာရိုက်တာ ကို  မရိုက်ခင်ကတည်း ကရွေးချယ်ခဲ့ ပြီး  သရုပ်ဆောင်ခဲ့တာ  အကယ်ဒမီ ဆုရဖို့  မျှော်လင့်ပြီး  လုပ်ခဲ့တာမဟုတ် ပါဘူး။ဒါပေမယ့်   မမျှော်လင့်ပဲရခဲ့ ရင်တော့  ဝမ်းသာရမှာပါပဲ။''  ဟု ပြောသည်။ အကယ်ဒမီ အိန္ဒြာကျော်ဇင်က ''ဒီနှစ်အကယ်ဒမီဆုအတွက် ရင်ခုန်ဖို့မရှိပါဘူး။အားပေးဖို့ အတွက်ပဲသွား  ဖြစ်မှာပါ။ သမီးလေးကို တော့ခေါ်မသွား သေးဘူး။ကလေး ကငယ်သေးတဲ့  အတွက်ကြောင့်ပါ။ နှစ်ယောက်တည်း   ပဲသွားဖြစ်မှာပါ'' ဟု ပြောသည်။


အကယ်ဒမီ ခန့်မှန်းစာ ရင်းဝင် လင်းဇာနည်ဇော်က ''ပရိသတ်တွေကတော့မလင်း ကိုဒီနှစ်အကယ်ဒမီရလိမ့်မယ်လို့ တော့ပြောတဲ့ အသံတွေကြား ရပါ တယ်။ဒါပေမယ့် မလင်းထက်တော် တဲ့သူ တွေအများကြီးပါ။မလင်းအရမ်းတော့  မမျှော်လင့်ပါဘူး။အကယ် ၍ မလင်းအကယ်ဒမီ  ရခဲ့မယ်ဆိုရင်  အရမ်းဝမ်းသာ  မိမှာပါပဲ''  ဟုပြောသည်။ ၂၀၀၉ခုနှစ်က  မြင့်မိုရ်ထက်က သရဖူဇာတ်ကား ဖြင့်  အကယ်ဒမီထူး ချွန်ဆု ရရှိခဲ့သူ အကယ်ဒမီများရှင် မို့မို့ မြင့်အောင် က ' 'မနှစ်ကတော့ အကယ်ဒမီ  ဇာတ်ကားပါတော့  ရင်တခုန်ခုန် နဲ့သွားခဲ့ရတာပေါ့။ဒီနှစ်ကတော့ အား ပေး  ဖို့သက်သက်ပဲ သွားဖြစ်ပါတယ်'' ဟု ဆိုသည်။

၂၀၁ဝခုနှစ် အတွက်  ရုပ်ရှင်ထူးချွန်ဆု  အကယ်ဒမီပေး  ပွဲ၌ဆု  ချီးမြင့်မည့်  စင်မြင့်အား  အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆီးဂိမ်းမှစင်မြင့် အတိုင်းအာဆီယံ  စံချိန်စံညွှန်း အတိုင်း တည်ဆောက်မည် ဖြစ်ကြောင်း၊ ယင်းအတွက်  ပုဂ္ဂလိက ကုမ္ပဏီများ နှင့်ပူးပေါင်း ဆောင်ရွက်ရန်  စီစဉ်ထား ကြောင်း  မြန်မာ့ရုပ်ရှင်လုပ်ငန်း မှ စက်မှု ဖက်ဆိုင်ရာ အရာရှိဦးဝင်းသူ  ကပြော သည်။  ''စင်မြင့်ကိုအရင်နှစ် တွေနဲ့မတူအောင်တည်ဆောင်ဖို့ စီစဉ်ထားပါတယ်။မီးတွေနဲ့ပြင်ဆင် ထားမှာဖြစ်ပါတယ်။အင်ဒိုနီးရှားဆီး ဂိမ်းမှာ တည်ဆောင်ထား တဲ့စင်ပုံစံ အတိုင်းလုပ်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင် တွေလည်း ညှိနှိုင်းနေပါတယ်။ဒါ့အပြင်ပြည်ပ ကပညာရှင်တွေ ကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။''  ဟုယင်း ကပြောသည်။ ရုပ်ရှင်ထူးချွန်ဆု  များမှာ အမျိုးသား သရုပ်ဆောင်ထူးချွန်ဆု၊အမျိုးသမီး သရုပ်ဆောင်ထူးချွန်ဆု၊အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ တေး ဂီတဆု၊ ဇာတ်ညွှန်းဆု၊ အသံဆု၊ ဓာတ် ပုံဆု၊ တည်းဖြတ်ဆု  တို့ဖြစ်ကြောင်း သိရသည်။