» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



တရုတ်အစိုးရရေးရာကျွမ်းကျင်သူ တိုင်းရင်သားလက်နက်ကိုင်များနှင့် နီးစပ်သူ ဦးအောင်ကျော်ဇောနှင့် မေးမြန်းခြင်းအပိုင်း(၄)

မေး -  ကျွန်တော့်အနေနဲ့ သိချင်တဲ့အချက် နှစ်ချက်ရှိတယ်။ တရုတ်အစိုးရဲ့ ပေါ်လစီက ကွန်မြူနစ်တွေ  နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးရယ်၊ အစိုးရချင်းဆက် ဆံရေး  ဆိုပြီး နှစ်ခွဆက်ဆံခဲ့တယ်   လို့ပြောထားတယ်။ အဲဒီတော့ လတ်တလော မှာရော ကျွန်တော်တို့နိုင်ငံအစိုးရက ဒီမိုကရေစီ စနစ်  သွားပြီလို့ပြောတယ်။ ဒီလိုသွားတဲ့အတွက် အနောက်  နိုင်ငံတချို့ကလဲ ပြန်ပြီးတော့ မျက်စိကျလာတဲ့ အနေအထား မျိုးရှိတဲ့ အခါကျတော့ တရုတ်ပြည်နဲ့  ဆက်ဆံရေးက ဘယ်လိုဖြစ် သွားနိုင်သလဲ။ တရုတ်အနေနဲ့ မြန်မာပြည်ကို ဆက်လက် ရှိလာ နိုင်မလဲလို့ အန်ကယ့်   အနေနဲ့မြင်သလဲ။


ဖြေ - ကိုယ်ကတော့ တရုတ်အစိုးရက အထူးသဖြင့် ၈၉  ပေါ့နော်။ ဗကပပြိုလဲ သွားပြီးနောက် မပြိုလဲခင်လဲပါပါတယ်။ အဓိက သူ့နိုင်ငံကို ဦးတည်ထားတယ်။ တချို့က သိပ်ကို တစ်ကိုယ်  ကောင်းဆန် တယ်လို့ထင်တယ်။  တရုတ်ပညာရှင်ရဲ့ လေ့လာမှုများအရ  ၈၉၊ ၉ဝ  ပတ်ဝန်းကျင်  မှာ မြန်မာပြည်ဟာ ဟိုတစ်နေ့က ဆို စီစီတီဗွီမှာ  မိနစ်၄ဝကြာတယ်။ တရုတ်ပြည်ရဲ့ သံအမတ်ကြီးဟောင်း    တစ်ယောက်၊ နောက်လီချန်ယန် မြန်မာပြည်ရဲ့  အိတ်စပတ်၊ မြန်မာလိုလဲ ကောင်းကောင်း တတ် တယ်။ သူတို့နှစ်ယောက်ရယ်၊ ထိုင်းကလူရယ် ဆွေးနွေးတဲ့ အခါမှာ မြန်မာပြည် ဟာသယံဇာတ   ပေါတဲ့နိုင်ငံ၊ အရှေ့တောင်အာရှမှာ တခြားလေးနိုင်ငံနဲ့  ယှဉ်နိုင် တယ်။ လေးနိုင်ငံစာ ရှိတယ်ပေါ့။ အခုလုပ်နေတဲ့  ပေါ်လစီ။ တစ်ပိုင်းကတော့ စာနာတယ်။ အဲဒီစာနာမှုက သိပ်ပြီးတော့    မရှိတော့ဘူး။ မရှိဘူးဆိုတာက ပြည် တွင်းမှာလဲ  ဖြစ်နိုင်တယ်။ တရုတ်ပြည်က အရင်တုန်းက ဘာသာတရား   မရှိပေ မယ့် ကွန်မြူနစ် Athic  ရှိတယ်။ ကိုယ်မှတ်မိတယ်။ ၁၉၈ဝပြည့်နှစ်က ရန်ဖြစ်ရင် ထိုင်ဆဲနေရင် ရဲကိုတိုင်ရင် ဆဲနေတဲ့သူက အပြစ်မဟုတ်ဘူး။ ဆဲတာ   မခံနိုင်လို့ ထပြီးတစ်ချက်ရိုက်လိုက် ရိုက်တဲ့သူ အချုပ်ထဲ   ရောက်သွားမယ်။

