မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်းကောက်ခံရန်အတွက် ကျပ်ဘီလီယံ ၃ဒသမ ၆ သုံးစွဲ သွားမည်ဖြစ်ကြောင်း၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့့် မူဝါဒ၊ ရည်မှန်းချက် လုပ်ငန်းစဉ်များ ဥပဒေမူကြမ်းတွငဖော်ပြချက်များ အရ သိရသည်။
နှစ်ပေါင်း ၃၀ ကျော်ကောက်ခံ ခြင်းမပြုခဲ့သည့် မြန်မာ နိုင်ငံ၏ လူဦးရေစာရင်းအား ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရန်အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၊ ဗဟိုသန်းကောင်စာရင်းကော်မတီအား ဖွဲ့စည်းခဲ့ပြီးဖြစ်ပြီး လုပ်ငန်းစဉ် တစ်လုံးအတွက် ဘဏ္ဍာရေးကုန် ကျစရိတ်ခန့်မှန်း တွက်ချက်ခြင်းများ ကိုဆောင်ရွက်ခဲ့ရာ ကုန်ကျစရိတ် စုစုပေါင်း ကျပ်သန်း ထောင်ပေါင်း ၃ဒသမ၆ ကုန်ကျမည်ဖြစ်ကြောင်း ယင်းမူဝါဒ၊ရည်မှန်းချက်၊ လုပ်ငန်း စဉ်များတွင် ဖော်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံပြည်လုံးကျွတ် သန်းခေါင်စာရင်းအား ကောက်ခံ ရာတွင်မူဝါဒနှစ်ခုဖြင့် ကောက်ခံသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနပြည် ထောင်စုဝန်ကြီးဦးခင်ရီက မီဒီယာများနှင့်တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အဆိုပါပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုများ အားို ၂၀၁၄ဧပြီတစ်ရက်မှရရက်ထိ ကောက် ယူသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာ တွင်နေမြဲအရပ်နှင့် ကောက်ခြင်း၊ ပျံကျတွေ့သည့်နေရာတွင် ကောက် ခံခြင်း နှစ်မျိုး ဖြင့်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက ယင်းတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် အဆင့် လေးဆင့်နှင့် ၂၀၁၁မှစတင် ကာ လုပ်ငန်းကြိုတင်ပြင်ဆင်ကာလ အဖြစ်စတင်ခဲ့ပြီး လေးနှစ်စီမံချက် ချမှတ်ကာ ပြည်သူများအားလည်း သန်း ခေါင် စာရင်း ကောက် ယူနိုင်ရန် မေးခွန်းများ မေးမြန်းသွားမည်ဖြစ် ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်လူဦးရေ သန်းခေါင်စာရင်းနောက်ဆုံး ကောက်ခံမှု များအဖြစ်၁၉၇၃ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ် တစ်ကြိမ် နောက်ဆုံး ကောက်ခံခဲ့ပြီး ယခုနှစ်အထိ ဆက်လက် ကောက်ခံခြင်း မရှိသဖြင့် နှစ်ပေါင်း ၃၀ ခန့်ရှိခဲ့ပြီဖြစ်သည်။
''၂၀၁၄မှကောက်မှာဆို ပေမယ့် ပြင်ဆင်မှုက အခုကတည်း က စနေပါပြီ။ လုပ်ငန်းတွေက အများကြီးပဲ လူဦးရေစာရင်းတွေ၊ အိမ်ခြေစာရင်းတွေယူရမယ်။ အကွက်တွေဖော်ရမယ်။ သင်တန်း တွေပေး ရမယ် ။ ပြည် တွင်းအစိုးရ ရောနိုင်ငံတကာနဲ့ရော အများ ကြီးလုပ်ရမယ်။ ယူအင်န် အက်ဖ်ပီ အေအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများစွာတွေနဲ့ လုပ်မှာဖြစ် ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ဘားအံမြို့တွင် ပြည်တွင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
လူဦးရေတိုးပွားမှုနှုန်း ထားကို ၁၉၉၈ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ တစ်နှစ် လျှင်၂.၀၂ ရာခိုင် နှုန်းဖြင့်တွက်ချက်ခဲ့သော် လည်း လက်ရှိနိုင်ငံ့လူဦးရေမှာ၆၀.၃၈ သန်းဖြစ်သည့်အတွက် အမှန် တကယ်လူဦး ရေတိုးနှုန်းသည် ယခုအခါယင်းပမာဏ ထက်လျော့ နည်းနေဖွယ်ရှိနေပြီး တစ်နှစ်လျှင် ၁.၀၁ရာခိုင်နှုန်းဝန်းကျင်သာ ဖြစ်နိုင်ကြောင်းလူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှထုတ်ပြန်သောကိန်းဂဏန်း များအရသိရသည်။
၂၀၁၄ခုနှစ် ပြည်လုံး ကျွတ်သန်းခေါင်စာရင်းမှ ကောက်ခံ ရသည့် လူဦးရေစာရင်း အား၂၀၁၅ ဖေဖော်ဝါရီ၂၈တွင် ထုတ်ပြန်သွား မည်ဖြစ် ကြောင်းသိရ သည်။
- ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး
- နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
- ကျပ်နှစ်သိန်းတန်ဂျီအက်(စ်) အမ်ဖုန်းများကိုရန်ကုန်မြို့နယ် ၆ မြို့နယ်တွင် မေ ၁၈ စရောင်းမည်
- Dr Mrs Marilyn Waring က ကုန်သည်စက်မှုအသင်းချုပ်အတွက် မေ ၁၉ တွင်ဟောပြောပွဲကျင်းပမည်
- ရန်ကုန်မြို့တော် ရေးပေးဝေရေးစနစ် ဂျပန်မစ်ဆူဘီရှီ အကူညီဖြင့်ဆောင်ရွက်မည်

