» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



တရုတ်အစိုးရရေးရာကျွမ်းကျင်သူ တိုင်းရင်သားလက်နက်ကိုင်များနှင့် နီးစပ်သူ ဦးအောင်ကျော်ဇောနှင့်မေးမြန်းခြင်းအပိုင်း(၃)

u-aung-kyaw-zaw_thumnail1.jpgမေး- ဦးအနေနဲ့က နှစ်အတန် ကြာအောင် အစိုးရနဲ့ ဆန့်ကျင်ဘက် အဖြစ် လက်နက်ကိုင်  တော်လှန်ခဲ့တဲ့  အဖွဲ့အစည်းတစ်ရပ်မှာ တာဝန်ကြီးကြီး ယူခဲ့ဖူးတယ်။ လုပ်လဲ လုပ်ခဲ့ကြတယ်။ ဒီလိုပဲ ပြည်တွင်းမှာလဲ အစိုးရပဲ ဖြစ်ဖြစ်၊ အတိုက်အခံပဲ ဖြစ်ဖြစ် သူ့နည်း သူ့ဟန်နဲ့ လုပ်နေ ကြရဲ့သားနဲ့  မြန်မာပြည်က တိုးတက်ရေး လမ်းကြောင်းကို မလျှောက်နိုင်ခဲ့တာ ဘာကြောင့်  လို့ထင်လဲ။

ဖြေ - ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ပြဿနာက ပြည်တွင်းစစ်  ဖြေရှင်းဖို့ပါပဲ။ မြန်မာပြည်ရဲ့  သမိုင်း မှာ ပြောရမယ်ဆိုရင် အဓိက ပြဿနာ ကနှစ်ခုပဲ။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီတောင်း တဲ့ကိစ္စနဲ့ လူမျိုးစုရဲ့ကိစ္စပဲ။ အဲဒီနှစ်ခုကို  မရှင်းနိုင်ရင် အစိုးရပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲ ဖြစ်ဖြစ် မခံနိုင်ဘူး။ ဗမာ ပြည် ကွန်မြူနစ်ပါတီရဲ့  သမိုင်းကိုကြည့်လေ။ နည်းတဲ့သမိုင်းလား။ လူတွေအများကြီး သေကျေခဲ့တယ်။ ထောင်ထဲမှာလည်း အများကြီး အသတ်ခံရတယ်။ ဒါပေမဲ့ ဒီနှစ်ခု ကိုယ့်ဒေသထဲမှာ လူမျိုးစုတွေရှိ နေရဲ့သားနဲ့ လူမျိုးစုအရေး  တွေကို မထိန်း နိုင်ခဲ့ဘူး။ ကျွန်တော်တို့  လဲပြောတယ်ဗျ။ တရုတ်ပြည်နဲ့မတူဘူး။ ဒါကတော့ တရုတ် ပြည်ရဲ့ ဂယက်လဲပါတယ်။ တရုတ်ပြည်က ၉၉ရာခိုင်နှုန်းက တရုတ်တွေဖြစ်တယ်။ လူမျိုးစုက အရမ်းအနည်း  စုပဲဖြစ်တယ်။ နောက် သူ့အနေနဲ့ပြောရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်   ဒေသတွေပေး  လို့ရတယ်။ ဗမာပြည်က အဲသလို   မရဘူး။ ၅၈ကနေ ၆၂ရာခိုင်နှုန်းလောက်က ဗမာဖြစ်နေတယ်။ ကျန်တဲ့   ၃၈   ရာခိုင်နှုန်းလောက်က လူမျိုးစုဖြစ်တယ်။ အဲဒီလူမျိုးစုတွေရဲ့  နေထိုင်မှုဘဝ     နေတဲ့နေရာကလဲ ဗမာပြည် အတွက် အလွန်မဟာဗျူဟာ    ကျတဲ့နေရာဖြစ်တယ်။ သူတို့နေတဲ့ နေရာတွေအောက် မှာပဲ သယံဇာတ အင်မတန်  ပေါများတဲ့ ဒေသတွေ ဖြစ်တယ်။ ဒါတွေဟာ တိုင်းရင်းသား  တွေရဲ့အကျိုးစီးပွား ဖြစ်တယ်။ ဒါကိုလဲ စဉ်းစားပေး  သင့်တယ်။ ကျွန်တော်တို့ တိုင်းပြည်က Ethnic  တွေရဲ့ပြဿနာကို မှန်မှန်ကန်ကန်  မဖြေရှင်းနိုင်ဘူး ဖြစ် နေတယ်။  တောက်လျှောက်ကြည့်လေ။ ဒါကို ကွန်မြူ   နစ်ပါတီလဲ  မရှင်းနိုင်ခဲ့  ပါဘူး။