တရုတ်ပြည်ရဲ့    ပြဿနာက ကွန်မြူနစ်လဲပြောတယ်။ ခင်ဗျား သိပ်အထင် မကြီးနဲ့ တရုတ်ပြည်က ပြဿနာပေါ်  နိုင်တယ်။ တရုတ်ပြည်က အရမ်းကြိုးစား တာ။ ဆင်းရဲချမ်းသာ သိပ်ကွာဟတယ်။ သူတို့မှာ  ပျောက်သွားတာ။ ဥက္ကဋ္ဌကြီး တိန့်ရှောင်ဖိန် ပြောတာရှင်း   တယ်။ သူက ကွမ်တုံကိုသွား ကြည့်တဲ့အချိန်မှာ ကွမ်တုံမှာ စပြီး  တံတားဖွင့်တဲ့အချိန်မှာ ကွန်မြူနစ်   ပါတီက လူဟောင်းကြီးတွေ က လုပ်ငန်းတွေ   လုပ်ဖို့ လုပ်နေတာ။ ကွန်မြူနစ်ပါတီ   အစဉ်အလာတွေနဲ့ အဲဒီမှာ လူငယ်တွေ   တက်လာတဲ့အုပ်က မဟုတ်ဘူး၊ နိုင်ငံတကာမှာ     ပြောင်းနေပြီ။ ဒီလိုလုပ်ရင်တော့ ကျွန်တော်တို့    အစိုးရကြီးက အောင်မြင်မှာမဟုတ်ဘူးလို့ တင်ပြ တဲ့အခါမှာ တိန့်ရှောင်ဖိန်က တစ်လုံးပဲ    ပြောလိုက်တယ်။ သူက မော်ဒန်နိုက် လုပ်ဖြစ် ဖို့ပြောတာ။ တလွဲတွေမဖြစ်ဖို့ပြောတာ။ ကြောင်က နီနီ ပြာပြာ အဓိက ကြွက်ရဖို့ပဲ။ တရုတ်စကားပုံရှိတာ။ တလွဲတွေ  ဖြစ်ကုန်တော့တာ။ အခုကျတော့ ပိုက်ဆံပဲစဉ်းစားတော့တာ။ အခု ဒဲရစ်မစ်ချယ် တရုတ်ကို သွားမယ်။ တရုတ်နဲ့ အမေရိကန်ရဲ့  ဆက်ဆံရေးကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘယ်သူက ဘယ်သူ့ ကို ဘာတွေပြောမလဲ စောင့်ကြည့်နေရတယ်။ တရုတ်ပြည်က အမေရိကန်နဲ့ မြန်မာပြည် ဆက်ဆံတာ စီစီတီဗွီမှာပြောတာကို ကြည့်ရတဲ့ အချက်အရ ကို သူတို့ လက်ခံတယ်။ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး  လွန်လွန်ကျွံကျွံပေါ့။ ပါကစ္စတန် တို့လိုဖြစ်မှာကိုတော့ မနှစ်သက်ဘူး။ ဗမာပြည်ရဲ့ အရှေ့တောင်အာရှမှာ မဟာ ဗျူဟာကျမှုက တရုတ်ပြည်အတွက် သေရေးရှင်ရေး   အရေးကြီးတယ်။ တူးအိုးရှင်း ပေါ်လစီ ဗမာပြည်မပါဘဲ တရုတ်လုပ်လို့   မရဘူး။
    

