ပြည်ပဧည့်သည်များ တည်း ခိုမှုအဆင်ပြေစေရန်အတွက် ဟိုတယ်စီမံကိန်းများအား တိုင်းနှင့် ပြည်နယ် ၈ခုတွင်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများ အား ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသ အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသအတွင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊မြိတ်၊ ကော့သောင်းဒေသ၊ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်၊ ချောင်းသာဒေသ၊ ရှမ်းပြည်နယ် (အရှေ့) ကျိုင်းတုံ၊ တာချီလိတ်ဒေ သ၊ရှမ်းပြည်နယ်(တောင်) တောင် ကြီး၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ် (မြောက်)မူဆယ်ဒေသ၊ မွန်ပြည် နယ်၊ကျိုက်ထီးရိုး၊ မော်လမြိုင်ဒေသ၊ ကရင်ပြည်နယ်ဘားအံ၊မြဝတီဒေသ၊ ရခိုင်ပြည်နယ်၊ငပလီ၊ မြောက်ဦး ဒေသများတွင် ဟိုတယ်စီမံကိန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၊ ဟိုတယ် နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ် များတွင် ဖော်ပြချက် များအရ သိရသည်။
ပြည်ပနိုင်ငံများမှဧည့်သည်များ တည်းခိုမှုအဆင်ပြေစေရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အ လမ်းများရရှိ၍ ကျေးလက်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစသည့် လုပ်ငန်းများ အတွက် အကျိုးပြုစေ ရန်မြန်မာနိုင်ငံအတွင်း တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် ဟိုတယ်စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။
အပြည်ပြည် ဆိုင်ရာ လေဆိပ် များတွင် ပြည်ပဧည့်သည်များ အတွက် သတင်းနှင့်ပြန်ကြားရေး ကောင်တာများ ဖွင့်လှစ်ခြင်းများကို လည်းဆောင်ရွက် သွားမည်ဖြစ်ပြီး ရည်မှန်းချက်အဖြစ် ပဉ္စမငါးနှစ်စီမံ ကိန်းအား စတင် ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ သို့ ၂၀၁၅-၂၀၁၆ ခုနှစ် စီမံကိန်း ကာလကုန်ဆုံးချိန် တွင် က္ဘာ့လှည့်ခရီးသည် ၁.၄ သန်း ဝင်ရောက်ရန် အတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
- ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး
- နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
- ကျပ်နှစ်သိန်းတန်ဂျီအက်(စ်) အမ်ဖုန်းများကိုရန်ကုန်မြို့နယ် ၆ မြို့နယ်တွင် မေ ၁၈ စရောင်းမည်
- Dr Mrs Marilyn Waring က ကုန်သည်စက်မှုအသင်းချုပ်အတွက် မေ ၁၉ တွင်ဟောပြောပွဲကျင်းပမည်
- ရန်ကုန်မြို့တော် ရေးပေးဝေရေးစနစ် ဂျပန်မစ်ဆူဘီရှီ အကူညီဖြင့်ဆောင်ရွက်မည်