ဒါနဲ့ပတ်သက်ပြီး ကွန်မြူနစ်ပါတီရဲ့  အနေအထား   နဲ့ပြောရရင် ကျွန်တော် တို့ခေါင်းဆောင်တွေရဲ့ အင်မတန်အားနည်းတဲ့ Weak Point  က ဘာလဲဆိုရင် လေ့လာမှုအား  နည်းတာပဲ။ တောထဲမှာနေတာ  ကြာတော့ တောပုန်းဝါဒ ဖြစ်လာ တယ်။ နိုင်ငံတကာ အခြေအနေကို မသိဘူး။ ဗမာကျောင်းသား  တွေလာလို့ ဗမာကျောင်းသားတွေ တင်ပြတာ  အများကြီးပဲ။ ကျွန်တော်တို့တိုင်းပြည်အခြေ အနေက အများကြီးပြောင်းနေပြီ။  လူမျိုးစု ပေါ်လစီကို ကန့်ကွက်တယ်။ ဒါပေမဲ့ မရဘူး။ ခေါင်းဆောင်တွေက တရုတ်ပြည် ရဲ့ပေါ်လစီ အတိုင်း သွားချင်တယ်။တရုတ်ကလဲ အဲဒီပေါ်လစီကို ကြိုက်တယ်။ တရုတ်ကတော့ သူ့ဘက်က ကြည့် ရင်ဟုတ်တယ်။ ကျွန်တော် ပြောသလို နယ်စပ်ဒေသမှာ ဒီဘက်(မြန်မာ)မှာ ရှမ်း ဟိုဘက်(တရုတ်)ဘက်မှာ ရှမ်း ၊ ဒီဘက် (မြန်မာ)မှာ '၀' ဟိုဘက်(တရုတ်)ဘက် မှာ'၀'။ တကယ်လို့ ဗမာပြည်ဘက်က '၀'တွေက တရုတ်ပြည်ဘက်က '၀'တွေ ထက် ဒီမိုကရေစီပိုရနေမယ် ဆိုရင် တရုတ်ပြည်မှာ လာပြီးပြဿနာ ပေါ်နိုင်တယ်။ တရုတ်ပြည်ကလဲ ဘာပဲပြောပြော သူပေး တဲ့အခွင့်အရေးက အင်မတန်ကောင်း ပေမယ့် လူမျိုးစုနဲ့ လူမျိုးကြီးဆိုတာ သိပ်ခက်တယ်။  သိပ်ကိုဖြေရှင်း ရခက်တယ်။ အထူးသဖြင့် အမျိုးသား ရေး အမြင်ကျဉ်းမြောင်း  မှုဆိုတဲ့ကိစ္စဟာ အတော့်ကို ခက်ပါတယ်။


တရုတ်ပြည်ရဲ့ သူ့ အနေအထား နဲ့သူ သူ့ပြည်တွင်း မှာ  တည်ဆောက်ထား တဲ့ ပေါ်လစီက မှန်တယ်။ သူ့မှာ လူမျိုးစုက ပွိုင့်ဝမ်း တောင် မရှိဘူး။ ပြီးတော့ တရုတ်ပြည်မှာ က သဘာဝ သယံဇာတ တို့ ဘာတို့က လူမျိုးစုတွေ  နေတဲ့နေရာမှာ မရှိဘူး။ အဲဒီလိုအချက်မျိုး တွေမရှိဘူး။ ဗမာပြည်ကျတော့ မရဘူးလေ။ကချင်ပြည်နယ်မှာ ဖားကန့်၊ ရှမ်းပြည်နယ် မိုးကုတ်၊ အခု ရခိုင်ဆို ဓာတ်ငွေ့တို့၊ ရေနံတို့လာပြီ။ ဗမာ့ပြည်မကြီး မှာကျတော့ သိပ်မရှိဘူး။ တရုတ်ပြည်အနေနဲ့ ကျတော့ သူ့ပေါ်လစီက အောင်မြင်တယ်။  မြန်မာပြည်ရဲ့  ထူးခြားချက်က နိုင်ငံမှာရှိတဲ့    လူမျိုးအားလုံးဟာ လက်နက်စွဲ ကိုင်တိုက်ခိုက်တဲ့  အတွေ့အကြုံရှိတယ်။ သေနတ်ကိုင်ပြီး အစိုးရကိုခုခံခဲ့တဲ့ အနေအထား  တွေရှိခဲ့တယ်။ သူတို့ဒီလို  အနေအထားတွေ ပျက်သွားလည်းပြန် ထောင်နိုင်တယ်။ ဒီပြဿနာဟာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ Equality  ပေါ့ဗျာ။ ပင်လုံအခြေခံနဲ့ ဗမာတစ်ကျပ် ကချင်တစ်ကျပ်၊ ကရင်တစ်ကျပ် ရှမ်း တစ်ကျပ်ဖြစ်မှ ပဲရမယ်။ ကျွန်တော်ပြောတာ Bissically ပြောတာပါ။ အကုန်လုံး ကို Equal Right လို့မဆိုလိုပါဘူး။ အဲဒီကိစ္စကို မဖြေရှင်းနိုင်ဘူး ဆိုရင် ကျွန်တော် တို့ပြည်တွင်း စစ်ကြီးက ကြာဦးမှာပဲ။ ဒေါ်စုတို့လုပ်တဲ့ ဆင်းရဲမှု  လွတ်မြောက်ရေးတို့ ဘာတို့ဆိုတာက တိုင်းပြည် ကြီးပြည်တွင်း   စစ်ဖြစ်နေရင် ဘယ်လိုလုပ်  ပြီးလုပ်ကြမလဲ။ တိုင်းပြည်အတွက် အဓိကက  ပြည်တွင်း ငြိမ်းချမ်းရေးက အဓိကကျတယ်။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် ပြည်တွင်းငြိမ်းချမ်း ရေးရဖို့  လိုတယ်။
                