အခု ဒဲရစ်မစ်ချယ် တရုတ်ကို သွားမယ်။ တရုတ်နဲ့ အမေရိကန်ရဲ့  ဆက်ဆံရေးကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘယ်သူက ဘယ်သူ့ ကို ဘာတွေပြောမလဲ စောင့်ကြည့်နေရတယ်။ တရုတ်ပြည်က အမေရိကန်နဲ့ မြန်မာပြည် ဆက်ဆံတာ စီစီတီဗွီမှာပြောတာကို ကြည့်ရတဲ့ အချက်အရ ကို သူတို့ လက်ခံတယ်။ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး  လွန်လွန်ကျွံကျွံပေါ့။ ပါကစ္စတန် တို့လိုဖြစ်မှာကိုတော့ မနှစ်သက်ဘူး။ ဗမာပြည်ရဲ့ အရှေ့တောင်အာရှမှာ မဟာ ဗျူဟာကျမှုက တရုတ်ပြည်အတွက် သေရေးရှင်ရေး   အရေးကြီးတယ်။ တူးအိုးရှင်း ပေါ်လစီ ဗမာပြည်မပါဘဲ တရုတ်လုပ်လို့   မရဘူး။


မေး - ဒါဆို အန်ကယ်ပြောတဲ့သဘောက တရုတ်ပြည်အနေနဲ့က မြန်မာနိုင်ငံ နဲ့ဆက်ဆံရေးကို မပျက်ပြားအောင်ထိန်း မယ်ဆိုတဲ့ သဘောလား။   

ဖြေ -  ဟုတ်တယ်။  ထိန်းမှာပဲ။ ကျိန်းသေထိန်းမှာပဲ။  အခုလောလောဆယ် တော့ ဒေါသနဲ့  ပြောနေတာတွေ အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ်တွက်တာမှန် ရင် ပိုက်လိုင်းနှစ်ခုပေါ့နော်။ တရုတ်က စွမ်းအင်  ပြဿနာရှိတော့ မြန်မာပြည် ကို လည်စင်းပေး ရမယ့်သဘော ဆိုနိုင်တယ်။ ဒါပေမဲ့ ကိုယ်တို့က သိပ်ပြီး တရုတ် ကို တွန်းအားပေး  လို့မကောင်းဘူး။    ဂက်စ်ကတော့  သူ့ဆီမှာလဲရှိတာပဲ။ ဒါပေမဲ့ ရေနံကိစ္စ သူ့အတွက်လဲ  အကျိုးရှိမယ်။    ကိုယ်လဲ  ပိုက်ဆံရ မယ် ဆိုရင်   အိမ်နီး နားချင်း  အကျိုးရှိရေး   ကို စဉ်းစားပေးရမှပေါ့။  မြစ်ဆုံကိစ္စ  ဖြစ်တာက တရုတ်ပြည်မှာ အောက်တိုဘာ ၁ရက်က အောင်ပွဲ နေ့။ မြစ်ဆုံကိစ္စကို စက်တင်ဘာ ၃ဝရက်နေ့မှာ ဗြုန်းဆိုပြီး    လုပ်လိုက်တော့ တရုတ် အတွက်တော့  ခံရခက်မှာပေါ့။ အဲဒီတော့ ဒီဘက်မှာ နှစ်အုပ်စုကွဲတယ်။  တစ်အုပ်စုက မြန်မာပြည်ကို ပန်းနစ်ချ်မန့် လုပ်ရမယ့်ပေါ့။  ဒါပေမဲ့ ဒီအုပ်စုက အသာစီးမရဘူး။ နောက်တစ်အုပ်စုက အခု မြန်မာပြည်  ပြောင်းလဲနေပြီ။  နိုင်ငံတကာကလဲ ပြောင်းလဲနေပြီ။ အဲဒီတော့ မြန်မာပြည်ကို  ကိုယ့်ပြည်တွင်း အကျိုး စီးပွားကို မထိခိုက်မယ့် ပေါ်လစီမျိုးနဲ့    ပြန်ဆွဲယူရမယ်ဆိုတာမျိုး။  ဒီအုပ်စု အများစုက  ရှင်းဟွာယူနီဗာစီတီက   ဆရာတွေ။
 

