ခရိုင်ကော်မရှင်မှပ လပ်လိုက်သည့်ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် တွင်ဝင်ရောက်ယှဉ်ပြိုင် မည့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီမှဒေါ်စန္ဒာမြင့်က တိုင်းဒေသကြီးကော်မရှင်သို့ ဖေဖော်ဝါရီ(၁၇)ရက်နေ့ကအယူ ခံတင်ထား ပြီးဖြစ်ကြောင်း သိရ သည်။
အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စား လှယ်လောင်းအရည်အချင်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဧပြီ(၁)ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်သောကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကြေငြာရာတွင် မပါခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖေဖော်ဝါရီ (၁၇)ရက်နေ့ညနေတွင် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ အယူခံတင်ခဲ့ကြောင်း သိရသည်။ အဆို ပါအယူခံတွင် ၎င်း၏မိခင် မှာနိုင်ငံသား စိစစ်ရေး ကဒ်ပြားလုပ်ဆောင် သည့်အခါ တွင် အမျိုးသား မှတ်ပုံတင်နံပါတ် ပြောဆိုရာနှင့် ဖခင်အရင်းအမည် ဖြစ်သော ဦးစိတ်သာအာမတ် အမည်ဖြင့် ပြောဆိုလုပ်ဆောင်ခဲ့ပြီး၊ အမျိုးသား မှတ်ပုံတင်လုပ်ဆောင် သည့်အခါတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြား ပြုလုပ်သည့် အခါတွင် ဖခင် အရင်း ကွယ်လွန် သွားခဲ့သည့် အတွက် ပထွေးဖခင်ဦးကော်ဘီအာမတ် အမည်ဖြင့် လုပ်ဆောင်ခဲ့ သဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ပြား နှင့်အမျိုးသားမှတ်ပုံတင်တို့တွင်အ မျိုးသားမှတ်ပုံတင်နံပါတ်နောက်ဆုံး နံပါတ်ကွဲပြား နေခြင်း နှင့် ဖခင်၏ အမည်များ ကွဲပြားနေခြင်းကြောင့် ဖြစ်ကြောင်းအယူခံတင်ခဲ့ ကြောင်း သိရသည်။
''ကိုယ်စားလှယ် လောင်း အမည်စာရင်းမှာမပါဘူး။ဘာလို့လဲဆိုတော့ ဒေါ်စန္ဒာမြင့် ရဲ့ အမေဒေါ်ဘုတ်ဆုံရဲ့မှတ်ပုံတင်နဲ့ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမှာပါ တဲ့ဖခင်ရဲ့အမည်တွေ မတူတာရယ်၊ နောက်ပြီးနိုင်ငံသား စိစစ်ရေး ကဒ်နဲ့နိုင်ငံသား စိစစ်ရေးကဒ် နောက်ဆုံးနံပါတ်က ကွဲလွဲနေတာ ကြောင့်လို့ ပြောပါတယ်။ ဒေါ်စန္ဒာမြင့်ကလည်း တိုင်းကော်မရှင်ကို သောကြာနေ့မှာ အယူခံတင်မယ်'' ဟုတိုင်း ရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီမှတိုင်း ဒေသကြီး လွှတ်တော် ကိုယ် စားလှယ်ဦးဝင်းထိန်ကဆိုသည်။
အဆိုပါရန်ကုန်တိုင်း ဒေသကြီးကော်မရှင်အဖွဲ့ခွဲသို့ အယူခံတင်သည့် ဒေါ်စန္ဒာမြင့်မှာ ပြီးခဲ့သည့်၂၀၁ဝပြည့်နှစ်ပါတီစုံ အထွေ ထွေ ရွေးကောက်ပွဲတွင်လည်း လမ်းမတော်မြို့နယ် မဲဆန္ဒနယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။