မေး - အခုပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေနဲ့  ပတ်သက်ပြီးတော့ ဦးဘယ်လိုမြင်သလဲ။ အစိုးရကိုဆန့်ကျင်ပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ အမြင်မျိုး မဟုတ်ဘဲ လက်ရှိ  မြန်မာနိုင်ငံအရေး  ကို ပြည်ပကနေ စောင့်ကြည့်လေ့လာ နေသူတစ်ဦး  အနေနဲ့ သုံးသပ်ပေးပါ။

ဖြေ -  ဒီကနေ့အစိုးရရဲ့ ပြောင်းလဲမှုတွေက  On The Table  တော့ ကြည့်ရတာ  very good ပါပဲ။  ဒါပေမဲ့ Reality  ကိုကြည့်ဖို့လို  ပါတယ်။ အခု ဒီကနေ့ သူတို့ငြိမ်းချမ်း  ရေးအတွက် စာချုပ်ချုပ်  တာတွေ ဘာတွေလုပ်နေကြတယ်။ ဒါဟာ Political Solution ကိုသွားတာပါပဲ။ တကယ့် Political Solution ပါပဲ။  ဒါပေမဲ့ ပြောချင်တာက သူပုန်ထတဲ့ ကိစ္စတွေဟာ အခုမှ ထဖြစ်တာ မဟုတ်ဘူး။ ဒီဟာကို မှန်မှန်ကန်ကန် မရှင်းနိုင်ဘူး  ဆိုရင် ပြည်မနိုင်ငံရေး ဘယ်လောက်ကောင်းနေ ကောင်းနေ ပြည်မမှာ မီဒီယာ လွတ်လပ်ခွင့်တွေ ဘယ်လောက်  ရနေရနေ ပြည်တွင်းစစ်တွေ  ဆက်ဖြစ်နေရင်တော့ ဒီ့ထက်ပိုပြီးထူးလာ   ဖို့မလွယ်ပါဘူး။  တိုက်ပွဲ ကိုချက်ချင်းရပ်  သွားအောင် စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူး။ မြန်မာတပ်က လေးသိန်းကျော်ရှိတယ်။ ကေအိုင်အေက လူတစ်သောင်း ကျော်ပဲရှိတယ်။ ရှိသမျှ စုချလို့   ပြုတ်ချင်  ပြုတ်သွားမယ်။ ဒါပေမဲ့ တစ်ချိန် သူတို့ပြန်ပေါ်လာမယ်။ မုချပဲ။ သူတို့လို Basically Right ကျွန်တော်တို့ တည့်မပေး  နိုင်သမျှဖြစ်မှာပဲ။ ပြောချင်တာက  အကုန်လုံးတော့ တန်းတူ ရည်တူတော့ ပြည်မနဲ့ တူအောင်တော့ မရနိုင်ဘူးပေါ့။ ဒါဟာ အရှည်ကြီး  လုပ်ရမယ့် ကိစ္စဖြစ်တယ်။  အနိမ့်ဆုံးမှာ ပင်လုံ စာချုပ်လိုကိစ္စမျိုး   မလုပ်နိုင်ရင် မလွယ်ဘူး။ အစိုးရအနေနဲ့ တိုင်းရင်းသားတွေ ကို တကယ့်  စစ်မှန်တဲ့   စိတ်ဓာတ်နဲ့လုပ်မှ   ဖြစ်မှာ။ အဲဒီလိုစဉ်းစားပြီး Equality   ပေးမှဖြစ်မှာ။ ယနေ့အစိုးရရဲ့ ပြောင်းလဲမှုက ကောင်းပါတယ်။ မန္တလေးတို့၊ ရန်ကုန်တို့၊ ကမ်းရိုးတန်းဒေသတို့မှာ ဟိုးအရင်တိုင်းမှူး တွေပဲဦးစီးခဲ့တဲ့ နေရာတွေမှာ အခု ဝန်ကြီးချုပ်တွေ ပိုဩဇာရှိလာ တယ်။ ဒီတော့ ဒေသလုပ်ငန်းကို ပိုလုပ်နိုင်တယ်။  ဒါဟာ ကောင်းတဲ့ပြောင်းလဲမှု။  ကျွန်တော်တို့   လက်ခံတယ်။ ကြိုဆိုတယ်။

ဒါပေမဲ့ ပြောချင်တာက သူပုန်ထတဲ့ ကိစ္စတွေဟာ အခုမှ ထဖြစ်တာ မဟုတ်ဘူး။ ဒီဟာကို မှန်မှန်ကန်ကန် မရှင်းနိုင်ဘူး  ဆိုရင် ပြည်မနိုင်ငံရေး ဘယ်လောက်ကောင်းနေ ကောင်းနေ ပြည်မမှာ မီဒီယာ လွတ်လပ်ခွင့်တွေ ဘယ်လောက်  ရနေရနေ ပြည်တွင်းစစ်တွေ  ဆက်ဖြစ်နေရင်တော့ ဒီ့ထက်ပိုပြီးထူးလာ   ဖို့မလွယ်ပါဘူး။  တိုက်ပွဲ ကိုချက်ချင်းရပ်  သွားအောင် စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူး။