မေး- နောက်တစ်ခုက တရုတ်နိုင်ငံက မြန်မာရဲ့နယ်စပ်မှာ ရှိတဲ့အဖွဲ့အစည်း တွေနဲ့ ဆက်နွှယ်  မှုရှိနေတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး   ရရှိရေးကိစ္စမှာ ရော တရုတ်ကို ဘယ်လိုမြင်လဲ။

    
ဖြေ - ဒီအရှေ့မြောက် နယ်ခြား တစ်လျှောက်မှာ တရုတ်ပြည်က သူ့အတွက် လိုအပ်ချက်ကြောင့် သူ(တရုတ်)မပါဘဲ နယ်ခြား ပြဿနာ မရှင်းနိုင်ဘူး။ ကိုယ် မီဒီယာတွေ မှာလဲ ပြောခဲ့ပါတယ်။ အခုကေအိုင်ယူ  ကိစ္စသော်လည်းကောင်း၊  '၀' ကိစ္စသော် လည်းကောင်း ဒီကိစ္စတွေက တရုတ်အစိုးရမပါဘဲ  Triple Type ပေါ့ကွာ။  စားပွဲတစ်ခု တည်းပေါ်မှာ ထိုင်ရှင်း  လို့မရဘူး။ နောက်က သူကွန်ထရိုး မလုပ်တောင်မှ  အကြောင်းတွေ အများကြီးပါတယ်။ ဥပမာ- အခု '၀'ကိုမရှင်း နိုင်ဘူး။  သုံးသောင်းရှိတယ်။ တစ်သောင်းရှိ  တဲ့တပ်တောင် ရှင်းဖို့ခက်တယ်။ ဒါပေမဲ့ အခုဟီလာရီ  လာသွားတယ်။ ဗမာအစိုးရနဲ့ ပြောကြတဲ့ အထဲမှာ ဘိန်း မူးယစ်ဆေးဝါးကိစ္စပါတယ်။ ဗမာအစိုးရက အခုမပြောသေး ပေမယ့် နောက်နှစ် မှာ အမေရိကန်ကို ဒီကိစ္စအတွက် ပြောလိုက်နိုင်တယ်။ ဘင်လာဒင်တောင် ဖမ်းသွား တာကွလို့ '၀'တွေကိုပြောလိုက်တယ်။ ကောက်သင်း ကောက်သလို ကောက်သွားမှာ။ အစိုးရက ဘိန်းဖြတ်မလား၊ ဘော်ဒါဂတ် (နယ်ခြားစောင့်) လုပ်မလား၊  ငါ့အမိန့်နာခံမလား။ မဟုတ်ရင်တော့ မင်းတို့ကြမ္မာ မင်းတို့ရှင်းဆို ရင် ခက်မယ်။ ဗမာအစိုးရနဲ့ အမေရိကန် ဆက်ဆံရေးဟာ '၀'ကိစ္စပါလာလိမ့် မယ်။ ဗမာအစိုးရ အနေနဲ့ သူမှမရှင်းနိုင်တာ။ မရှင်းနိုင်ရင် နိုင်ငံတကာအကူ အညီတောင်းရမှာပဲပေါ့။ ခွန်ဆာ တုန်းကပဲကြည့်လေ။ ဆရာကြီးက ဒီလောက် များတဲ့တပ်နဲ့ဟာကို လက်နက်ချ လိုက်ရတယ်။ တရုတ်ပြည်က ဘယ်လောက်ပဲ ကာကွယ်ကာကွယ် နောက်ဆုံးသူ  မကာကွယ်နိုင်ဘူး။ တရုတ်ပြည်ရဲ့ ပြဿနာက  ဘာလဲဆိုရင် မူးယစ်ဆေးဝါး ကိစ္စတွေကို DEA သိသွားရင်  သူဘာမှလုပ် လို့မရဘူး။ သူ ဘယ်လိုမှ  မကယ်နိုင်တော့ဘူး။ DEA မသိသေးရင် သူကာ ကွယ်လို့ရတယ်။
                

