ယုံကြည်ချက်ကြောင့်အကျဉ်း ကျခံခဲ့ရသည့် တက္ကသိုလ်ကျောင်းသား များကိုကျောင်းပြန်တက်ခွင့်ရရှိရေး ကိုအထူးဦးစားပေး လုပ်ဆောင် သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် အကျဉ်း ကျခဲ့ရသည့်၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများနှင့် တွေ့ဆုံစဉ်ပြောကြား လိုက်သည်။
ကျောင်းပြန် တက်ခွင့်ရမှ သာကျောင်းသားထုကိုအခြေတည်၍ ဖွဲ့စည်းမည် ဖြစ်သည့်ကျောင်းသား အဖွဲ့အစည်းများ ပေါ်ပေါက်ရေးကို တွန်း အားပေး လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်တိုက်တွန်း ခဲ့သည်ဟု၂၀၀ရမျိုးဆက်သစ်ကျောင်း သား သမဂ္ဂ မှ ကိုဒီငြိမ်းလင်းကပြော သည်။
''အန်တီအဓိက ပြောတာကကျွန် တော်တို့ကိုကျောင်းပြန်တက်အောင် လုပ်ဖို့ပြောတယ်။ ကျောင်းသား အဖွဲ့အစည်းတွေ ပေါ်လာဖို့အခက်အခဲ ဖြစ်စေတဲ့ဥပဒေတွေကို ပယ်ဖျက်ဖို့ လုပ်ကြဖို့ ပြောတယ်'' ဟု ယင်းက ဆက် လက် ပြောကြားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံရာခဲ့သည့် အကျဉ်းကျကျောင်းသား များမှာ ကိုဒီငြိမ်းလင်း၊ ကိုရဲမာန်ဟိန်း၊ ကိုရဲမင်းဦး၊ကိုစည်သူမောင်၊မနိုနို အောင်နှင့် အခြား ကျောင်းသားဟောင်း များပါဝင်ကြောင်း သိရသည်။
ပြစ်ဒဏ်ကျခံခဲ့ရသည့် ကျောင်းသား များအနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဖွဲ့စည်းရေး အတွက်ကော်မတီ တစ်ရပ်ကိုဖွဲ့ စည်းပြီး လုပ်ဆောင် နေသည်။ ''အန်တီက ကျွန်တော်တို့ဟာပြစ် ဒဏ် တစ်ခုကို ခံစားပြီးသွားပြီဒါကြောင့် ကျောင်းပြန်တက် ခွင့်ကိုပေးရမယ်။ ကျောင်းပြန်တက်ခွင့်မရဘူး ဆိုရင်ပြစ်ဒဏ်ကို နှစ်ကြိမ်ခံစားရတာ ပဲလို့ပြောတယ်'' ဟုကိုရဲမင်းဦးကဒေါ် အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရာ တွင်ဆွေးနွေး ခဲ့သည့် အကြောင်း အရာ များကို ဆိုသည်။
၁၉၉ဝခုနှစ်တွင်ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် သည်အခြေအနေများ ကြောင့်ခေတ္တ ပျောက်ကွယ်ခဲ့ရပြီး၊၂၀၀ရခုနှစ်တွင် ၂၀၀ရမျိုးဆက် ကျောင်းသားများ သမဂ္ဂဟူ၍ပြန်လည် ပေါ်ထွက်လာခဲ့ သည်။
ယခုအခါပွင့်လင်းလာသည့်အခြေ အနေများကြောင့်ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားများသမဂ္ဂပြန်လည် ဖွဲ့စည်းနိုင်ရန် အလုပ် အမှုဆောင်၁၂ ဦး ပါဝင်သည့်ကော်မတီ တစ်ရပ်ကိုဖွဲ့ စည်းထားပြီး၊ နယ်အနှံ့နှံ့သို့စည်းရုံးရေး ခရီးထွက်ခွာ လျှက်ရှိ ကြောင်း သိရသည်။