မေး - အခုမြန်မာနိုင်ငံ အတွက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး  အနေအထားက အဓိကအရေး   ပါတဲ့အနေအထားမှာ   ရှိနေတဲ့အတွက် တရုတ်-မြန်မာဆက်ဆံရေး ကိုလဲ ဦး သုံးသပ်မိသလောက်   ပြောပြပါဦး။ ကွန်မြူနစ်    ပါတီချင်း ဆက်ဆံရေး ရော၊ အစိုးရချင်း  ဆက်ဆံရေးရော၊ ဒီနှစ်ခု   ဆယ်နွှယ်ပုံ  ရောပေါ့။

ဖြေ -  တရုတ်-မြန်မာဆက်ဆံရေး  ကတော့ ကျွန်တော်သိတဲ့  အပိုင်းက ပြော တာပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်းတို့က လွတ်လပ်ရေး လိုချင်လို့ တရုတ်ပြည် သွားတယ်။ တရုတ်ပြည်  ကွန်မြူနစ်ပါတီနဲ့   ဆက်သွယ်ပြီးသွားတာ။ ဒါပေမဲ့ တကယ် တော့ မတွေ့ခဲ့ဘူးလေ။ ဂျပန်နဲ့ပဲ တွေ့ခဲ့တာ။ တကယ်လို့  တွေ့ခဲ့ရင် တစ်မျိုး တစ်ဖုံပြောင်း  မှာပေါ့၊၊ တရုတ်ပြည်ရဲ့  အားကောင်းတဲ့   ကာလလေ။ လူကြီးတွေ ပြောတာက တရုတ်-မြန်မာဆက်ဆံ ရေးက တရုတ်ပြည် လွတ်လပ်ရေး  ရတဲ့အချိန် မှာ မြန်မာအစိုးရက ချက်ချင်း  ထောက်ခံတယ်  ဆိုတာပါတယ်။ ဦးနုရဲ့ ဒီမိုကရေစီ ကြွယ်ဝမှု၊ တရုတ်ပြည်  အနေနဲ့ကလဲ နိုင်ငံကြီး  တွေအနေနဲ့ကလဲ အသိအမှတ်ပြု တဲ့ကိစ္စပဲ။ မြန်မာပြည်  နဲ့ဆက်ဆံရေးက အမြဲတမ်း  ထည့်စဉ်းစား  တာအဲဒီအချက် ပဲ။ ပထမဦးဆုံး   အသိအမှတ်ပြုတဲ့   အထဲမှာ ဒီနိုင်ငံပါတယ်။ ကျွန်တော့်အမြင်နော် ဘယ်သူ့ကိုမှ ကိုယ်စားပြုပြီးတော့ မပြောဘူး။ မှားချင်လဲမှားမယ်။ ၁၉၄၈-၄၉ လောက်မှာ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေးစပြီး  တဲ့အချိန်မှာ တရုတ် ပြည်က သူ့တို့ပါတီ    ကိုပြောလာတယ်။ ပီကင်းမှာဖွင့်တဲ့ မက်ဝါဒီ    ကျောင်းမှာ ကျွန်တော်တို့အထဲ ခရိုင်ကော်မတီ  အဆင့်၊ တိုင်းအဆင့် လူ ၇၀၊ ၈ဝလောက် ကိုတောင်းတယ်။ သူကတော့ ထရိန်နင်ပေးဖို့ တောင်းတယ်။ ကျွန်တော်တို့ထဲ က တော်တဲ့သူတွေဖြစ်တဲ့ ရဲဘော်အောင်ကြီး   တို့၊ ဗိုလ်ချုပ်ဇေယျတို့ ပါသွားကြ တယ်။ ပါသွားတော့ တရုတ်ပြည်မှာ နှစ်နှစ်ပေါ့။ မက်ဝါဒီကျောင်း  မှာပညာပေးတယ်။ အဲဒီလိုပေးပြီးနောက်ပိုင်း နှစ်နှစ်ကြာ တဲ့အချိန် ၁၉၅၁ မှာ ဦးနုက တရုတ်သွားလည်တဲ့အခါမှာ ဦးနုအစိုးရက တရုတ်ပြည်ကို တောင်းဆိုတာက လူကြီးတွေပြောပြတာက မြန်မာပြည်က သူနဲ့ပါလာတဲ့ သူတွေကို ပြန်မလွှတ်ပါ နဲ့တဲ့။ တရုတ်ပြည်ဘက်က ထောက်ထားရမယ့် ကိစ္စတွေရှိတယ်။ သူတို့ဘက်က လွတ်လပ်ချင်းမှာ မြန်မာဘက်က  ထောက်ခံခဲ့တယ်။ နိုင်ငံတကာမှာ ဘယ် နိုင်ငံမှမထောက်ခံချင်း အစောဆုံး   ထောက်ခံခဲ့တယ်။ ဒါအိမ်နီးနားချင်းကိစ္စ လဲဖြစ်တယ်။ အိမ်နီးနားချင်းဖြစ်တဲ့  အတွက် ပြန်မလွှတ်တော့ဘူး။ မလွှတ် တော့ဘဲနဲ့ အဘိုးကြီးတွေကို ကျောင်းပြီးတဲ့အခါ စစ်စခန်း  ပို့ထားတယ်။