မေး - အန်ကယ်ခင်ဗျာ၊  အန်ကယ်ပြောသွား  တဲ့အထဲမှာ ကျွန်တော်တို့နိုင်ငံ တိုးတက်ရေး လမ်းကြောင်းပေါ်ကို တကယ်လျှောက် နိုင်ဖို့ကိစ္စမှာ အစိုးရနဲ့ငြိမ်းချမ်းရေး ရဖို့က အလွန်အရေး ကြီးတဲ့ကိစ္စ ဖြစ်တယ်ဆိုတော့ အန်ကယ့်အနေနဲ့က ဒီလူမျိုးစု လက်နက်ကိုင်တွေနဲ့ အများကြီး နီးနီးစပ်စပ် ရှိတဲ့လူဆိုတော့ ငြိမ်းချမ်း ရေးကိစ္စအောင်မြင်အောင် သဘောတူညီမှုတွေကို ဘယ်လို တည်ဆောက်သင့် သလဲဆိုတာပေါ့။(ပြည်တွင်းကလူတွေနဲ့ အန်ကယ်နဲ့ကျတော့ အမြင်တူချင် မှတူမယ်လေ။) အဲဒါလေး အကြံပြု ပြောကြားပေးပါဦး။

ဖြေ - ကျွန်တော့်အမြင် ကတော့ ရှင်းတယ်လေ။ တန်းတူရည်တူ သဘော တရားက Political Solution ကနေရှာဖို့လိုတယ်။ Political Solution  ဆို တာက    ကချင်ပြည်နယ်   ဝန်ကြီးချုပ်ကို ကချင်လူမျိုးကို ခန့်ထားရုံနဲ့မရဘူး။ သူ့ လူမျိုးကို တကယ့်ကို Really ကိုယ်စားပြု  နိုင်တဲ့လူတွေ  ဖြစ်ဖို့လိုတယ်။ အခု ရွှေလီ မှာဆိုရင် တဲ့ဟုန်တိုင်း ဟာ ရှမ်းနဲ့ကချင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသဖြစ် တယ်။ ဌာနအသီးသီး မှာသွားကြည့်လိုက် ရှမ်းမဟုတ်ရင် ကချင်နံပါတ်တစ် ပေးထားတယ်။ မြို့တော်ဝန်က ရှမ်းမဟုတ်ရင် ကချင်ဖြစ်ရမယ်။ ဒုတိယနေရာ ကိုပဲ တရုတ်ယူတယ်။ ပါတီ ကော်မတီ  အတွင်းရေးမှူး ရှမ်းမဟုတ်ရင် ကချင် ဖြစ်ရမယ်။ဒါတောင်မှ သိပ်ကျေနပ်  ကြသေးတာ  မဟုတ်ဘူး။ ဥက္ကဋ္ဌကြီး ဘရန် ဆိုင်းက ဘာပြောသလဲဆိုရင် ကျွန်တော်တို့ တရုတ်ပြည်ကပေးတဲ့ ကချင်တွေရဲ့ အခွင့်အရေးမျိုး ကျွန်တော်တို့ရရင် လက်နက်  မကိုင်ပါဘူးတဲ့။ ဖက်ဒရယ်မဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ တရုတ်ကပေးတာ။ ဒါတွေဟာ အခြေခံအချက် အလက်တွေပါပဲ။ ဗမာပြည်ကြီး တကယ်တိုးတက်  ချင်တယ်ဆိုရင်တော့ အမျိုး သားရေး   ပြဿနာတွေဟာ နံပါတ်  တစ်ရှင်းရမယ့်   ပြဿနာတွေပဲ။ ဒီမိုကရေစီ ကိစ္စတော့ ဒေါ်စုတို့ပါလာပြီပဲ။ အကျဉ်းသား တွေလွှတ်ဖို့ဆိုတာမှာ တိုင်းပြည် အတွက် အကျိုးရှိမယ့် လူတွေကို အရင်လွှတ်ပေါ့။ အများကြီးတော့ မမျှော် လင့်ပါဘူး။ လူသန်းပေါင်းများစွာ သွေးတွေလက်မှာ ပေနေတဲ့သူတွေက ချက် ချင်းကြီးရွှေ့ဖို့ဆိုတာ ချက်ချင်းတော့ မလွယ်ပါဘူး။
    