ဒေါ်စန္ဒာမြင့်ကအယူခံလွှာ ကိုသောကြာနေ့က တင်လာပါတယ်။အဲ့ဒါကိုစိစစ်နေပါတယ်။မနက် ဖြန်ကြရင်သူ့ကေစ့်ကိုပထမအကြိမ် အနေနဲ့စိစစ်မယ်။ သူ့ကို လည်း ဖိတ်ထားပါတယ်။(၂၃)ရက်နေ့ကြ ရင်တော့ ဆုံးဖြတ် ချက်ချမယ်''' ဟု ရန်ကုန်တိုင်း ဒေသကြီးကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူ ကဆိုသည်။ ' ပြီးခဲ့တဲ့တစ်ခေါက် တုန်းကတော့ သူ့အစ်ကိုနှစ်ယောက် လည်းဝင်ပြိုင်ခဲ့တယ်။သူတို့လည်း အပယ်ခံရတယ်။ ဒေါ်စန္ဒာမြင့်က တော့ရွေး ကောက်ပွဲ ဝင်ခဲ့တယ်။ အနိုင်မရခဲ့ဘူး။ အခုဒေါ်စန္ဒာမြင့် ကိုနှစ်ဦးကဘာကြောင့် သူတို့ အမေဒေါ်ဘုတ်ဆုံရဲ့ နိုင်ငံသားစိစစ် ရေးကဒ်ပြားမှာ အမျိုးသားမှတ်ပုံ တင် အမှတ်ဖော်ပြတဲ့အခါ မှာ ဃဲ-၀၃၂၀၉၃ လို့ဖော်ပြထား တာမှန်ကန်မှု မရှိဘူး ဆိုပြီးပယ်ခဲ့ တယ်။ ဒါကြောင့်မို့ ဒေါ်စန္ဒမြင့်ရဲ့ အစ်ကိုတွေကအပယ်ခံခဲ့ရတယ်။ သူတို့ကမိခင်မှတ်ပုံတင်နံပါတ် နဲ့ ပတ်သက်ပြီး အပယ်ခံခဲ့ရတာ ကြောင့် ဒေါ်စန္ဒမြင့် ကိုပြန်စိစစ် တယ်''ဟုအဆိုပါဒေါ်စန္ဒာမြင့်အယူခံစာကို ရေးသားပေးရ သော တိုင်းရင်းသား စည်းလုံးညီညွှတ် ရေးပါတီမှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စား လှယ်ဦးဝင်းထိန်က ဆိုသည်။
အဆိုပါကိုယ်စား လှယ်လောင်းအမည်လျှောက်ထားခဲ့သူဒေါ်စန္ဒာမြင့်သည်အသက် (၃၆)နှစ်ထိ ဗိုလ်တစ်ထောင်မြို့ နယ်တွင် အဆက်မပျက် နေထိုင်ခဲ့ ကြောင်း၊ သူမနေထိုင်ရာမဲဆန္ဒနယ် မဲစာရင်းတွင်လည်းပါရှိကြောင်း၊ဖ ခင်ဦးလှသန်းနှင့် မိခင်ဒေါ်ဘုတ်ဆုံ မှာလည်းနိုင်ငံသား စိစစ်ရေးကဒ် ပြား ကိုင်ဆောင်ထား သူဖြစ်ကြောင်း၊ မိခင်၏မှတ်ပုံတင်ကိုစိစစ်သည့်အခါ တွင်မှတ်ပုံတင်မှာဃဲ-၀၃၂၀၉၃ နှင့်ဃဲ-၀၃၂၀၉၈ ဆိုပြီး နောက် ဆုံးဂဏန်း(၃)နှင့်(၈)လွဲနေခြင်း နှင့်မိခင်ဒေါ်ဘုတ်ဆုံ၏ မှတ်ပုံတင် ကဒ်ပြားနှင့် အမျိုးသားစိစစ်ရေးကဒ်ပြားများတွင် ဖခင်၏ အမည်များမှာ -ဦးကော်ဘီအာမတ် နှင့်ဦးစိတ်သာအာမတ် ဆိုပြီးကွဲပြားနေကြောင်း စသည့် အချက်များကြောင့် မင်္ဂလာတောင်ညွှန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ်လျှောက်ထားခဲ့သည့် ဒေါ်စန္ဒာမြင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပလပ်ခံ ခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် မြန်မာအ မျိုးသားကွန်ဂရက်ပါတီမှ ဦး ကောင်းမြင့်ထွဋ်၊ အမျိုးသားဒီမိုကရေစီပါတီသစ် မှဦးဖုန်းမြင့်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ဖြူဖြူသင်း၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဒေါ်လဲ့လဲ့အေး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေတို့ဖြစ်ကြောင်းသိရသည်။ (တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါတီမှ ဒေါ်စန္ဒာမြင့် သည် ကိုယ်စားလှယ်လောင်း အမည်စာရင်း တွင်မပါရှိပေ။)
- ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး
- နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
- ကျပ်နှစ်သိန်းတန်ဂျီအက်(စ်) အမ်ဖုန်းများကိုရန်ကုန်မြို့နယ် ၆ မြို့နယ်တွင် မေ ၁၈ စရောင်းမည်
- Dr Mrs Marilyn Waring က ကုန်သည်စက်မှုအသင်းချုပ်အတွက် မေ ၁၉ တွင်ဟောပြောပွဲကျင်းပမည်
- ရန်ကုန်မြို့တော် ရေးပေးဝေရေးစနစ် ဂျပန်မစ်ဆူဘီရှီ အကူညီဖြင့်ဆောင်ရွက်မည်