ပါတီချင်း ဆက်ဆံရေး  ကတော့ သိမှာပဲ။ စာအုပ်တွေ  ထဲမှာလဲပါတာပဲ။ တကယ်တမ်း ပြောတာကတော့ ဒီဘက်ကိုပြောတာပေါ့။ ပဲခူးရိုးမနဲ့ဆက်ဆံ ရေးကတော့ မြန်မာ့ခေတ်တို့ရေး  နေတာတွေလဲ အများကြီး    သိနိုင်ပါတယ်။ကျွန်တော် ဒီဘက်ခြမ်းမှာတော့ ၆၂မှာ တစ်သုတ်ပြန်ပို့တယ်။ ဗိုလ်အောင်ကြီးတို့၊ ဗိုလ်ချုပ်ဇေယျ တို့ပြန်ပို့တယ်။ ၈၇  လောက်မှာဆိုရင် ကျွန်တော့်ကို ခေါင်း ဆောင်တစ်ယောက် ပြောဖူးတာက မြောက်ဗီယက်နမ်က  ဟိုက်ဖုန်ကို အမေ ရိကန်လေတပ်က ဗုံးကြဲတာ။ ကျွန်တော်တို့ခေါင်းဆောင်  တစ်ယောက်ပြောတာ က သူတို့ကိုခေါ် ဆွေးနွေးတဲ့အချိန်။ ပြန်လွှတ်ဖို့ခေါ်ဆွေးနွေးတဲ့အချိန်က မြောက်ဗီယက်နမ်ကို အမေရိကန်ဗုံး ကြဲပြီးတဲ့အချိန်ခေါ် ဆွေးနွေးတာ။ အဘိုး ကြီးတို့ကို စစ်ကျောင်းမှာပစ်ထားတယ်။ ဥက္ကဋ္ဌတို့ ဘာတို့လောက်ပဲ ပီကင်းမှာ ထားတယ်။ အဲဒီအချိန်မှာ ဥက္ကဋ္ဌမော်နဲ့ ချောင်လေးက ပြန်ခေါ်တွေ့တာ။ တွေ့ ပြီးတော့ ခင်ဗျားတို့ တော်လှန်ရေးကို  ပြန်လုပ်လို့ပြောတယ်။ ကျွန်တော်တို့လဲ ပြန်ဝင်တယ်။ ကိုးကန့်ဝင်တယ်။ နောက် '၀' ဝင်တယ်။ ဝင်တဲ့အခါမှာ ဖုန်ကြားစု တို့က အစကတည်းက မြန်မာအစိုးရကိုတိုက်နေတာ။ သူတို့ကို တရုတ်ပြည်က စည်းရုံးထားတာ။ ကျွန်တော်တို့လာတော့ ကျွန်တော်တို့အောက်ကို လွှဲပေး လိုက်တယ်။ မင်းတို့ ဖုန်ကြားစုတို့ မြန်မာပြည် ကွန်မြူနစ်ပါတီ  ခေါင်းဆောင်မှု အောက်မှာ လုပ်ကြဆိုပြီး မြန်မာပြည်တော်လှန်ရေး  လုပ်ကြဆိုပြီး ကျွန်တော် တို့ကို လွှဲပေးတာ။ နယ်စပ်မှာ လက်နက်ကိုင် အဖွဲ့တွေအမျိုးမျိုး ဖြစ်နေတဲ့အခြေ အနေမျိုးကနေ ကွန်မြူနစ်ပါတီဝင်လာ  တဲ့အခါကျ တော့ အားလုံးတိုက်ရှင်း  လိုက် တယ်။