မေး -  မြစ်ဆုံကိစ္စကို  ရပ်လိုက်ရဲ့သားနဲ့ ကေအိုင်အေ  အရေးက ပြီးဆုံးမသွား ဘဲဖြစ်နေတာကိုရော ဘာကြောင့်လို့  သုံးသပ်မိပါသလဲ။

ဖြေ- အဲဒါက ဒေါက်တာတူးဂျာတို့က လွှတ်တော်ထဲဝင်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။ တကယ်လို့သာ သူတို့လွှတ်တော်ထဲ ရောက်နေတယ် ဆိုရင် ကေအိုင်အေဗဟိုကို မင်းတို့ကွာ မင်းတို့လူတွေလဲ လွှတ်တော်ထဲ ရောက်နေ ရဲ့သားနဲ့ ဘာဖြစ်လို့ သေနတ်ကိုင် နေသလဲလို့ပြောလို့ ကောင်းတယ်လေ။ ဒေါက်တာ တူးဂျာတို့က ပါတီလဲမဖွဲ့ခဲ့ရသလို တစ်သီးပုဂ္ဂလလဲ မလုပ်ခဲ့ရဘူး လေ။ အခုဖြစ်နေတဲ့ စစ်ပွဲမျိုးက ရေရှည်ကျရင် လုံးဝ မကောင်းဘူးဗျာ။ အခု နယ်စပ်မှာ  ဖြစ်တဲ့စစ်ပွဲက ကရင်ဗမာ   ဖြစ်ခဲ့သလို ကချင်ဗမာလမ်းကြောင်းကို ဦးတည်နိုင်တယ်။ နယ်စပ်မှာ ကချင်မတွေနဲ့ ရနေတဲ့ဗမာလေးတွေ အခု ကိုယ့် ကိုယ်ကိုယ် ဗမာလို့မပြောရဲတာ တွေရှိနေတယ်။ ကချင်ပြည်နယ်က မြန်မာပြည်ရဲ့ မြောက်ဖျားမှာ သယံဇာတ   အင်မတန်ပေါတဲ့ဒေသ။ ပြီးတော့ ကချင်ကလူမျိုး ကြီးလဲဖြစ်တယ်။ နိုင်ငံရေးအရလဲ အများကြီး    ယဉ်ကျေးမှုမြင့် တဲ့လူမျိုးဖြစ်တယ်။ လူမျိုးစုတွေနဲ့ရတဲ့ သဘောတူညီချက်တွေက တကယ့် political solution ဖြစ်ဖို့လိုတယ်။ ၁၉၈၉  ငြိမ်းချမ်းရေးယူ တုန်းကလိုမျိုး အခုနှစ်၂ဝကြာပြီးတဲ့ We Get Nothing  အခါမဖြစ်ဖို့လိုတယ်။ ပြောရရင် တရုတ်ကလည်း မြန်မာပြည် နယ်စပ်မှာ ဒီလိုလူမျိုးစု  လက်နက်ကိုင်တွေ  ရှိနေတာကို ကြိုက်တယ်။ သူ့ အတွက် အကျိုးရှိတာကိုး။ The lowest prices in the world လေ။ တကယ့် political solution  ဖြစ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားငယ်ဆို တာက နဂိုကတည်းက သူ့မှာသိမ်ငယ်တဲ့သဘောရှိတယ်။ တရုတ်ပြည်က ခေါင်းဆောင်တွေက အဲဒါမျိုးမှာ သိပ်အားကောင်းတာ။ လူမျိုးစုအမျိုးသမီးတွေနဲ့ အခမ်းအနားတွေမှာ တွဲပြီးကတာတွေ ဘာတွေလုပ်တာ။ အဲဒါမျိုးတွေက သိပ်ပြီး ထိရောက်တာ။ ကိုယ်က အမျိုးသားကြီးပဲ ပိုပြီး  သဘောထားကြီးရမယ်။ ပြော ချင်တာက အထူးသဖြင့် တိုင်းရင်းသားတွေမှာက နဂိုကတည်းက သိမ်ငယ်တဲ့ အဲဒီသဘောရှိတယ်။ နဂိုကတည်းက ကိုယ့်လောက်တော့ အမြင်ကျယ်မှာ မဟုတ်ဘူးလေ။ အမျိုးသားရေး  ပြဿနာက သိပ်ကို ပြောရခက်တယ်။ ကိုယ့် မိန်းမရဲ့  အဘိုးဆိုလဲ ကိုယ့်ကို ဗမာကောင် အိမ်ပေါ်ကဆင်းသွားဆိုပြီးလုပ် တာ။ သူတို့မှာ အခံတွေရှိတယ်။