တရုတ်ပါတီ  အချင်းချင်းဆက်ပြီး  နောက် တရုတ်အစိုးရက နောက်ပိုင်း သွားတဲ့ အစိုးရ   အဖွဲ့ဆက်ဆံရေးနဲ့ ပါတီဆက်ဆံရေး  သွားကြတာ။ ပါတီဆက်ဆံ ရေးအားကောင်းတာ ယဉ်ကျေးမှု  တော်လှန်ရေးကာလပဲ။ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ ပါတီက ထိပ်ရောက်လာတယ်။ ကျွန်တော်တို့ ၆၇ က စပြီး  တိုက်ခဲ့တာကတော့ တရုတ်ပြည်က တပ်ဆင်မှုပဲ။ လက်နက်ရော လူလဲ ပါတယ်။ အထူးသဖြင့် အဲဒီတဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကို ထောက်ပံ့မှုက တစ်လျှောက်လုံးကောင်းတယ်။ ကောင်းတာက ၇၅လောက် အထိကိုဆိုရင် ဟယ်လီ ကော်ပတာ တောင်းရင်တောင် ပေးမှာပဲ။ တင့်ကားတောင်းရင် တင့်ကား ပေးမှာပဲ။ ၇၆-၇၈ အထူးသဖြင့် တိန့်ရှောင်ဖိန်  တက်လာပြီးတဲ့နောက်မှာ တဖြည်း ဖြည်းနဲ့ ပြောင်းလာတယ်။ ပြောင်းလာပြီးတော့ ဘာလုပ်လဲဆိုရင် အထူးသဖြင့် ပြည်တွင်း  ပြဿနာပေါ့။ ခုနကပြောသလိုပေါ့၊ လီကွမ်ယုနဲ့ ပြောတာတွေပါတယ်။ တဖြည်းဖြည်း နဲ့ပြောင်း  လာပြီးတော့ ကျွန်တော်တို့ကို ဖြတ်တယ်။ ၈ဝပြည့်နှစ် မှာတော့ တရုတ်ပြည်က တပ်ထဲကိုဝင်တဲ့   အားလုံးပြန်ဆွဲထုတ်သွားတယ်။ ပီ အယ်လ်အေက    ပါတဲ့သူအားလုံး ပြန်ထုတ်သွားတယ်။ နောက် တရုတ်ပြည်က သွားတဲ့အုပ်စုကိုလဲ မင်းတို့ပြန်လာရင် ပြန်လာလို့ရပြီ။ အဲဒီတုန်းက တပ်ထဲ မှာ အဓိကက အလယ်အလတ်ကေဒါက ဘယ်သူလဲဆိုရင် မြန်မာပြည်ကယဉ် ကျေးမှုတော်လှန်ရေးကာလမှာ ထွက်ပြေးသွားတဲ့ ကျောင်းသားတွေပဲ။ နံရံတို့၊ ဝကျုံးတို့ မြန်မာပြည်ကလူတွေပေါ့။ အိုဗာဆီး  တရုတ်ကျောင်းသားတွေပါတယ်။ သူတို့က တို့တပ်တွေမှာတို့  ရောက်လာတဲ့ အချိန်မှာ တပ်ရင်းမှူး  လောက်ဖြစ် နေကြပြီ။ သူတို့ကလဲ ၁၉၈ဝလောက်ကျတော့ မြန်မာခေါင်းဆောင်  တွေကို စိတ်ပျက်လာတယ်။ တိုက်သာ  တိုက်နေရတယ် တရုတ်ပေးတာယူပြီး   တိုက်နေရ တယ်။ တရုတ်ပြည်ဘက်က   ကြည့်ရင်လဲ ရင်နာစရာတွေအများကြီးပဲ။ လက် နက်တွေ ထောက်ပံ့တာတွေ အရမ်းကာ   ရောသုံးတာ။

မေး - နောက်ဆုံး ဗကပ  ပါတီပေါ့လေ။ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ။ လက်ရှိမှာ ဘယ်လိုရပ်တည်  နေသလဲ။ လက်ရှိ အန်ကယ်တို့ရဲ့ လက်ရှိနိုင်ငံရေး ဆက်လက်  ဆောင်ရွက်မယ့်  အနေအထား၊ အပြောင်း   အလဲကာလ  မှာရော  ဘယ် လိုမျိုး စိတ်ဝင်စားလဲ။ အဲဒီအပေါ်မှာရော သဘောထား   ဘယ်လိုရှိသလဲ။

ဖြေ - ပြောချင်တာက ကိုယ်က ဗကပ  မဟုတ်တော့ဘူး။ ၈၈ အာဏာသိမ်း တုန်းက ကိုယ်လဲပါတယ်။ ကိုယ့် အစ်မသေနတ်လဲ ကိုယ်ဖြုတ်တာ၊ ဗဟိုကော် မတီသုံးလေး ယောက်သေနတ်လဲ ကိုယ်ဖြုတ်တာ။ အဲဒီတော့ ဗကပပါတီနဲ့ ကိုယ်မ ပတ်သက်တော့ဘူး။ အဲဒီတော့ သူတို့သွားတဲ့  လမ်းကြောင်းလဲ ကိုယ်တော့ မသိဘူး။ သူတို့ယေဘုယျသွား   တဲ့လမ်းကြောင်း   ကတော့ သူတို့နဲ့ မကြာခဏ ထိတွေ့နေရတော့ နည်းနည်းပါးပါး   တော့သိတယ်။  နောက်ဆုံး   ဖြစ်သွားတဲ့ ပြဿနာက သူက နှစ်ချက် ကိစ္စ ပေါ့။တဖြည်းဖြည်းနဲ့ တပ်က စီးပွားရေးတပ် ဖြစ်လာပြီးတော့ ထိန်းရသိမ်းရ  ခက်လာတယ်။ ထိန်းရခက်လာပြီးတော့ တကယ်တမ်းပြောင်း မယ်ပြုမယ်လုပ်မယ့်   အချိန်မှာ ဗဟိုခေါင်းဆောင်    တွေက လုပ်ချင်မှာလုပ်။

ဗဟိုကော်မတီထဲမှာ  တောင် ဘိန်းဘုရင်တွေရှိတယ်။ ဥက္ကဋ္ဌကိုယ်တိုင် ဒီ ကိစ္စမဖြေရှင်းနိုင်ဘူး။  ဥက္ကဋ္ဌ  သုံးယောက်ထဲမှာ ဒုဥက္ကဌ ခင်မောင်ကြီးက သူ့လူ ကိုသူဆွဲထုတ်    ထားတာ။  ထိပ်ဆုံးအုပ်စုမှာ သူတို့က  အပေါ်စီးရတယ်။ သူပြော ချင်တဲ့ဟာဆိုရင် နှစ်မဲဖြစ်နေပြီ။ ကျန်တဲ့သူက တစ်မဲပဲရတယ်။ အဲဒီလိုပေါ့ဗျာ။  တကယ့်ကို နန်းဒီမိုကရက်တစ် ဖြစ်တဲ့ ခေါင်းဆောင်မှုဗျ။ အောက်က လူမျိုးစု တွေဖြစ်တယ်။ တပ်ကလဲ   အဲဒီလိုဖရိုဖရဲဖြစ်တယ်။ ကိုယ်တို့လဲ ကြိုမြင်တယ်။ တပ်က တော်တော့်ကို  တိုက်ရည်ခိုက်ရည်လဲ  ကျလာတယ်။ စီးပွားရေးပဲ အောက် ကို ဘိန်းသွား   ရောင်းဖို့     လောက်ပဲ စစ်တိုက်ဖို့မစဉ်းစားတော့ဘူး။   တိုက်ပွဲကလဲ ကြာလာပြီ ၁၅ နှစ်၊ ၁၆ နှစ်ရှိပြီ။  '၀'တောင်တန်းဒေသ  မှာလဲ ခြေပြတ်လက် ပြတ်တွေကလဲ အများကြီးဖြစ်လာပြီ။ မြို့ပေါ်မှာ ခြေပြတ်  လက်ပြတ်က ဘာမှ မဖြစ်ဘူး။ တောင်တန်းဒေသမှာ ခြေပြတ်လက်ပြတ်က လုပ်စားရ  ခက်လာပြီ။ ရေထမ်းတာက    အစ ဘယ်လိုသွားထမ်းမလဲ။ အဲဒီပြဿနာတွေကို ဗကပက ပိုင်ပိုင်နိုင်နိုင်   မဖြေရှင်းနိုင်ဘူး။ ဒါက လူမျိုးစုလဲ ဖြစ်တော့ အထူးသဖြင့် ကိုယ်တို့ လွယ်လန်း  ကိုသွားတိုက်တဲ့ အခါ မှာ '၀'အဖွဲ့ ဒဗလျူအန်အေက အမေရိကန် နဲ့ပေါင်းနေရာကနေ မျက်စိပွင့်လာတယ်။  ပွင့်တော့ သူတို့က ဘာလုပ်လဲဆို တော့ သွေးနည်းနည်း ထိုးတာပေါ့။ ဗကပခေါင်းဆောင်  တွေက ဘာလုပ်ဖြစ် တယ် ညာဖြစ်တယ်။ အဲဒီမှာ အပြောင်းအလဲတွေ    ဖြစ်ပြီးတော့ ပြောင်းလာတယ်။ ကိုးကန့်ဖြစ်ပြီးတဲ့ နောက်မှာ တစ်ခုပြီး တစ်ခုလိုက်လာတယ်။ အဲဒီနောက်မှာ  ဗိုလ်ချုပ်ခင်ညွန့်တို့  ထောက်လှမ်းရေးအဖွဲ့ရဲ့ ကျွမ်းကျွမ်းကျင်ကျင်  နဲ့ကစားတတ် မှုလဲပါတယ်။ ကိုယ့်အတွင်းပိုင်း ကိစ္စက အဓိကဖြစ်ပေမယ့် ဗိုလ်ချုပ်ခင်ညွန့် မဟုတ်ဘူး တခြား  လူတစ်ယောက်။ ထောက်လှမ်းရေး   သာမရှိရင်တော့ ဒီပွဲ ကဖြစ်မလာဘူး။ သူတို့ရဲ့မာစတာဘရိန်း  ကြောင့် ဒီလိုယာယီငြိမ်းချမ်းရေး  လုပ်ပြီး တော့ လက်နက်ကိုင်အဖွဲ့  တွေပေါ်လာတာ။  အဲဒီလိုပေါ်လာပြီး    နောက်တွင် ဗကပကို တရုတ်ပြည်က လက်ခံဖို့ခက်တယ်။

အခုလက်ရှိ အခြေအနေတော့ ကျွန်တော် သိပ်လဲမသိဘူးခင်ဗျ။  အဓိက ကိုအောင်ထက် လုပ်နေတာ။ သူတို့အထဲမှာ ဘယ်သူကျန်သလဲ ဆိုလို့ရှိရင် ဗိုလ် ကျင်ကောင်း(ခ)ရဲဘော်ထွန်းခင်  ကျန်တယ်။ ဗိုလ်ကျင်ကောင်းတို့ရဲ့ ဗမာပြည် ဝက်ဘ်ဆိုက်  မှာတော့   တင်တယ်။   ပွင့်ပွင့်လင်းလင်းပြောရ ရင် နိုင်ငံရေး အရပဲ လှုပ်ရှားနိုင်တဲ့အားရှိတယ်။ တပ်မရှိတော့ဘူး။ တပ်မရှိဘူး ဆိုတာ အများကြီး ဆိုင်တယ်။ ဝတပတို့၊ ကိုးကန့်တို့ဆိုတာ သူတို့လူဟောင်းတွေပဲ။ သူတို့ဘာမှ မဆက်ဆံတော့ဘူး။ ကိုယ်ကြားတာ  က ကိုယ်  တစ်ယောက်ပဲ   ရှိတော့တယ်။