 

ဒေါက်တာ တူးဂျာတို့က ပါတီလဲ မဖွဲ့ခဲ့ရသလို တစ်သီးပုဂ္ဂလလဲ မလုပ်ခဲ့ရဘူး လေ။ အခုဖြစ်နေတဲ့ စစ်ပွဲမျိုးက ရေရှည်ကျရင် လုံးဝ မကောင်းဘူးဗျာ။ အခု နယ်စပ်မှာ  ဖြစ်တဲ့စစ်ပွဲက ကရင်ဗမာ   ဖြစ်ခဲ့သလို ကချင်ဗမာလမ်းကြောင်းကို ဦးတည်နိုင်တယ်။ နယ်စပ်မှာ ကချင်မတွေနဲ့ ရနေတဲ့ဗမာလေးတွေ အခု ကိုယ့် ကိုယ်ကိုယ် ဗမာလို့ မပြောရဲတာ တွေရှိနေတယ်။
 

မေး - အခု ဦးရဲ့အနေအထားနဲ့ ဗကပမှာ နောက်ဆုံးတာဝန်ထမ်းခဲ့ပုံကို ပြန်ပြောပြပေးပါဦး။

ဖြေ -အသက်(၆၂)နှစ်ပါ။ အိမ်ထောင်ရှိတယ်။ ကလေးရှိတယ်။ ဟိုတုန်းက ရန်ကုန်ကဟာတွေတော့ မပါဘူးပေါ့(ရယ်လျက်)။ ထွက်လာတာ ၇၆ပါ။၈၉ အာဏာသိမ်းတာမှာပါတယ်။ ၈၁ ကနေ ၉၁မှာ အထူးဒေသ(၄) မုံရွာမှာပါ။ ဗကပမှာ နောက်ဆုံး ထမ်းဆောင်ခဲ့တဲ့ တာဝန်က အရှေ့မြောက်စစ်ဒေသရဲ့ စစ်ဦးစီးဌာနကြီးရဲ့ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေးဌာနရဲ့  ဌာနမှူးပါ။ ၉၁ကတည်း က ရွှေလီမှာ အရပ်သားအဖြစ်လာနေပါတယ်။ လက်ရှိတော့ ဘာမှမလုပ်ပါဘူး။ ကျောက်ပဲ  နည်းနည်းပါးပါး  လုပ်တယ်။ အစကတော့ လက်ဖက်ရည်ဆိုင် ဖွင့်ပါ တယ်။ သုံးလလောက် ရှိပြီမလုပ်တော့ဘူး။