ကိုယ်က အာဏာသိမ်း  ဖို့မှာပါခဲ့တဲ့သူဖြစ်တယ်။ ကိုယ်နဲ့အတူတူ တပ်ထဲမှာ အတူတူနေခဲ့တဲ့   အထဲမှာ အခု ကိုးကန့်က ပိုင်စိုးချိန်    ဆိုရင် တစ်တပ်တည်း   နေခဲ့ တဲ့သူပဲ။ သူတို့က ကွန်မြူနစ်ပါတီလို့ သဘောမထား  တော့ဘူး။ ဆိုရှယ်လစ် ဒီမိုကရက်ပါတီလို့ သဘောထားပြီးတော့ တိုင်းပြည်ရဲ့ နိုင်ငံတကာ အပြောင်းအလဲ ကိုလိုက်ပြီးတော့ ကွန်မြူနစ်ပါတီရဲ့အနေအထား တွေကို မလျှော့နိုင်ဘူး လား။ တရုတ်  ကွန်မြူနစ်ပါတီ က ခေတ်စနစ်နဲ့ညီအောင် လုပ်နေတယ်။

တရုတ်ပြည်က ကျွန်တော် ၈၆ မှာ တပ်မဟာအဆင့်ကေဒါတွေကို တရုတ် ပြည်ကို လှည့်လည် ကြည့်ရှုခွင့်ပေးတယ်။ တစ်နှစ်ကို နှစ်ခေါက်လောက်လုပ် ပေးတယ်။ တပ်ရင်း  ကေဒါတွေအဆင့်ကိုပေးတယ်။ ကျွန်တော်သွားတဲ့အခါမှာ တရုတ်ပြည်နိုင်ငံခြား ရေးဝန်ကြီးဌာနက ကျွန်တော်နဲ့ ကိုးကန့်ခေါင်းဆောင်  တစ် ယောက်ကျန်တယ်။ သူတို့ဆွေးနွေးတဲ့   အထဲမှာပါတယ်။ သူတို့က ဒီလိုတိုက် ခိုက်နေတာကို မလိုလားတော့ဘူး  လို့ ကျွန်တော်တို့ကိုစပြောတယ် ။  တရုတ်က ကျွန်တော့်အဖေကိုလဲ လာခေါ်တယ်။ အဘိုးကြီး အသက်ကြီး ခွေးမင်မှာ နားပါတော့။  ကျွန်တော့်အဖေက တခြား ကွန်မြူနစ် တွေနဲ့မတူဘူး။ ကျွန်တော့်အဖေ က တရုတ်ပြည်ကို တိုက်ခဲ့တာ။ တရုတ်ပြည်ရဲ့ အားကောင်း ချက်က တစ်ခုရှိ တယ်။ သူတို့အသိအမှတ် ပြုထားတ   ကောင်းမှုကို သူတို့ဘယ်တော့  မှမမေ့ဘူး။ အဖေကို ထားတယ် ဆိုတာကလဲ ကွန်မြူနစ်ပါတီ  အနေနဲ့ထား    တာမဟုတ်ဘူး။     အဓိက ကူမင်တန်ကို နယ်စပ်က       နေတိုက်  ထုတ်ခဲ့တဲ့ မြန်မာတပ်မှူး    တစ်ယောက် ကို ဂုဏ်ပြုတဲ့     အနေနဲ့ထားတာ။ အဖေက   သာမန်    ဗဟိုကော်မတီဝင်ပဲ။ ဒါပေမဲ့ သူ့ကိုထားတဲ့အ ဆင့် က ဒုဥက္ကဋ္ဌ   အဆင့်မျိုးထားတာ။

အခု ထိုင်းမှာဖြစ်သလို ဗကပဒုတိယ  မျိုးဆက်လို့ပြောလို့ရတယ်။ ဘာလုပ် စားနေလဲ  ဆိုတော့ သူတို့က အင်န်ဂျီအိုတွေက ပေးတဲ့ဟာတွေ ကို တစ်သက်လုံး စားမကုန်  တော့ဘူးလို့ထင်ပြီး ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေကြတယ်။ကိုယ်တို့ ထွက်လာတော့ ၉၂မှာ  ကိုယ်ဘွဲ့ရ တစ်ယောက်ဖြစ်တယ်။ ဗိုလ်ချုပ်သားတစ် ယောက်ဖြစ်တယ်။ စားပွဲထိုး ငါးနှစ်လုပ်ရတယ်။ တစ်လ ၁၀၀။ လက်အသား မာတွေ အခုအထိရှိ   သေးတယ်။ အခုဆိုင်ပိတ်တာ သုံးလပဲရှိသေးတယ်။ ၉ရ ကျမှပဲ ကိုယ့်ဘာသာဆိုင်ဖွင့်တာ။ အဲဒီတော့ အဖေရဲ့ အရှိန်လဲပါတယ်။ ကိုယ် ကလဲ ရပ်ကွက်ထဲမှာ လူငယ်တွေနဲ့ နေတတ်ပြုတတ်   ဆိုတော့ လက်ဖက်ရည် အဲဒီလိုမျိုး  လိုတယ်လေ။ အဲဒါနဲ့ ကိုယ့်ဟာနဲ့ကိုယ်  အောင်မြင်ပြီး လူနဲ့သူနဲ့ဖြစ် လာတာ။ ထိုင်းမှာရှိတဲ့အုပ်တွေက တစ်သက်လုံးစားမကုန်တဲ့ ပိုက်ဆံလို့ထင်ပြီး ဘာမှမလုပ်ဘဲ   ထိုင်စားနေတယ်။
 

ဆက်လက်ဖော်ပြပါမည်