မေး - တချို့က ဦးကို တရုတ်အထောက်အပံ့နဲ့နေနေတယ်ပြောတယ် ဟုတ်ပါသလားခင်ဗျ။

ဖြေ- တစ်ပြားမှမရှိပါဘူး။ ကျွန်တော် ကိုယ့်ထမင်း ကိုယ်ရှာစားနေပါတယ်။ တရုတ်ပြည်ရဲ့   သတ်မှတ်ချက်က ဗကပ ဗဟိုခေါင်းဆောင်တွေ ကိုပဲ ထောက်ပံ့ ပါတယ်။ ကျွန်တော့်အစ်မဆို မှီခိုသူပေါ့။ သူ့ကိုလဲပေးပါတယ်။ လက်ရှိ ဗမာ ရဲဘော်တွေ  အားလုံး ကိုယ့်ဟာကိုယ် ရှာစားကြပါတယ်။

မေး- တရုတ်ပြည်ရဲ့အထောက်အပံ့နဲ့နေတဲ့သူ ဘယ်လောက်ရှိသလဲခင်ဗျ။    

ဖြေ- သိပ်မရှိတော့ပါဘူး။ ခွေးမိန်မှာ ဖေဖေ(ဗိုလ်ချုပ်ကျော်ဇော)နဲ့ ရဲဘော် အောင်နိုင်နှစ်ယောက်ရှိတယ်။ နောက် စီချွမ်းမှာ နှစ်ယောက်လောက်ရှိတယ်။     ငါးယောက်လောက်ပါပဲ။  
         

မေး - ဒီ့ပြင်ရော ဗဟိုကော်မတီမဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုယ်ရပ်တည်နေတာ ဘယ်နှယောက်လောက်ရှိသလဲ။

ဖြေ - ရှိတယ်။ အများကြီးတော့မဟုတ်ဘူး။ အဘိုးကြီးတွေထဲကဆို သုံး၊ လေးဆယ်လောက်တော့ရှိမယ်။    
 

မေး - ဦးအနေနဲ့ ရန်ကုန်ကိုပြန်ပြီး သာမန်လူတစ်ယောက်ဘဝနဲ့နေဖို့ရော ဆန္ဒရှိလား။

ဖြေ- သိပ်တော့မရှိပါဘူး။ တိုင်းပြည်ကြီး မတိုးတက်မချင်းတော့ မလာချင် ပါဘူး။ နောက်တစ်ခု ပြန်ကြဖို့ဆိုတာက (ကိုယ်တို့တော့ မပါပါဘူး။) ၈၈ကလေး တွေကအစပေါ့။ ပြန်ဖို့ဆိုရင် ဥပဒေအရ ဝင်ခွင့်ပေးရင်တော့ ပြန်ကြပေါ့။ ကိုယ့်နိုင်ငံ နေတာကတော့ ကောင်းတာပေါ့။    

 မေး - အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးရင်ရော ပြန်လာမယ့်သူတွေ ရှိကြလား။

ဖြေ - ရှိပါတယ်။ အများကြီးပါပဲ။ တွက်ကြည့်ကြလေ။  အခု ABSDF  မှာ PHD ရတဲ့သူ ၁ရ ယောက် လောက်ရှိတယ်။ ကိုအောင်သူငြိမ်း တို့လို မာစတာ (အခု သူက ပီအိတ်ချ်ဒီရ  တော့မှာပါ။) အဆင့်ဆို ၁ဝယောက်လောက်ရှိတယ်။ ခင်ဥမ္မာဆို အလွန်ထက်ပဲ။ တိုင်းပြည်အတွက် အကျိုးရှိမယ့်  လူမျိုး။  အဲဒီလိုမျိုး လူတွေပြန်လာရင် တိုင်းပြည်အတွက်ကောင်းတာပေါ့။